ယူနိုက်တက်နှင့်ပွဲတွင် ဂိုးသွင်းပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ ဂိုးသွင်းအောင်ပွဲခံခဲ့ပေမဲ့ ဂိုးကို ခွင့်မပြုလို့ အရှက်ကွဲခဲ့တဲ့ ဆမ်ဆာရစ်ချ်

ဆမ်ဆာရစ်ချ်ဟာမန်ချက်စတာယူနိုက်တက်နှင့်ပွဲတွင်ဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံမှုသစ်ဖြင့်အောင်ပွဲခံခဲ့ပေမဲ့ဂိုးကိုခွင့်မပြုမှုကြောင့်အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူးဟာမနေ့ညတုန်းကယူနိုက်တက်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲတွင်ချေပဂိုးသွင်းခဲ့ပေမဲ့လည်း VAR ကခွင့်မပြုခဲ့ပါတယ်။

သူဟာနော်တင်ဟမ်ဖောရက်စ်ရဲ့တန်ပြန်တိုက်စစ်ကနေသွေးအေးအေးဖြင့်ဝေ့ဝိုက်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဘုန်းမောက်တိုက်စစ်မှူးဟောင်းဟာဂိုးသွင်းယူပြီးနောက်ခရစ္စတီယာနိရော်နယ်ဒိုရဲ့အောင်ပွဲခံမှုအသစ်ဖြစ်တဲ့ အေးချမ်းစွာအိပ်စက်အနားယူပုံဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမဲ့VAR ကဂိုးကိုစစ်ဆေးမှုပြုလုပ်ပြီးဆာရစ်ချ်ရဲ့ဂိုးကိုခွင့်မပြုခဲ့ပါဘူး။ဆာရစ်ချ်ဟာသူ့ဆီသို့ဘောလုံးမပေးပို့မီအနည်းငယ်လူကျွံနေခဲ့တာလည်းဖြစ်ပါတယ်။

မနေ့ညတုန်းကပွဲတွင်ယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်၊ဝေါက်ဝက်ဟော့စ်၊ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတို့ဖြင့်နော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ခြေတစ်လှမ်းလှမ်းထားနိုင်ပြီးဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ႏွင့္ပြဲတြင္ ဂိုးသြင္းၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔ ဂိုးသြင္းေအာင္ပြဲခံခဲ့ေပမဲ့ ဂိုးကို ခြင့္မျပဳလို႔ အရွက္ကြဲခဲ့တဲ့ ဆမ္ဆာရစ္ခ်္

ဆမ္ဆာရစ္ခ်္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈသစ္ျဖင့္ေအာင္ပြဲခံခဲ့ေပမဲ့ဂိုးကိုခြင့္မျပဳမႈေၾကာင့္အရွက္တကြဲျဖစ္ခဲ့ရပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္တိုက္စစ္မႉးဟာမေန႔ညတုန္းကယူႏိုက္တက္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲတြင္ေခ်ပဂိုးသြင္းခဲ့ေပမဲ့လည္း VAR ကခြင့္မျပဳခဲ့ပါတယ္။

သူဟာေနာ္တင္ဟမ္ေဖာရက္စ္ရဲ႕တန္ျပန္တိုက္စစ္ကေနေသြးေအးေအးျဖင့္ေဝ့ဝိုက္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဘုန္းေမာက္တိုက္စစ္မႉးေဟာင္းဟာဂိုးသြင္းယူၿပီးေနာက္ခရစၥတီယာနိေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈအသစ္ျဖစ္တဲ့ ေအးခ်မ္းစြာအိပ္စက္အနားယူပုံျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမဲ့VAR ကဂိုးကိုစစ္ေဆးမႈျပဳလုပ္ၿပီးဆာရစ္ခ်္ရဲ႕ဂိုးကိုခြင့္မျပဳခဲ့ပါဘူး။ဆာရစ္ခ်္ဟာသူ႔ဆီသို႔ေဘာလုံးမေပးပို႔မီအနည္းငယ္လူကြၽံေနခဲ့တာလည္းျဖစ္ပါတယ္။

မေန႔ညတုန္းကပြဲတြင္ယူႏိုက္တက္ဟာမားကပ္စ္ရက္ဖို႔ဒ္၊ေဝါက္ဝက္ေဟာ့စ္၊ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ဂိုးတို႔ျဖင့္ေနာ္တင္ဟမ္ေဖာရက္စ္ကိုအႏိုင္ရရွိခဲ့ၿပီး ဗိုလ္လုပြဲသို႔ေျခတစ္လွမ္းလွမ္းထားႏိုင္ၿပီးျဖစ္ပါတယ္။