
ခရစ္စတီယာနိုရော်နယ်ဒိုဟာအဲရစ်တန်ဟက်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်မန်ချက်စတာယူနိုက်တက်လေ့ကျင့်ရေးကွင်းသို့ရောက်ရှိနေပြီဖြစ်ပါတယ်။
ပေါ်တူဂီစူပါစတားဟာစနေနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျပွဲတွင်ချန်လှပ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာစပါးစ်ကိုအနိုင်ရတဲ့ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်မကစားလိုမှုနှင့်အတူပွဲပြီးရန်၄မိနစ်အလိုတွင် အရန်ခုံမှထကာဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်သွားခဲ့ပြီးနောက် ယူနိုက်တက်ပထမအသင်းမှဖယ်ရှားခံရသလို ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ခံခဲ့ရပါတယ်။
သူဟာနှစ်ပတ်လုပ်ခပေါင်၇၂၀၀၀၀လည်းဒဏ်ရိုက်ခြင်းခံခဲ့ရပါသေးတယ်။
အစောပိုင်းတုန်းကအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံဆွေးနွေးမှုကိုတနင်္လာနေ့တွင်ပြုလုပ်ရန်စီစဉ်ထားပေမဲ့ တစ်သင်းလုံးကိုအနားပေးလိုက်မှုနှင့်အတူ ယနေ့အင်္ဂါနေ့သို့ရွှေ့ဆိုင်းလိုက်ရတာပါ။
ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်လေ့ကျင့်ရေးကွင်းသို့ရောက်ရှိနေပြီဖြစ်ပြီးအဲရစ်တန်ဟက်နှင့်ဆွေးနွေးသွားတော့မှာဖြစ်ပါတယ်။
သူဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ချစ်သူဂျော်ဂျီနာကလက်ဆောင်ပေးထားတဲ့ပေါင်၁၅၀၀၀၀တန် Cadillac Escalade ကိုမောင်းနှင်ရောက်ရှိလာပါတယ်။သူ့ရဲ့ကိုယ်ရံတောင်အမြွာညီနောင်က Land Rover ကားကိုမောင်းနှင်ကြတာတွေ့ရပါတယ်။
အစောပိုင်းသတင်းများအရအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုဘက်ကသူ့လုပ်ရပ်များအတွက်တောင်းပန်လာမှုမပြုလုပ်လျှင် ကြာသပတေးနေ့ရှရစ်နှင့်ယူရိုပါလိဂ်ပွဲစဉ်အတွက်လူစာရင်းတွင်လည်းချန်လှပ်လာဦးမှာဖြစ်ကြောင်းသိရပါတယ်။
ZawGyi
ယူႏိုက္တက္ပထမအသင္းမွ ဖယ္ရွားခံရၿပီးေနာက္ ကာရန္တန္သို႔ တန္ဟက္ႏွင့္ေဆြးေႏြးရန္ ေရာက္ေနၿပီျဖစ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဲရစ္တန္ဟက္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ရန္မန္ခ်က္စတာယူႏိုက္တက္ေလ့က်င့္ေရးကြင္းသို႔ေရာက္ရွိေနၿပီျဖစ္ပါတယ္။
ေပၚတူဂီစူပါစတားဟာစေနေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္ခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်ပြဲတြင္ခ်န္လွပ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာစပါးစ္ကိုအႏိုင္ရတဲ့ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္မကစားလိုမႈႏွင့္အတူပြဲၿပီးရန္၄မိနစ္အလိုတြင္ အရန္ခုံမွထကာဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္သြားခဲ့ၿပီးေနာက္ ယူႏိုက္တက္ပထမအသင္းမွဖယ္ရွားခံရသလို ခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္လည္းခ်န္လွပ္ခံခဲ့ရပါတယ္။
သူဟာႏွစ္ပတ္လုပ္ခေပါင္၇၂၀၀၀၀လည္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါေသးတယ္။
အေစာပိုင္းတုန္းကအဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံေဆြးေႏြးမႈကိုတနလၤာေန႔တြင္ျပဳလုပ္ရန္စီစဥ္ထားေပမဲ့ တစ္သင္းလုံးကိုအနားေပးလိုက္မႈႏွင့္အတူ ယေန႔အဂၤါေန႔သို႔ေ႐ႊ႕ဆိုင္းလိုက္ရတာပါ။
ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ေလ့က်င့္ေရးကြင္းသို႔ေရာက္ရွိေနၿပီျဖစ္ၿပီးအဲရစ္တန္ဟက္ႏွင့္ေဆြးေႏြးသြားေတာ့မွာျဖစ္ပါတယ္။
သူဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ ခ်စ္သူေဂ်ာ္ဂ်ီနာကလက္ေဆာင္ေပးထားတဲ့ေပါင္၁၅၀၀၀၀တန္ Cadillac Escalade ကိုေမာင္းႏွင္ေရာက္ရွိလာပါတယ္။သူ႔ရဲ႕ကိုယ္ရံေတာင္အႁမြာညီေနာင္က Land Rover ကားကိုေမာင္းႏွင္ၾကတာေတြ႕ရပါတယ္။
အေစာပိုင္းသတင္းမ်ားအရအဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကသူ႔လုပ္ရပ္မ်ားအတြက္ေတာင္းပန္လာမႈမျပဳလုပ္လွ်င္ ၾကာသပေတးေန႔ရွရစ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္အတြက္လူစာရင္းတြင္လည္းခ်န္လွပ္လာဦးမွာျဖစ္ေၾကာင္းသိရပါတယ္။