
မန်စီးတီးအကယ်ဒမီကစားသမားတစ်ဦးဟာမန်ချက်စတာယူ-၂၁အသင်းနှင့်ပွဲစဉ်တွင်ဟက်ထရစ်သွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံမှုအသစ်ပုံစံဖြင့်အောင်ပွဲခံခဲ့ပါတယ်။
အသက်၁၈နှစ်ရှိတိုက်စစ်သမားကားလို့စ်ဘိုဂက်စ်ဟာယခုရာသီတွင်မန်စီးတီးလူငယ်အသင်းအတွက်၁၇ပွဲတွင်၁၆ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာစနေနေ့တုန်းကဒေသတွင်းပြိုင်ဘက်ယူနိုက်တက်နှင့်ပွဲတွင်လေးဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်၂အမှတ်ပေးဇယားထိပ်ဆုံးသို့ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးက၆-၁ဂိုးဖြင့်ယူနိုက်တက်ကိုအနိုင်ရတဲ့ပွဲမှာကျန်အနိုင်ဂိုးနှစ်ဂိုးကိုဒေးလ်မီဘူဒီနှင့်ဝဲလ်ဒစ်ခ်ဆင်တို့ကသွင်းယူခဲ့ကြပါတယ်။
ဘိုဂက်စ်ကအံ့ဩသင့်စရာကောင်းတဲ့ခြေစွမ်းမျိုးဖြင့်ကစားနိုင်တဲ့ပွဲတွင် မြို့ခံပြိုင်ဘက်ယူနိုက်တက်ရဲ့ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ အေးချမ်းစွာအိပ်စက်တဲ့ပုံစံမျိုးဖြင့်အောင်ပွဲခံခဲ့ပါတယ်။
ပေါ်တူဂီဆယ်ကျော်သက်ကစားသမားဟာယခုရာသီတွင်ဂွါဒီယိုလာရဲ့မန်စီးတီးပထမအသင်းသို့တက်လှမ်းလာမယ့်သူအဖြစ်ထင်ကြေးပေးခံထားရသူလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယခင်က SIU ဖြင့်အောင်ပွဲခံလေ့ရှိပေမဲ့ယခုရာသီတွင်မူ အောင်ပွဲခံမှုအသစ်ဖြင့် အေးချမ်းစွာအိပ်စက်တဲ့ပုံစံဖြင့်အောင်ပွဲခံနေတာဖြစ်ပါတယ်။သူ့ရဲ့အောင်ပွဲခံမှုအသစ်ဟာလည်းချက်ချင်းပင်ဘောလုံးကမ္ဘာအတွင်းနာမည်ကျော်ကြားလျက်ရှိပြီးယင်းပုံစံဖြင့်အောင်ပွဲခံမှုများစွာပြုလုပ်နေကြပါတယ်။
ZawGyi
ယူနိုက်တက်ဘက်သို့ ဟက်ထရစ်သွင်းယူပြီးနောက် ရော်နယ်ဒိုကဲ့သို့ အောင်ပွဲခံခဲ့တဲ့ မန်စီးတီးအကယ်ဒမီကစားသမား