ယူနိုက်တက်နှင့် ယူရိုပါလိဂ်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြုံနေရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမဲ့ယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲတွင်အဓိကကွင်းလယ်ကစားသမားမပါဝင်ဘဲကစားရဖို့ရှိနေပါတယ်။

ဇာဗီးရဲ့ဘာစီလိုနာဟာဖေဖော်ဝါရီလ၁၆ရက်နေ့နှင့်ဖေဖော်ဝါရီလ၂၃ရက်နေ့တို့တွင်ယူနိုက်တက်နှင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပလေးအော့ဖ်ပွဲနှစ်ပွဲကစားရပါမယ်။

နှစ်သင်းလုံးမှာဒဏ်ရာပြဿနာများကြုံနေရပါတယ်။ယူနိုက်တက်ဟာဒီယေဂိုဒါလော့ပြန်ကစားနိုင်ပြီဖြစ်ပေမဲ့အန်တိုနီမာရှယ်၊စကော့မက်တိုမီနေး၊ဒွန်နီဗန်ဒီဘိခ်၊ခရစ္စတီယန်အဲရစ်ဆင်တို့ကိုဆုံးရှုံးထားရပါတယ်။

ဘာစီလိုနာဟာအူစမာနီဒမ်ဘီလီကိုဆုံးရှုံးထားရကာယူနိုက်တက်နှင့်နှစ်ကျော့လုံးတွင်ပါဝင်လာနိုင်မှာမဟုတ်ပါဘူး။

ဘာစီလိုနာဟာနောက်ထပ်ဒဏ်ရာပြဿနာကြုံလာပါတယ်။ဘာစီလိုနာအသင်းခေါင်းဆောင်ဘက်စကွက်ဇ်ဟာဆီဗီလာကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့လာလီဂါပွဲတွင်ရရှိတဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့်ယူနိုက်တက်နှင့်ပထမအကျော့ပွဲစဉ်မှာပါဝင်လာနိုင်ဖို့မရှိပါဘူး။

စပိန်ဝါရင့်ကွင်းလယ်ကစားသမားဟာပထမပိုင်းတွင်ဒဏ်ရာရရှိသွားပြီးနောက်ဖရန့်ကက်စီနှင့်လူစားလဲခဲ့ရပါတယ်။ဇာဗီးဟာလာမယ့်အပတ်ကြားရက်ပွဲအမီဘက်စကွက်ဇ်ဒဏ်ရာမှမကောင်းမွန်လာပါကဖရန့်ကက်စီကိုသုံးလာဖို့ရှိပါတယ်။

ကက်စီဟာဆီဗီလာနှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်လာပြီးနောက်အယ်ဘာဂိုးသွင်းနိုင်အောင်ဖန်တီးပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ZawGyi

ယူႏိုက္တက္ႏွင့္ ယူ႐ိုပါလိဂ္ပြဲအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ႀကဳံေနရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရမဲ့ယူ႐ိုပါလိဂ္ရႈံးထြက္ပေလးေအာ့ဖ္ပြဲတြင္အဓိကကြင္းလယ္ကစားသမားမပါဝင္ဘဲကစားရဖို႔ရွိေနပါတယ္။

ဇာဗီးရဲ႕ဘာစီလိုနာဟာေဖေဖာ္ဝါရီလ၁၆ရက္ေန႔ႏွင့္ေဖေဖာ္ဝါရီလ၂၃ရက္ေန႔တို႔တြင္ယူႏိုက္တက္ႏွင့္ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပေလးေအာ့ဖ္ပြဲႏွစ္ပြဲကစားရပါမယ္။

ႏွစ္သင္းလုံးမွာဒဏ္ရာျပႆနာမ်ားႀကဳံေနရပါတယ္။ယူႏိုက္တက္ဟာဒီေယဂိုဒါေလာ့ျပန္ကစားႏိုင္ၿပီျဖစ္ေပမဲ့အန္တိုနီမာရွယ္၊စေကာ့မက္တိုမီေနး၊ဒြန္နီဗန္ဒီဘိခ္၊ခရစၥတီယန္အဲရစ္ဆင္တို႔ကိုဆုံးရႈံးထားရပါတယ္။

ဘာစီလိုနာဟာအူစမာနီဒမ္ဘီလီကိုဆုံးရႈံးထားရကာယူႏိုက္တက္ႏွင့္ႏွစ္ေက်ာ့လုံးတြင္ပါဝင္လာႏိုင္မွာမဟုတ္ပါဘူး။

ဘာစီလိုနာဟာေနာက္ထပ္ဒဏ္ရာျပႆနာႀကဳံလာပါတယ္။ဘာစီလိုနာအသင္းေခါင္းေဆာင္ဘက္စကြက္ဇ္ဟာဆီဗီလာကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့လာလီဂါပြဲတြင္ရရွိတဲ့ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ယူႏိုက္တက္ႏွင့္ပထမအေက်ာ့ပြဲစဥ္မွာပါဝင္လာႏိုင္ဖို႔မရွိပါဘူး။

စပိန္ဝါရင့္ကြင္းလယ္ကစားသမားဟာပထမပိုင္းတြင္ဒဏ္ရာရရွိသြားၿပီးေနာက္ဖရန႔္ကက္စီႏွင့္လူစားလဲခဲ့ရပါတယ္။ဇာဗီးဟာလာမယ့္အပတ္ၾကားရက္ပြဲအမီဘက္စကြက္ဇ္ဒဏ္ရာမွမေကာင္းမြန္လာပါကဖရန႔္ကက္စီကိုသုံးလာဖို႔ရွိပါတယ္။

ကက္စီဟာဆီဗီလာႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္လာၿပီးေနာက္အယ္ဘာဂိုးသြင္းႏိုင္ေအာင္ဖန္တီးၿပီးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။