
အာလင်းဟာလန်းရဲ့မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ရှုံးပွဲမှခြေစွမ်းကြောင့်မန်စီးတီးမှာသူမပါဝင်လျှင်ခြေပိုကောင်းတယ်လို့ပြောဆိုခြင်းခံနေရပါတယ်။
လီဗာပူးနှင့်ဂျာမနီဂန္ထဝင်ကွင်းလယ်ကစားသမားဒိုင်တာဟာမန်းကအာလင်းဟာလန်းမှာယခုရာသီတွင်ဂိုး၄၀အထိသွင်းယူလာနိုင်ပါကလည်းမန်စီးတီးမှာသူမပါလျှင်ကစားပုံပိုကောင်းကြောင်းဆိုသွားပါတယ်။
အာလင်းဟာလန်းဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲတွင်ဘောလုံး၁၉ကြိမ်တည်းသာထိခဲ့ပြီးဧရိယာထဲမှာ၃ကြိမ်တည်းသာဘောလုံးထိခဲ့ပါတယ်။
သူဟာနှစ်ကြိမ်ကန်ခဲ့ရာမှာလည်းဂိုးပေါက်တည့်ခဲ့ခြင်းမရှိပါဘူး။
မန်စီးတီးဟာမနေ့ညကပွဲတွင်ဂျက်ဂရဲလ်လစ်ရှ်ရဲ့ခေါင်းတိုက်ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ဘရူနိုဖာနန်ဒက်စ်ကယူနိုက်တက်အတွက်ချေပဂိုးသွင်းခဲပြီးရက်ဖို့ဒ်ကအနိုင်ဂိုးသွင်းယူသွားခဲ့လို့၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ဟာမန်းက “တကယ်လို့ဒီရာသီမှာဂိုး၄၀သွင်းနိုင်တယ်ဆိုရင်တောင်ဟာလန်းမပါရင်မန်စီးတီးကပိုကောင်းတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ယူနိုက်တက်နှင့်ပွဲမှာ ခြေစွမ်းကို ကြည့်ပြီး ဟာလန်းမပါလျှင် မန်စီးတီး ပိုကောင်းတယ်လို့ ပြောဆိုသူများ ရှိလာ