ယူနိုက်တက်နှင့်ပွဲတွင် သေချာပေါက်ဂိုးအခွင့်အရေးကို အံ့ဩသင့်ဖွယ်ဖြုန်းတီးခဲ့တဲ့ ယူရိုသန်း ၁၀၀ တန် တိုက်စစ်မှူးနူနက်ဇ်

ဒါဝင်နူနက်ဇ်ရဲ့လီဗာပူးအတွက်ပထမဆုံးကစားပွဲကတော့အရှုံးသမားအဖြစ်အဆုံးသတ်ခဲ့ရပါတယ်။ဒါဝင်နူနက်ဇ်ဟာလီဗာပူးအတွက်ပထမဆုံးပွဲအဖြစ် မနေ့ညတုန်းကဘန်ကောက်တွင်ယူနိုက်တက်ကို၄-၀ ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲမှာပါဝင်ကစားခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်အတွက်ပိုပြီးတော့ဆိုးရွားသွားခဲ့တာကတော့သေချာပေါက်ဂိုးရမယ့်အခွင့်အရေးကိုဖြုန်းတီးပစ်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာမိုဟာမက်ဆာလက်ရဲ့ကန်ချက်တိုင်ထိထွက်လာပြီးနောက်ခြောက်ကိုက်စည်းထိပ်နားကနေ အပိုင်ကန်သွင်းနိုင်မယ့်အခွင့်အရေးရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်းလီဗာပူးရဲ့ယူရိုသန်း၁၀၀တန်တိုက်စစ်မှူးရဲ့ကန်ချက်က မိုးပေါ်ထောင်သွားခဲ့ပါတယ်။

မနေ့ညတုန်းကဘန်ကောက်ခြေစမ်းပွဲစဉ်မှာယူနိုက်တက်ဟာအတောင့်တင်းဆုံးအသင်းနဲ့ပွဲထွက်ခဲ့ပြီးဆန်ချို၊ဖရက်၊မာရှယ်၊ ပယ်လီစထရီတို့ရဲ့သွင်းဂိုးတွေနဲ့လီဗာပူးကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယူနိုက်တက်ဟာအဲရစ်တန်ဟက်ရဲ့ပထမဆုံးပွဲမှာခါးသီးတဲ့ပြိုင်ဘက်ကိုဂိုးပြတ်အနိုင်ရလိုက်တာလည်းဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ႏွင့္ပြဲတြင္ ေသခ်ာေပါက္ဂိုးအခြင့္အေရးကို အံ့ဩသင့္ဖြယ္ျဖဳန္းတီးခဲ့တဲ့ ယူ႐ိုသန္း ၁၀၀ တန္ တိုက္စစ္မႉးႏူနက္ဇ္

ဒါဝင္ႏူနက္ဇ္ရဲ႕လီဗာပူးအတြက္ပထမဆုံးကစားပြဲကေတာ့အရႈံးသမားအျဖစ္အဆုံးသတ္ခဲ့ရပါတယ္။ဒါဝင္ႏူနက္ဇ္ဟာလီဗာပူးအတြက္ပထမဆုံးပြဲအျဖစ္ မေန႔ညတုန္းကဘန္ေကာက္တြင္ယူႏိုက္တက္ကို၄-၀ ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲမွာပါဝင္ကစားခဲ့ပါတယ္။

ဒါဝင္ႏူနက္ဇ္အတြက္ပိုၿပီးေတာ့ဆိုး႐ြားသြားခဲ့တာကေတာ့ေသခ်ာေပါက္ဂိုးရမယ့္အခြင့္အေရးကိုျဖဳန္းတီးပစ္ခဲ့တာျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာမိုဟာမက္ဆာလက္ရဲ႕ကန္ခ်က္တိုင္ထိထြက္လာၿပီးေနာက္ေျခာက္ကိုက္စည္းထိပ္နားကေန အပိုင္ကန္သြင္းႏိုင္မယ့္အခြင့္အေရးရရွိခဲ့ပါတယ္။

ဒါေပမဲ့လည္းလီဗာပူးရဲ႕ယူ႐ိုသန္း၁၀၀တန္တိုက္စစ္မႉးရဲ႕ကန္ခ်က္က မိုးေပၚေထာင္သြားခဲ့ပါတယ္။

မေန႔ညတုန္းကဘန္ေကာက္ေျခစမ္းပြဲစဥ္မွာယူႏိုက္တက္ဟာအေတာင့္တင္းဆုံးအသင္းနဲ႔ပြဲထြက္ခဲ့ၿပီးဆန္ခ်ိဳ၊ဖရက္၊မာရွယ္၊ ပယ္လီစထရီတို႔ရဲ႕သြင္းဂိုးေတြနဲ႔လီဗာပူးကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယူႏိုက္တက္ဟာအဲရစ္တန္ဟက္ရဲ႕ပထမဆုံးပြဲမွာခါးသီးတဲ့ၿပိဳင္ဘက္ကိုဂိုးျပတ္အႏိုင္ရလိုက္တာလည္းျဖစ္ပါတယ္။