
ဘက်တစ်ဟာမန်ချက်စတာယူနိုက်တက်နှင့်ရင်ဆိုင်ရမဲ့လာမယ့်လယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီကြီးမားတဲ့ထိုးနှက်ချက်ကြီးတစ်ခုကြုံနေရပါတယ်။
စပိန်ကလပ်ဟာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်ခါရာဘောင်ဖလားချန်ပီယံယူနိုက်တက်နှင့်ရင်ဆိုင်နေရပါတယ်။
ဘက်တစ်ဟာယခုရာသီယူရိုပါလိဂ်တွင်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့အသင်းအဖြစ်၅ပွဲနိုင်၊၁ပွဲသရေဖြင့်ရပ်တည်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဘက်တစ်ဟာစတားကစားသမားနာဘေးလ်ဖီကာကိုရာသီအကုန်အထိဆုံးရှုံးရမှုနှင့်အတူကြီးမားတဲ့ထိုးနှက်ချက်ကြုံလာရပါတယ်။
ပြင်သစ်အလယ်တန်းတိုက်စစ်သမားဟာသောကြာနေ့တုန်းကအယ်ချီကို၃-၂ဂိုးဖြင့်အနိုင်ရဲ့ပွဲတွင်ဘယ်ဖက်ဒူးဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာကိုစစ်ဆေးမှုအရဖီကာမှာဒူးအရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးခွဲစိတ်ကုသမှုခံယူရပါမယ်။အသက်၂၉နှစ်ရှိဖီကာဟာရာသီအကုန်အထိအနားယူရပါမယ်။
ဖီကာဟာပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူဖြစ်ပြီးပြင်သစ်အသင်းအတွက်၂၅ပွဲကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။
သူဟာနည်းပြပယ်လီဂရီနီရဲ့ဘက်တစ်အသင်းအတွက်အရေးအပါဆုံးကစားသမားလည်းဖြစ်ပါတယ်။သူဟာယခုရာသီတွင်ဘက်တစ်အတွက်ပွဲ၂၀ကစားထားရာမှာ၆ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးထားပါတယ်။
သူဟာဒီဇင်ဘာလတုန်းကယူနိုက်တက်နှင့်ရာသီဝက်ခြေစမ်းပွဲစဉ်တွင်ဘက်တစ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
ယူႏိုက္တက္ႏွင့္ ယူ႐ိုပါလိဂ္ပြဲမတိုင္မီ အသင္းရဲ႕အေရးအပါဆုံးကစားသမားကို ဆုံးရႈံးလာရတဲ့ ဘက္တစ္
ဘက္တစ္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ရင္ဆိုင္ရမဲ့လာမယ့္လယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မတိုင္မီႀကီးမားတဲ့ထိုးႏွက္ခ်က္ႀကီးတစ္ခုႀကဳံေနရပါတယ္။
စပိန္ကလပ္ဟာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္ခါရာေဘာင္ဖလားခ်န္ပီယံယူႏိုက္တက္ႏွင့္ရင္ဆိုင္ေနရပါတယ္။
ဘက္တစ္ဟာယခုရာသီယူ႐ိုပါလိဂ္တြင္အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့အသင္းအျဖစ္၅ပြဲႏိုင္၊၁ပြဲသေရျဖင့္ရပ္တည္ခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။
ဒါေပမဲ့ဘက္တစ္ဟာစတားကစားသမားနာေဘးလ္ဖီကာကိုရာသီအကုန္အထိဆုံးရႈံးရမႈႏွင့္အတူႀကီးမားတဲ့ထိုးႏွက္ခ်က္ႀကဳံလာရပါတယ္။
ျပင္သစ္အလယ္တန္းတိုက္စစ္သမားဟာေသာၾကာေန႔တုန္းကအယ္ခ်ီကို၃-၂ဂိုးျဖင့္အႏိုင္ရဲ႕ပြဲတြင္ဘယ္ဖက္ဒူးဒဏ္ရာရရွိခဲ့ပါတယ္။
ဒဏ္ရာကိုစစ္ေဆးမႈအရဖီကာမွာဒူးအ႐ြတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးခြဲစိတ္ကုသမႈခံယူရပါမယ္။အသက္၂၉ႏွစ္ရွိဖီကာဟာရာသီအကုန္အထိအနားယူရပါမယ္။
ဖီကာဟာျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားဆြတ္ခူးခဲ့သူျဖစ္ၿပီးျပင္သစ္အသင္းအတြက္၂၅ပြဲကစားခြင့္ရထားသူလည္းျဖစ္ပါတယ္။
သူဟာနည္းျပပယ္လီဂရီနီရဲ႕ဘက္တစ္အသင္းအတြက္အေရးအပါဆုံးကစားသမားလည္းျဖစ္ပါတယ္။သူဟာယခုရာသီတြင္ဘက္တစ္အတြက္ပြဲ၂၀ကစားထားရာမွာ၆ဂိုးသြင္းၿပီး၃ႀကိမ္ဖန္တီးထားပါတယ္။
သူဟာဒီဇင္ဘာလတုန္းကယူႏိုက္တက္ႏွင့္ရာသီဝက္ေျခစမ္းပြဲစဥ္တြင္ဘက္တစ္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းခဲ့သူလည္းျဖစ္ပါတယ္။