
အဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုမှာမန်ချက်စတာယူနိုက်တက်သမိုင်းတွင်အမြဲတမ်းရှိနေမဲ့ကစားသမားဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနိုဝင်ဘာလတုန်းကယူနိုက်တက်နှင့်နှစ်ဦးသဘောတူညီစာချုပ်ဖျက်သိမ်းခဲ့သူဖြစ်ပြီး မကြာသေးမီတုန်းကဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းတန် ၂နှစ်ခွဲစာချုပ်ဖြင့်ပြောင်းရွှေ့ကစားခဲ့ပါတယ်။
အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာချန်ပီယံလိဂ်ကစားလိုပေမဲ့လည်း ဥရောပထိပ်သီးကလပ်များကသူ့ကိုကမ်းလှမ်းလာခြင်းမရှိမှုနဲ့အတူ အာရှကလပ်သို့ပြောင်းရန်ဆုံးဖြတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
Al Nassr သို့ပြောင်းခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီးအဲရစ်တန်ဟက်က “အတိတ်ကိုမပြောချင်ဘူး။အနာဂတ်ကိုပဲပြောကြစို့။ဘယ်အဆင့်မှာရှိတဲ့ဘောလုံးသမားမဆိုအရေးအကြီးဆုံးကကိုယ်ကစားတဲ့ပတ်ဝန်းကျင်နဲ့ပျော်ရွှင်နေမှုရှိဖို့ဖြစ်ပါတယ်။သူခေတ္တမပျော်ခဲ့ရလေတော့ပျော်ရွှင်မှုရောဘယ်သူမှမထင်တဲ့နေရာသစ်မှာအတွေ့အကြုံသစ်ပါရှာသွားမှုအပေါ်ဝမ်းသာပါတယ်။ကျွန်တော်စိတ်မကောင်းတာတစ်ခုပဲရှိတယ်။ယူနိုက်တက်မှာအဆုံးသတ်သွားတဲ့ပုံစံအပေါ်မှာပါ။ဒီအတွက်စိတ်မကောင်းပါဘူး။ပြီးတော့ကမ္ဘာ့ဖလားမှာကြုံခဲ့ရရောပဲ။အရန်ခုံမှာထိုင်ခဲ့ရတဲ့အပြင်အများကြီးမလုပ်ပြနိုင်ခဲ့ဘူး။ဒါပေမဲ့ဆော်ဒီမှာကြုံရမဲ့စာမျက်နှာသစ်အတွက်စိတ်ပျက်ဝမ်းနည်းစရာလား။သူ့ကစားသမားဘဝအဆုံးသတ်ပုံကိုစိတ်မကောင်းစရာလို့ထင်လား။လူတွေပြောဆိုနေမှုအပေါ်နားမလည်နိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။
ZawGyi
ယူႏိုက္တက္မွ ဆိုး႐ြားတဲ့ပုံစံျဖင့္ ထြက္ခြာကာ Al Nassr သို႔ ေျပာင္းခဲ့တဲ့ ေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး အဲရစ္တန္ဟက္ေျပာၾကားလာ
အဲရစ္တန္ဟက္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာမန္ခ်က္စတာယူႏိုက္တက္သမိုင္းတြင္အၿမဲတမ္းရွိေနမဲ့ကစားသမားျဖစ္ေၾကာင္းေျပာၾကားလာခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႏိုဝင္ဘာလတုန္းကယူႏိုက္တက္ႏွင့္ႏွစ္ဦးသေဘာတူညီစာခ်ဳပ္ဖ်က္သိမ္းခဲ့သူျဖစ္ၿပီး မၾကာေသးမီတုန္းကေဆာ္ဒီကလပ္ Al Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းတန္ ၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။
အသက္၃၇ႏွစ္ရွိေပၚတူဂီစူပါစတားဟာခ်န္ပီယံလိဂ္ကစားလိုေပမဲ့လည္း ဥေရာပထိပ္သီးကလပ္မ်ားကသူ႔ကိုကမ္းလွမ္းလာျခင္းမရွိမႈနဲ႔အတူ အာရွကလပ္သို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့ရတာလည္းျဖစ္ပါတယ္။
Al Nassr သို႔ေျပာင္းခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီးအဲရစ္တန္ဟက္က “အတိတ္ကိုမေျပာခ်င္ဘူး။အနာဂတ္ကိုပဲေျပာၾကစို႔။ဘယ္အဆင့္မွာရွိတဲ့ေဘာလုံးသမားမဆိုအေရးအႀကီးဆုံးကကိုယ္ကစားတဲ့ပတ္ဝန္းက်င္နဲ႔ေပ်ာ္႐ႊင္ေနမႈရွိဖို႔ျဖစ္ပါတယ္။သူေခတၱမေပ်ာ္ခဲ့ရေလေတာ့ေပ်ာ္႐ႊင္မႈေရာဘယ္သူမွမထင္တဲ့ေနရာသစ္မွာအေတြ႕အႀကဳံသစ္ပါရွာသြားမႈအေပၚဝမ္းသာပါတယ္။ကြၽန္ေတာ္စိတ္မေကာင္းတာတစ္ခုပဲရွိတယ္။ယူႏိုက္တက္မွာအဆုံးသတ္သြားတဲ့ပုံစံအေပၚမွာပါ။ဒီအတြက္စိတ္မေကာင္းပါဘူး။ၿပီးေတာ့ကမာၻ႔ဖလားမွာႀကဳံခဲ့ရေရာပဲ။အရန္ခုံမွာထိုင္ခဲ့ရတဲ့အျပင္အမ်ားႀကီးမလုပ္ျပႏိုင္ခဲ့ဘူး။ဒါေပမဲ့ေဆာ္ဒီမွာႀကဳံရမဲ့စာမ်က္ႏွာသစ္အတြက္စိတ္ပ်က္ဝမ္းနည္းစရာလား။သူ႔ကစားသမားဘဝအဆုံးသတ္ပုံကိုစိတ္မေကာင္းစရာလို႔ထင္လား။လူေတြေျပာဆိုေနမႈအေပၚနားမလည္ႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။