ယူနိုက်တက်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲအတွက် ဒိုင်လူကြီးချထားမှုကြောင့် စိုးရိမ်နေကြတဲ့ နယူးကာဆယ်ပရိသတ်များ

နယူးကာဆယ်ပရိသတ်များဟာယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမဲ့ခါရာဘောင်ဖလားဗိုလ်လုပွဲအတွက်ဒိုင်လူကြီးကြေညာမှုပြုလုပ်လာပြီးနောက် အကြီးအကျယ်စိုးရိမ်နေကြပြီဖြစ်ပါတယ်။

နယူးကာဆယ်ဟာ၁၉၅၅ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားဆွတ်ခူးရေးအခွင့်အရေးအဖြစ်ဖေဖော်ဝါရီလ၂၆ရက်နေ့တွင်မန်ချက်စတာယူနိုက်တက်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။

ဒါပေမဲ့နယူးကာဆယ်ပရိသတ်များဟာခါရာဘောင်ဖလားဗိုလ်လုပွဲအားကြီးကြပ်ရန် PGMOL ကဒေးဗစ်‌ကိုတီကိုခန့်အပ်လိုက်မှုအပေါ်စိတ်ပျက်နေကြပါတယ်။

ကိုတီအားခန့်အပ်လိုက်ပြီးနောက် နယူးကာဆယ်ပရိသတ်တစ်ဦးက “ဟာသလား။ဒေးဗစ်ကိုတီကယူနိုက်တက်ပရိသတ်လေ”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ပြီးခဲ့တဲ့ရာသီတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ပွဲကိုကြီးကြပ်ခဲ့တဲ့တစ်ယောက်မဟုတ်လား။သူ့ကိုမှကြီးကြပ်ဖို့ရွေးလိုက်သတဲ့လား”လို့ဆိုသွားပါတယ်။

ကိုတီဟာယူနိုက်တက်ပရိသတ်တစ်ဦးအဖြစ်နာမည်ကြီးပေမဲ့လည်းသူ့ဘက်ကတော့လူသိရှင်ကြားပြောကြားထားတာမရှိပါဘူး။

ယခင်တုန်းကဒိုင်လူကြီးမိုက်ကယ်အိုလီဗီယာဟာနယူးကာဆယ်ပရိသတ်ဖြစ်ကြောင်းဖွင့်ဟလာပြီးနောက် နယူးကာဆယ်ပွဲကြီးကြပ်ခွင့်ပိတ်ပင်ခံရပြီးနောက် မည်သည့်ဒိုင်လူကြီးမျှသူတို့အားပေးတဲ့အသင်းကိုမဖွင့်ဟလာခဲ့ကြပါဘူး။

ဒေးဗစ်ကိုတီနောက်ဆုံးကိုင်တွယ်ခဲ့တဲ့နယူးကာဆယ်ပွဲကပြီးခဲ့တဲ့နှစ်မတ်လတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲဖြစ်ပါတယ်။ယင်းပွဲတွင်ကိုတီဟာတံတောင်ဖြင့်လူချကစားတဲ့ကိုင်ဟာဗတ်ဇ်ကိုမထုတ်ပယ်မှုအတွက်ဝေဖန်မှုကြုံခဲ့ရပါတယ်။

သူကိုင်တွယ်တဲ့ပွဲတွင်နယူးကာဆယ်အသင်း အနိုင်ရာခိုင်နှုန်း၃၆.၄ရာခိုင်နှုန်းသာရှိပြီးသူကိုင်တွယ်တဲ့ပွဲများတွင်ယူနိုက်တက်ဟာ၇၅ရာခိုင်နှုန်းအထိနိုင်ပွဲရထားပါတယ်။

သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၁၆ပွဲကြီးကြပ်ထားရာမှာဖူလ်ဟမ်ကို၂-၁ဖြင့်ချဲလ်ဆီးရှုံးနိမ့်တဲ့ပွဲတွင်ဂျာအိုဖီးလစ်တစ်ဦးတည်းကိုသာအနီကတ်ပြထားပါတယ်။

