ယူနိုက်တက်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် ပေါ်တူဂီတစ်သင်းလုံးကို ညစာလိုက်ကျွေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ကလပ်လက်မဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီတစ်သင်းလုံးကိုညစာခေါ်ကျွေးခဲ့ပြီးကုန်ကျစရိတ်အားလုံးကိုငွေရှင်းပေးခဲ့ကြောင်းသိရပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဂါနာကိုအနိုင်ရတဲ့ပေါ်တူဂီရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးကလပ်လက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုကိုစည်းမျဉ်းစည်းကမ်းချိုးဖောက်တယ်ဆိုပြီးစာချုပ်ဖျက်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

Ballon d’Or ငါးကြိမ်ရရော်နယ်ဒိုဟာယူနိုက်တက်ကိုသစ္စာဖောက်တယ်လို့စွပ်စွဲခဲ့သလိုကလပ်ရဲ့အသင်းအပေါ်ရင်းနှီးမြှပ်နှံမှုနည်းပါးမှုကိုလည်းဝေဖန်ခဲ့သလို သူ့အပေါ်မလေးစားတဲ့အဲရစ်တန်ဟက်ကိုလည်းမလေးစားကြောင်းပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရပြီးနောက်ပထမဆုံးကမ္ဘာ့ဖလားပွဲတွင်ပေါ်တူဂီဟာဂါနာကို၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုမှာလည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းဂိုးကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်ပြိုင်ပွဲငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ယင်းနိုင်ပွဲအပြီးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီတစ်သင်းလုံးကိုAl Maha Island ရှိ Tatel del Doha စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားပြီးညစာကျွေးခဲ့ပါတယ်။

ယင်းစားသောက်ဆိုင်ကိုခရစ္စတီယာနိုရော်နယ်ဒိုကတင်းနစ်ဂန္ထဝင်ရာဖေးလ်နာဒယ်၊Mabel Hospitality တို့နှင့်ပူးပေါင်းကာဖွင့်လှစ်ထားတာဖြစ်ပါတယ်။

သူဟာပေါ်တူဂီတစ်သင်းလုံးရဲ့ညစာစားစရိတ်ကိုငွေရှင်းပေးခဲ့ကြောင်းသိရပါတယ်။

ပေါ်တူဂီဟာကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ်တနင်္လာနေ့တွင်ဥရုဂွေးနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ယူႏိုက္တက္မွ ထုတ္ပယ္ျခင္းခံရၿပီးေနာက္ ေပၚတူဂီတစ္သင္းလုံးကို ညစာလိုက္ေကြၽးခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ကလပ္လက္မဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီတစ္သင္းလုံးကိုညစာေခၚေကြၽးခဲ့ၿပီးကုန္က်စရိတ္အားလုံးကိုေငြရွင္းေပးခဲ့ေၾကာင္းသိရပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂါနာကိုအႏိုင္ရတဲ့ေပၚတူဂီရဲ႕ကမာၻ႔ဖလားအဖြင့္ပြဲမတိုင္မီယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရၿပီးကလပ္လက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္တယ္ဆိုၿပီးစာခ်ဳပ္ဖ်က္သိမ္းခဲ့တာလည္းျဖစ္ပါတယ္။

Ballon d’Or ငါးႀကိမ္ရေရာ္နယ္ဒိုဟာယူႏိုက္တက္ကိုသစၥာေဖာက္တယ္လို႔စြပ္စြဲခဲ့သလိုကလပ္ရဲ႕အသင္းအေပၚရင္းႏွီးျမႇပ္ႏွံမႈနည္းပါးမႈကိုလည္းေဝဖန္ခဲ့သလို သူ႔အေပၚမေလးစားတဲ့အဲရစ္တန္ဟက္ကိုလည္းမေလးစားေၾကာင္းေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရၿပီးေနာက္ပထမဆုံးကမာၻ႔ဖလားပြဲတြင္ေပၚတူဂီဟာဂါနာကို၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုမွာလည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းဂိုးေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္ၿပိဳင္ပြဲငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ယင္းႏိုင္ပြဲအၿပီးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီတစ္သင္းလုံးကိုAl Maha Island ရွိ Tatel del Doha စားေသာက္ဆိုင္သို႔ ေခၚေဆာင္သြားၿပီးညစာေကြၽးခဲ့ပါတယ္။

ယင္းစားေသာက္ဆိုင္ကိုခရစၥတီယာႏိုေရာ္နယ္ဒိုကတင္းနစ္ဂႏၴဝင္ရာေဖးလ္နာဒယ္၊Mabel Hospitality တို႔ႏွင့္ပူးေပါင္းကာဖြင့္လွစ္ထားတာျဖစ္ပါတယ္။

သူဟာေပၚတူဂီတစ္သင္းလုံးရဲ႕ညစာစားစရိတ္ကိုေငြရွင္းေပးခဲ့ေၾကာင္းသိရပါတယ္။

ေပၚတူဂီဟာကမာၻ႔ဖလားအုပ္စုဒုတိယပြဲစဥ္အျဖစ္တနလၤာေန႔တြင္ဥ႐ုေဂြးႏွင့္ရင္ဆိုင္ကစားရပါမယ္။