ယူနိုက်တက်ပိုင်ရှင်သစ် ဖြစ်လာနိုင်တဲ့ ရှိတ်ဂျက်စ်ဆမ်နှင့်ပတ်သက်ပြီး ဖွင့်ချလာတဲ့ ဇာဗီး

ဇာဗီးကကာတာပိုင်ရှင်သစ်ဖြစ်လာနိုင်မှုကမန်ချက်စတာယူနိုက်တက်အတွက်ကောင်းမွန်လာမယ်လို့ပြောကြားလာပါတယ်။

ဘာစီလိုနာနည်းပြဟာ၂၀၁၅ခုနှစ်မှ၂၀၁၉ခုနှစ်အထိကာတာကလပ် Al Sadd တွင်ကစားခဲ့တဲ့အပြင်၂၀၁၉ခုနှစ်မှ၂၀၂၁ခုနှစ်အထိကိုင်တွယ်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းသံတမန်အဖြစ်တာဝန်ထမ်းဆောင်ဖူးကာယူနိုက်တက်ကိုဝယ်ယူရန်ကမ်းလှမ်းထားတဲ့ရှိတ်ဂျက်စ်ဆမ်ဘင်ဟာမက်အယ်သာနီနှင့်ကောင်းကောင်းရင်းနှီးသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဟာယူနိုက်တက်နှင့်ယူရိုပါလိဂ်ပွဲမတိုင်မီ ရှိတ်ဂျက်စ်ဆမ်ရဲ့ကမ်းလှမ်းမှုကိုဂလေဇာမိသားစုတို့လက်ခံသင့်သလားလို့မေးမြန်းခြင်းခံခဲ့ရပါတယ်။

ဇာဗီးက “ရှိတ်နဲ့အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။သူ အလုပ်ကောင်းအကောင်းဆုံးလုပ်လာမယ်လို့ထင်တယ်။သူကတာဝန်ယူမှုအပြည့်ယူတတ်တဲ့အရမ်းကောင်းတဲ့လူတစ်ယောက်ပါ”လို့ပြောကြားသွားပါတယ်။

ရှိတ်ဂျက်စ်ဆမ်ဟာ Nine Two Foundation တည်ထောင်ပြီး ယင်းမှတဆင့်ယူနိုက်တက်ကိုဝယ်ယူရန်ပေါင်၅ဘီလီယံဖြင့်ကမ်းလှမ်းထားပါတယ်။ဒါပေမဲ့ဂလေဇာမိသားစုကယူနိုက်တက်ကိုပေါင်၆ဘီလီယံရရှိမှသာလျှင်ရောင်းချလာဖို့ရှိပါတယ်။

ရှိတ်ဂျက်စ်ဆမ်ကယူနိုက်တက်ကိုဝယ်ယူနိုင်ပါက ပြုလုပ်ပေးမဲ့ကတိ၅ခုကိုကြေညာထားပါတယ်။သူဟာအိုးထရက်ဖို့ဒ်ကွင်းကိုအဆင့်မြှင့်ခြင်း၊ပရိသတ်ဗဟိုပြုရေး၊ကာရင်တန်လေ့ကျင့်ရေးကွင်းကိုခေတ်နှင့်အမီအဆင့်မြှင့်ရေး၊အမျိုးသမီးအသင်းတွင်ကိုပါရင်းနှီးမြှပ်နှံမှုပြုလုပ်ရေး၊ကစားသမားသစ်ခေါ်ယူရေးတို့ဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ပိုင္ရွင္သစ္ ျဖစ္လာႏိုင္တဲ့ ရွိတ္ဂ်က္စ္ဆမ္ႏွင့္ပတ္သက္ၿပီး ဖြင့္ခ်လာတဲ့ ဇာဗီး

ဇာဗီးကကာတာပိုင္ရွင္သစ္ျဖစ္လာႏိုင္မႈကမန္ခ်က္စတာယူႏိုက္တက္အတြက္ေကာင္းမြန္လာမယ္လို႔ေျပာၾကားလာပါတယ္။

ဘာစီလိုနာနည္းျပဟာ၂၀၁၅ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိကာတာကလပ္ Al Sadd တြင္ကစားခဲ့တဲ့အျပင္၂၀၁၉ခုႏွစ္မွ၂၀၂၁ခုႏွစ္အထိကိုင္တြယ္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းသံတမန္အျဖစ္တာဝန္ထမ္းေဆာင္ဖူးကာယူႏိုက္တက္ကိုဝယ္ယူရန္ကမ္းလွမ္းထားတဲ့ရွိတ္ဂ်က္စ္ဆမ္ဘင္ဟာမက္အယ္သာနီႏွင့္ေကာင္းေကာင္းရင္းႏွီးသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပဟာယူႏိုက္တက္ႏွင့္ယူ႐ိုပါလိဂ္ပြဲမတိုင္မီ ရွိတ္ဂ်က္စ္ဆမ္ရဲ႕ကမ္းလွမ္းမႈကိုဂေလဇာမိသားစုတို႔လက္ခံသင့္သလားလို႔ေမးျမန္းျခင္းခံခဲ့ရပါတယ္။

ဇာဗီးက “ရွိတ္နဲ႔အရမ္းေကာင္းတဲ့ဆက္ဆံေရးရွိပါတယ္။သူ အလုပ္ေကာင္းအေကာင္းဆုံးလုပ္လာမယ္လို႔ထင္တယ္။သူကတာဝန္ယူမႈအျပည့္ယူတတ္တဲ့အရမ္းေကာင္းတဲ့လူတစ္ေယာက္ပါ”လို႔ေျပာၾကားသြားပါတယ္။

ရွိတ္ဂ်က္စ္ဆမ္ဟာ Nine Two Foundation တည္ေထာင္ၿပီး ယင္းမွတဆင့္ယူႏိုက္တက္ကိုဝယ္ယူရန္ေပါင္၅ဘီလီယံျဖင့္ကမ္းလွမ္းထားပါတယ္။ဒါေပမဲ့ဂေလဇာမိသားစုကယူႏိုက္တက္ကိုေပါင္၆ဘီလီယံရရွိမွသာလွ်င္ေရာင္းခ်လာဖို႔ရွိပါတယ္။

ရွိတ္ဂ်က္စ္ဆမ္ကယူႏိုက္တက္ကိုဝယ္ယူႏိုင္ပါက ျပဳလုပ္ေပးမဲ့ကတိ၅ခုကိုေၾကညာထားပါတယ္။သူဟာအိုးထရက္ဖို႔ဒ္ကြင္းကိုအဆင့္ျမႇင့္ျခင္း၊ပရိသတ္ဗဟိုျပဳေရး၊ကာရင္တန္ေလ့က်င့္ေရးကြင္းကိုေခတ္ႏွင့္အမီအဆင့္ျမႇင့္ေရး၊အမ်ိဳးသမီးအသင္းတြင္ကိုပါရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ေရး၊ကစားသမားသစ္ေခၚယူေရးတို႔ျဖစ္ပါတယ္။