ZawGyi

ယူႏိုက္တက္ႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲအတြက္ ဒိုင္လူႀကီးခ်ထားမႈေၾကာင့္ စိုးရိမ္ေနၾကတဲ့ နယူးကာဆယ္ပရိသတ္မ်ား

နယူးကာဆယ္ပရိသတ္မ်ားဟာယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရမဲ့ခါရာေဘာင္ဖလားဗိုလ္လုပြဲအတြက္ဒိုင္လူႀကီးေၾကညာမႈျပဳလုပ္လာၿပီးေနာက္ အႀကီးအက်ယ္စိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။

နယူးကာဆယ္ဟာ၁၉၅၅ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားဆြတ္ခူးေရးအခြင့္အေရးအျဖစ္ေဖေဖာ္ဝါရီလ၂၆ရက္ေန႔တြင္မန္ခ်က္စတာယူႏိုက္တက္ႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။

ဒါေပမဲ့နယူးကာဆယ္ပရိသတ္မ်ားဟာခါရာေဘာင္ဖလားဗိုလ္လုပြဲအားႀကီးၾကပ္ရန္ PGMOL ကေဒးဗစ္‌ကိုတီကိုခန႔္အပ္လိုက္မႈအေပၚစိတ္ပ်က္ေနၾကပါတယ္။

ကိုတီအားခန႔္အပ္လိုက္ၿပီးေနာက္ နယူးကာဆယ္ပရိသတ္တစ္ဦးက “ဟာသလား။ေဒးဗစ္ကိုတီကယူႏိုက္တက္ပရိသတ္ေလ”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ၿပီးခဲ့တဲ့ရာသီတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲကိုႀကီးၾကပ္ခဲ့တဲ့တစ္ေယာက္မဟုတ္လား။သူ႔ကိုမွႀကီးၾကပ္ဖို႔ေ႐ြးလိုက္သတဲ့လား”လို႔ဆိုသြားပါတယ္။

ကိုတီဟာယူႏိုက္တက္ပရိသတ္တစ္ဦးအျဖစ္နာမည္ႀကီးေပမဲ့လည္းသူ႔ဘက္ကေတာ့လူသိရွင္ၾကားေျပာၾကားထားတာမရွိပါဘူး။

ယခင္တုန္းကဒိုင္လူႀကီးမိုက္ကယ္အိုလီဗီယာဟာနယူးကာဆယ္ပရိသတ္ျဖစ္ေၾကာင္းဖြင့္ဟလာၿပီးေနာက္ နယူးကာဆယ္ပြဲႀကီးၾကပ္ခြင့္ပိတ္ပင္ခံရၿပီးေနာက္ မည္သည့္ဒိုင္လူႀကီးမွ်သူတို႔အားေပးတဲ့အသင္းကိုမဖြင့္ဟလာခဲ့ၾကပါဘူး။

ေဒးဗစ္ကိုတီေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့နယူးကာဆယ္ပြဲကၿပီးခဲ့တဲ့ႏွစ္မတ္လတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲျဖစ္ပါတယ္။ယင္းပြဲတြင္ကိုတီဟာတံေတာင္ျဖင့္လူခ်ကစားတဲ့ကိုင္ဟာဗတ္ဇ္ကိုမထုတ္ပယ္မႈအတြက္ေဝဖန္မႈႀကဳံခဲ့ရပါတယ္။

သူကိုင္တြယ္တဲ့ပြဲတြင္နယူးကာဆယ္အသင္း အႏိုင္ရာခိုင္ႏႈန္း၃၆.၄ရာခိုင္ႏႈန္းသာရွိၿပီးသူကိုင္တြယ္တဲ့ပြဲမ်ားတြင္ယူႏိုက္တက္ဟာ၇၅ရာခိုင္ႏႈန္းအထိႏိုင္ပြဲရထားပါတယ္။

သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲ၁၆ပြဲႀကီးၾကပ္ထားရာမွာဖူလ္ဟမ္ကို၂-၁ျဖင့္ခ်ဲလ္ဆီးရႈံးနိမ့္တဲ့ပြဲတြင္ဂ်ာအိုဖီးလစ္တစ္ဦးတည္းကိုသာအနီကတ္ျပထားပါတယ္။