
ဘာစီလိုနာဟာမန်ချက်စတာယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမဲ့ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီအဓိကကစားသမားတစ်ဦးကိုဆုံးရှုံးလာပါတယ်။
ကြာသပတေးနေ့ညတုန်းကနူးကမ့်တွင်ကစားတဲ့ပွဲစဉ်တွင်ဘာစီလိုနာနှင့်ယူနိုက်တက်တို့ဟာနှစ်ဂိုးစီသရေဖြင့်အဆုံးသတ်ခဲ့ပြီးလာမယ့်အပတ်ကြာသပတေးနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာဒုတိယအကျော့ကစားရပါမယ်။
ဘာစီလိုနာဟာယူနိုက်တက်နှင့်ပထမအကျော့ပွဲစဉ်တွင်အဝါကတ်ပြသခြင်းခံရမှုကြောင့်အဝါကတ်သုံးကတ်ပြည့်ကာအဓိကွင်းလယ်ကစားသမားဂါဗီကိုအိုးထရက်ဖို့ဒ်ပွဲစဉ်မှာဆုံးရှုံးထားရပါတယ်။
ယင်းအချိန်တွင်ဘာစီလိုနာဟာအဓိကကွင်းလယ်ကစားသမားပီဒရီကိုလည်းယူနိုက်တက်နှင့်ဒုတိယအကျော့ပွဲစဉ်တွင်ထပ်မံဆုံးရှုံးလာပြီဖြစ်ပါတယ်။
ဘာစီလိုနာကွင်းလယ်ကစားသမားပီဒရီဟာယူနိုက်တက်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ပထမပိုင်းတွင်ခြေထောက်ဒဏ်ရာရရှိကာလူစားလဲခဲ့ရပြီးနောက်တစ်လကြာအနားယူရတော့မှာဖြစ်ကြောင်း AS ကဖော်ပြလာပါတယ်။
ဒါပေမဲ့ဘာစီလိုနာအတွက်အနည်းငယ်ဖြေသာတာကတော့အသင်းခေါင်းဆောင်ဆာဂျီဘိုဘက်စကွက်မှာဒဏ်ရာပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့်အိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ပြန်လည်ကစားနိုင်မဲ့အနေအထားမျိုးမှာရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာဟာတနင်္ဂနွေနေ့တွင်လာလီဂါတွင်ကာဒစ်ဇ်ကိုရင်ဆိုင်ကစားရမှာဖြစ်ပြီးယင်းပွဲတွင်ဘက်စကွက်ကိုအသုံးပြုလာဖို့မရှိသေးပါဘူး။
ZawGyi
ယူႏိုက္တက္ႏွင့္ ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ဒုတိယအေက်ာ့ပြဲမတိုင္မီ ႀကီးမားတဲ့ဒဏ္ရာျပႆနာႀကဳံလာတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရမဲ့ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ပေလးေအာ့ဖ္ဒုတိယအေက်ာ့ပြဲစဥ္မတိုင္မီအဓိကကစားသမားတစ္ဦးကိုဆုံးရႈံးလာပါတယ္။
ၾကာသပေတးေန႔ညတုန္းကႏူးကမ့္တြင္ကစားတဲ့ပြဲစဥ္တြင္ဘာစီလိုနာႏွင့္ယူႏိုက္တက္တို႔ဟာႏွစ္ဂိုးစီသေရျဖင့္အဆုံးသတ္ခဲ့ၿပီးလာမယ့္အပတ္ၾကာသပေတးေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာဒုတိယအေက်ာ့ကစားရပါမယ္။
ဘာစီလိုနာဟာယူႏိုက္တက္ႏွင့္ပထမအေက်ာ့ပြဲစဥ္တြင္အဝါကတ္ျပသျခင္းခံရမႈေၾကာင့္အဝါကတ္သုံးကတ္ျပည့္ကာအဓိကြင္းလယ္ကစားသမားဂါဗီကိုအိုးထရက္ဖို႔ဒ္ပြဲစဥ္မွာဆုံးရႈံးထားရပါတယ္။
ယင္းအခ်ိန္တြင္ဘာစီလိုနာဟာအဓိကကြင္းလယ္ကစားသမားပီဒရီကိုလည္းယူႏိုက္တက္ႏွင့္ဒုတိယအေက်ာ့ပြဲစဥ္တြင္ထပ္မံဆုံးရႈံးလာၿပီျဖစ္ပါတယ္။
ဘာစီလိုနာကြင္းလယ္ကစားသမားပီဒရီဟာယူႏိုက္တက္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕ပထမပိုင္းတြင္ေျခေထာက္ဒဏ္ရာရရွိကာလူစားလဲခဲ့ရၿပီးေနာက္တစ္လၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္း AS ကေဖာ္ျပလာပါတယ္။
ဒါေပမဲ့ဘာစီလိုနာအတြက္အနည္းငယ္ေျဖသာတာကေတာ့အသင္းေခါင္းေဆာင္ဆာဂ်ီဘိုဘက္စကြက္မွာဒဏ္ရာျပန္လည္ေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္အိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္ျပန္လည္ကစားႏိုင္မဲ့အေနအထားမ်ိဳးမွာရွိေနတာျဖစ္ပါတယ္။
ဘာစီလိုနာဟာတနဂၤေႏြေန႔တြင္လာလီဂါတြင္ကာဒစ္ဇ္ကိုရင္ဆိုင္ကစားရမွာျဖစ္ၿပီးယင္းပြဲတြင္ဘက္စကြက္ကိုအသုံးျပဳလာဖို႔မရွိေသးပါဘူး။