ယူနိုက်တက်ပွဲမှ ပင်နယ်တီအမှားကြောင့် ယခုအပတ်ပွဲများကို ကြီးကြပ်ခွင့် ပိတ်ပင်ခြင်းခံလာရတဲ့ ဒိုင်လူကြီးများ

တနင်္လာနေ့ညတုန်းက ယူနိုက်တက်နှင့်ပွဲစဉ်တွင် ဝုဗ်ဘက်သို့ ရှင်းလင်းမြင်သာတဲ့ ပင်နယ်တီ ပေးရန် ပျက်ကွက်ခဲ့မှုကြောင့် ယင်းပွဲတွင် ပါဝင်တဲ့ ဒိုင်လူကြီးများဟာ ယခုအပတ်အကုန် ပွဲစဉ်များကို ကြီးကြပ်ခွင့်မရဘဲ အပြစ်ပေးခြင်းခံလာရပါတယ်။

တနင်္လာနေ့ညတုန်းက ပွဲပြီးခါနီးအချိန်တွင် ယူနိုက်တက်ဂိုးသမားအင်ဒရေအိုနာနာဟာ ဘောလုံးအား ထွက်ပုတ်ရာမှာ ဘောလုံးကို မထိဘဲ ဝုဗ်ကစားသမားဆာဆာကာလာဇစ်ကို ထိမှန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယင်းပွဲတွင် ရာဖေးလ်ဗာရန်းရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးဖြင့် ဝုဗ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဝုဗ်ဟာ နာကျင်အချိန်ပို ပင်နယ်တီသာ ရရှိခဲ့မယ်ဆိုရင် အိမ်အပြန်တွင် ရမှတ်တစ်မှတ်ဖြင့် အိမ်ပြန်နိုင်ပါမယ်။

အင်ဒရေအိုနာနာက ကာလာဇစ်အား ဝင်တိုက်မှုအား ဒိုင်လူကြီးဆိုင်မွန်ဟိုးပါးက ပင်နယ်တီပေးရန် ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် VAR ဒိုင်များဖြစ်ကြတဲ့ စတော့လေပါ့ခ်နှင့် မိုက်ကယ်ဆာလစ်ဘူရီတို့ဟာ ကြားဝင်ဖြေရှင်းပေးခဲ့ကြခြင်း မရှိပါဘူး။

ယခုအခါမှာတော့ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးအဖွဲ့ချုပ်က အထက်ပါ ဒိုင်လူကြီး ၃ လုံးအား ယခုအပတ် ဘောလုံးပွဲများတွင် ကိုင်တွယ်ခွင့် မပေးဘဲ အရေးယူမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

ဒိုင်လူကြီးအဖွဲ့ချုပ်အကြီးအကဲဟောင်းဝပ်ဝက်ဘ်နှင့် အထွေထွေမန်နေဂျာဂျွန်မော့စ်တို့ဟာ ပင်နယ်တီမပေးခဲ့တဲ့ အဖြစ်အပျက်အတွက် ဝုဗ်နည်းပြဂယ်ရီအိုနေးလ်နှင့် ဝုဗ်တာဝန်ရှိသူများကို တောင်းပန်ခဲ့ရပါတယ်။