ယူနိုက်တက်ပစ်မှတ်အိုဆမ်ဟန်ရဲ့နောက်ထပ်စံချိန်တစ်ခုရိုက်ချိုးခြင်းခံလာရပြန်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ဗစ်တာအိုဆမ်ဟန်ဟာခရစ္စတီယာနိုရော်နယ်ဒိုတင်ထားတဲ့စံချိန်တစ်ခုကိုရိုက်ချိုးလာပါတယ်။

အိုဆမ်ဟန်ဟာပေါ်တူဂီဂန္ထဝင်ကစားသမားရဲ့ဂိုးသွင်းစံချိန်ကိုရိုက်ချိုးလာတာတော့မဟုတ်ပါဘူး။

အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကလီယွန်နယ်မက်ဆီရဲ့စံချိန်တစ်ခုရိုက်ချိုးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီစူပါစတားဟာဥရောပထိပ်သီးလိဂ်ကြီးငါးခုတွင်၆၉၇ဂိုးသွင်းပြီး ရော်နယ်ဒိုတင်ထားတဲ့စံချိန်ကိုရိုက်ချိုးလာတာဖြစ်ပါတယ်။

Al Nassr စတားအတွက်သတင်းဆိုးကမရပ်သေးပါဘူး။

အသက်၂၄နှစ်ရှိနာပိုလီစတားအိုဆမ်ဟန်ကလည်းစီးရီးအေအမြင့်ခုန်စံချိန်သစ်တစ်ခုတင်လာပါတယ်။

ရော်နယ်ဒိုဟာဂျူဗင်တပ်မှာကစားတုန်းက၂၀၁၉ခုနှစ်တုန်းကဆမ်ဒိုးရီးယားနှင့်ပွဲမှာ၂.၅၆မီတာအမြင့်ခုန်ခေါင်းတိုက်ဂိုးသွင်းကာစီးရီးအေအမြင့်ခုန်ခေါင်းတိုက်ဂိုးစံချိန်တင်ခဲ့ပါတယ်။

ယူနိုက်တက်နှင့်ချဲလ်ဆီးပစ်မှတ်အိုဆမ်ဟန်ဟာတနင်္ဂနွေနေ့တုန်းကစပီဇီယာနှင့်ပွဲစဉ်မှာ၂.၅၈မီတာခုန်ပြီးခေါင်းတိုက်ဂိုးသွင်းကာစီးရီးအေအမြင့်ခုန်စံချိန်သစ်တင်လာပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာယခုရာသီမှာနာပိုလီအတွက်စီးရီးအေဂိုး၁၆ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi









