ယူနိုက်တက်နှင့်အပြောင်းအရွှေ့ဆွေးနွေးနေပေမဲ့ ဒီဂျောင်မှာ အမေရိကန်ခရီးသို့ လိုက်ပါမည်ဟု ဘာစီလိုနာအတည်ပြု

ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာကဖရန်ကီဒီဂျောင်မှာမန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ရေးဆွေးနွေးမှုပြုလုပ်နေပေမဲ့ အမေရိကန်ရာသီကြိုခရီးစဉ်သို့လိုက်ပါမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၂၅နှစ်ရှိဒီဂျောင်ဟာယခုနွေရာသီတွင်မန်ချက်စတာယူနိုက်တက်သို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့နောက်ဆုံးအကြိမ်ပေါင်၇၁.၅သန်းဖြင့်ကမ်းလှမ်းမှုကိုဘာစီလိုနာကလက်ခံလိုက်ပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့ဖရန်ကီဒီဂျောင်ကတော့ဘာစီလိုနာမှာပဲဆက်ကစားလိုနေကာ ယူနိုက်တက်သို့ပြောင်းရန်ငြင်းဆိုနေပါတယ်။

လက်ရှိအနေအထားအရ ဖရန်ကီဒီဂျောင်ရဲ့အနာဂတ်မှာရှင်းရှင်းလင်းလင်းမဖြစ်သေးပါဘူး။ယခုအခါလာပေါ်တာကဖရန်ကီဒီဂျောင်မှာဘာစီလိုနာအသင်းနှင့်အတူ အမေရိကန်သို့လိုက်ပါလာမှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

၎င်းက “ဖရန်ကီဒီဂျောင်ကို ကျွန်တော်တို့အတင်းရောင်းဖို့လုပ်နေတယ်ဆိုတာမမှန်ပါဘူး။ဒါကမမှန်ပါဘူး။ဖရန်ကီရဲ့အမေရိကန်ခရီးစဉ်ကိုဇာဗီးကဆုံးဖြတ်ပါလိမ့်မယ်။ဖရန်ကီဟာအမေရိကန်ခရီးစဉ်မှာပါဝင်လာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ယင်းသို့အခြေအနေမျိုးနှင့်ကြုံနေရမှုနဲ့အတူ ဖရန်ကီဒီဂျောင်ရဲ့ယူနိုက်တက်အပြောင်းအရွှေ့မှာမရေမရာဖြစ်လာပါတယ်။ ဖရန်ကီဒီဂျောင်ဟာဘာစီလိုနာထံတွင်ရရန်ရှိနေတဲ့လုပ်ခလစာကြွေးနှင့်အပိုဆုကြေးငွေပေါင်၁၇သန်းရရှိလိုမှုနဲ့အတူယူနိုက်တက်သို့ပြောင်းရန်ငြင်းဆိုနေတာဖြစ်ပါတယ်။ဘာစီလိုနာဟာယင်းကြွေးမြီကိုယူနိုက်တက်အားပေးချေစေလိုပေမဲ့ငြင်းပယ်ခံထားရပါတယ်။

ZawGyi

ယူႏိုက္တက္ႏွင့္အေျပာင္းအေ႐ႊ႕ေဆြးေႏြးေနေပမဲ့ ဒီေဂ်ာင္မွာ အေမရိကန္ခရီးသို႔ လိုက္ပါမည္ဟု ဘာစီလိုနာအတည္ျပဳ

ဘာစီလိုနာဥကၠဌဂ်ိဳအန္လာေပၚတာကဖရန္ကီဒီေဂ်ာင္မွာမန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕ေရးေဆြးေႏြးမႈျပဳလုပ္ေနေပမဲ့ အေမရိကန္ရာသီႀကိဳခရီးစဥ္သို႔လိုက္ပါမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၂၅ႏွစ္ရွိဒီေဂ်ာင္ဟာယခုေႏြရာသီတြင္မန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚေနသူလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ေနာက္ဆုံးအႀကိမ္ေပါင္၇၁.၅သန္းျဖင့္ကမ္းလွမ္းမႈကိုဘာစီလိုနာကလက္ခံလိုက္ၿပီလည္းျဖစ္ပါတယ္။ဒါေပမဲ့ဖရန္ကီဒီေဂ်ာင္ကေတာ့ဘာစီလိုနာမွာပဲဆက္ကစားလိုေနကာ ယူႏိုက္တက္သို႔ေျပာင္းရန္ျငင္းဆိုေနပါတယ္။

လက္ရွိအေနအထားအရ ဖရန္ကီဒီေဂ်ာင္ရဲ႕အနာဂတ္မွာရွင္းရွင္းလင္းလင္းမျဖစ္ေသးပါဘူး။ယခုအခါလာေပၚတာကဖရန္ကီဒီေဂ်ာင္မွာဘာစီလိုနာအသင္းႏွင့္အတူ အေမရိကန္သို႔လိုက္ပါလာမွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

၎က “ဖရန္ကီဒီေဂ်ာင္ကို ကြၽန္ေတာ္တို႔အတင္းေရာင္းဖို႔လုပ္ေနတယ္ဆိုတာမမွန္ပါဘူး။ဒါကမမွန္ပါဘူး။ဖရန္ကီရဲ႕အေမရိကန္ခရီးစဥ္ကိုဇာဗီးကဆုံးျဖတ္ပါလိမ့္မယ္။ဖရန္ကီဟာအေမရိကန္ခရီးစဥ္မွာပါဝင္လာပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ယင္းသို႔အေျခအေနမ်ိဳးႏွင့္ႀကဳံေနရမႈနဲ႔အတူ ဖရန္ကီဒီေဂ်ာင္ရဲ႕ယူႏိုက္တက္အေျပာင္းအေ႐ႊ႕မွာမေရမရာျဖစ္လာပါတယ္။ ဖရန္ကီဒီေဂ်ာင္ဟာဘာစီလိုနာထံတြင္ရရန္ရွိေနတဲ့လုပ္ခလစာေႂကြးႏွင့္အပိုဆုေၾကးေငြေပါင္၁၇သန္းရရွိလိုမႈနဲ႔အတူယူႏိုက္တက္သို႔ေျပာင္းရန္ျငင္းဆိုေနတာျဖစ္ပါတယ္။ဘာစီလိုနာဟာယင္းေႂကြးၿမီကိုယူႏိုက္တက္အားေပးေခ်ေစလိုေပမဲ့ျငင္းပယ္ခံထားရပါတယ္။