ယူနိုက်တက်ပထမအသင်းမှ ဖယ်ရှားခံလိုက်ရပြီးနောက် တကိုယ်တည်းလေ့ကျင့်ခန်းဆင်းရန် ကာရင်တန်သို့ ရောက်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ပထမအသင်းမှဖယ်ရှားခြင်းခံခဲ့ရပြီးနောက်သောကြာနေ့နံနက်ပိုင်းတုန်းကကာရင်တန်လေ့ကျင့်ရေးကွင်းသို့တကိုယ်တည်းလေ့ကျင့်ခန်းဆင်းရန်ရောက်လာခဲ့ပါတယ်။

အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းပယ်ခဲ့ပြီးနောက် ယူနိုက်တက်အတွက်နောက်ထပ်ကစားခွင့်မရလာမယ့်အရေးနှင့်ရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်စပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မပြီးဆုံးမီအရန်ခုံမှဒေါသတကြီးထကာအဝတ်အစားလဲခန်းသို့ဝင်ရောက်သွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနောက်ဆုံးအဖြစ်အပျက်ဖြစ်ပျက်ခဲ့ပြီးနောက် ဉယူနိုက်တက်တွင်သူ့ကိုထောက်ခံအားပေးတဲ့ကစားသမားဖော်များမရှိတော့သလို ယူနိုက်တက်ရဲ့နှစ်ပတ်လုပ်ခပေါင်၇၂၀၀၀၀ဒဏ်ရိုက်ခြင်းလည်းခံလာရဖို့ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစနေနေ့ ချဲလ်ဆီးနှင့်ပွဲအတွက်ယူနိုက်တက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပြီးနောက်သောကြာနေ့နံနက်ပိုင်းတုန်းက Bentley Flying Spur ကိုမောင်းနှင်ကာကာရင်တန်ကွင်းသို့တကိုယ်တည်းလေ့ကျင့်ခန်းဆင်းရန်ရောက်လာခဲ့ပါတယ်။သူနဲ့အတူ ဘော်ဒီဂတ်အမြွှာညီနောင်ရဲ့ကားလည်းနောက်ကပါလာတာတွေ့ရပါတယ်။

လက်ရှိအချိန်တွင်အဲရစ်တန်ဟက်ဟာအသင်းအတွက်ပြဿနာကောင်ဖြစ်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်နွေရာသီအထိဆက်မထိန်းတော့ဘဲဇန်နဝါရီတွင်ပင်လမ်းခွဲရန်စီစဉ်ထားပါတယ်။

ZawGyi

ယူႏိုက္တက္ပထမအသင္းမွ ဖယ္ရွားခံလိုက္ရၿပီးေနာက္ တကိုယ္တည္းေလ့က်င့္ခန္းဆင္းရန္ ကာရင္တန္သို႔ ေရာက္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ပထမအသင္းမွဖယ္ရွားျခင္းခံခဲ့ရၿပီးေနာက္ေသာၾကာေန႔နံနက္ပိုင္းတုန္းကကာရင္တန္ေလ့က်င့္ေရးကြင္းသို႔တကိုယ္တည္းေလ့က်င့္ခန္းဆင္းရန္ေရာက္လာခဲ့ပါတယ္။

အသက္၃၇ႏွစ္ရွိေပၚတူဂီစူပါစတားဟာစပါးစ္ႏွင့္ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းပယ္ခဲ့ၿပီးေနာက္ ယူႏိုက္တက္အတြက္ေနာက္ထပ္ကစားခြင့္မရလာမယ့္အေရးႏွင့္ရင္ဆိုင္ေနရသူလည္းျဖစ္ပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္စပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မၿပီးဆုံးမီအရန္ခုံမွေဒါသတႀကီးထကာအဝတ္အစားလဲခန္းသို႔ဝင္ေရာက္သြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေနာက္ဆုံးအျဖစ္အပ်က္ျဖစ္ပ်က္ခဲ့ၿပီးေနာက္ ဉယူႏိုက္တက္တြင္သူ႔ကိုေထာက္ခံအားေပးတဲ့ကစားသမားေဖာ္မ်ားမရွိေတာ့သလို ယူႏိုက္တက္ရဲ႕ႏွစ္ပတ္လုပ္ခေပါင္၇၂၀၀၀၀ဒဏ္႐ိုက္ျခင္းလည္းခံလာရဖို႔ရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစေနေန႔ ခ်ဲလ္ဆီးႏွင့္ပြဲအတြက္ယူႏိုက္တက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ေသာၾကာေန႔နံနက္ပိုင္းတုန္းက Bentley Flying Spur ကိုေမာင္းႏွင္ကာကာရင္တန္ကြင္းသို႔တကိုယ္တည္းေလ့က်င့္ခန္းဆင္းရန္ေရာက္လာခဲ့ပါတယ္။သူနဲ႔အတူ ေဘာ္ဒီဂတ္အႁမႊာညီေနာင္ရဲ႕ကားလည္းေနာက္ကပါလာတာေတြ႕ရပါတယ္။

လက္ရွိအခ်ိန္တြင္အဲရစ္တန္ဟက္ဟာအသင္းအတြက္ျပႆနာေကာင္ျဖစ္ေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ေႏြရာသီအထိဆက္မထိန္းေတာ့ဘဲဇန္နဝါရီတြင္ပင္လမ္းခြဲရန္စီစဥ္ထားပါတယ္။