ယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက် ပေါင် ၁၈၆ သန်းတန် သုံးနှစ်စာချုပ်ဖြင့်ကမ်းလှမ်းခံလာရတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါင်၁၈၆သန်းတန်သုံးနှစ်စာချုပ်ဖြင့်ကမ်းလှမ်းခြင်းခံထားရကြောင်းသိရပါတယ်။တကယ်လို့များယင်းစာချုပ်ကိုသာလက်ခံလာမည်ဆိုပါကခရစ္စတီယာနိုရော်နယ်ဒိုဟာတစ်ပတ်လုပ်ခပေါင်၁.၂သန်းအထိရရှိလာပါမယ်။

Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာယခုအပတ်အစောပိုင်းတုန်းကမန်ချက်စတာယူနိုက်တက်ရဲ့နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးတွင်ယူနိုက်တက်၊အသင်းပိုင်ရှင်ဂလေဇာမိသားစုနှင့်နည်းပြအဲရစ်တန်ဟက်တို့ကိုဝေဖန်မှုပြုလုပ်လာပြီးနောက်စာချုပ်ဖျက်သိမ်းခြင်းခံလာရပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရပြီးနောက်ကလပ်လက်မဲ့အဖြစ်ကစားခဲ့ရတဲ့ဂါနာနှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ယနေ့တွင် CBS ရဲ့ဖော်ပြလာမှုအရခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ် Al-Nassr ရဲ့ဒေါ်လာ၂၂၅သန်း (ပေါင်၁၈၆သန်း)တန်စာချုပ်ကမ်းလှမ်းမှုရရှိထားကြောင်းသိရပါတယ်။

ကလပ်လက်မဲ့ဖြစ်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုနယူးကာဆယ်၊ချဲလ်ဆီး၊အင်တာမီယာမီတို့ကလည်းခေါ်ယူရန်စိတ်ဝင်စားခြင်းခံနေရပါတယ်။

ZawGyi

ယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ ေပါင္ ၁၈၆ သန္းတန္ သုံးႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းခံလာရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပါင္၁၈၆သန္းတန္သုံးႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းျခင္းခံထားရေၾကာင္းသိရပါတယ္။တကယ္လို႔မ်ားယင္းစာခ်ဳပ္ကိုသာလက္ခံလာမည္ဆိုပါကခရစၥတီယာႏိုေရာ္နယ္ဒိုဟာတစ္ပတ္လုပ္ခေပါင္၁.၂သန္းအထိရရွိလာပါမယ္။

Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုအပတ္အေစာပိုင္းတုန္းကမန္ခ်က္စတာယူႏိုက္တက္ရဲ႕ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ယူႏိုက္တက္၊အသင္းပိုင္ရွင္ဂေလဇာမိသားစုႏွင့္နည္းျပအဲရစ္တန္ဟက္တို႔ကိုေဝဖန္မႈျပဳလုပ္လာၿပီးေနာက္စာခ်ဳပ္ဖ်က္သိမ္းျခင္းခံလာရပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရၿပီးေနာက္ကလပ္လက္မဲ့အျဖစ္ကစားခဲ့ရတဲ့ဂါနာႏွင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ယေန႔တြင္ CBS ရဲ႕ေဖာ္ျပလာမႈအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္ Al-Nassr ရဲ႕ေဒၚလာ၂၂၅သန္း(ေပါင္၁၈၆သန္း)တန္စာခ်ဳပ္ကမ္းလွမ္းမႈရရွိထားေၾကာင္းသိရပါတယ္။

ကလပ္လက္မဲ့ျဖစ္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုနယူးကာဆယ္၊ခ်ဲလ္ဆီး၊အင္တာမီယာမီတို႔ကလည္းေခၚယူရန္စိတ္ဝင္စားျခင္းခံေနရပါတယ္။