
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်မှာကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်အရန်ခုံမှာမကြုံစဖူးထိုင်နေရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတွင်ချန်ပီယံလိဂ်ကစားလိုမှုနှင့်အတူယူနိုက်တက်မှထွက်ခွာရေးကြိုးပမ်းခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။
ယင်းနောက်သူဟာယူနိုက်တက်တွင်ဆက်ကစားခဲ့ရာမှာတော့အရန်ခုံမှာသာထိုင်နေခဲ့ရပါတယ်။
သူဟာယူရိုပါလိဂ်တွင်ပွဲထွက်ကစားခွင့်ရနေပေမဲ့လည်းပရီးမီးယားလိဂ်မှာတော့တစ်ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။
ပေါ်တူဂီစူပါစတားဟာလာမယ့်ဇန်နဝါရီမှာအသင်းပြောင်းခွင့်ရရှိရေးကြိုးပမ်းလာမယ်လို့သတင်းထွက်နေပြီးယူနိုက်တက်ကလည်းထွက်ခွာခွင့်ပေးလာဖို့အသင့်ရှိနေပါတယ်။
ယခုအခါမှာတော့တူရကီထိပ်သီးဂါလာစာရေးကလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်ရေးအစွမ်းကုန်ကြိုးပမ်းမယ်လို့ပြောကြားလာပါတယ်။
ဂါလာတာစာရေးဥက္ကဌအာဒန်တီမော်ကဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်ရေးအစွမ်းကုန်လုပ်ဆောင်မယ်လို့အတည်ပြုလာတာပါ။
ဒါပေမဲ့တဖက်မှာဂါလာတာစာရေးကချန်ပီယံလိဂ်ကစားနေခြင်းမရှိတာကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဘက်ပြောင်းရွှေ့ဖို့စိတ်ဝင်စားပါ့မလားမေးခွန်းထုတ်စရာရှိနေပါတယ်။
ZawGyi
ယူႏိုက္တက္မွ ထြက္ခြာႏိုင္ေရးအတြက္ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ကမ္းလွမ္းလာမယ့္ တူရကီထိပ္သီး
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္မွာကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္အရန္ခုံမွာမႀကဳံစဖူးထိုင္ေနရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီတြင္ခ်န္ပီယံလိဂ္ကစားလိုမႈႏွင့္အတူယူႏိုက္တက္မွထြက္ခြာေရးႀကိဳးပမ္းခဲ့ေပမဲ့လည္း မေအာင္ျမင္ခဲ့ပါဘူး။
ယင္းေနာက္သူဟာယူႏိုက္တက္တြင္ဆက္ကစားခဲ့ရာမွာေတာ့အရန္ခုံမွာသာထိုင္ေနခဲ့ရပါတယ္။
သူဟာယူ႐ိုပါလိဂ္တြင္ပြဲထြက္ကစားခြင့္ရေနေပမဲ့လည္းပရီးမီးယားလိဂ္မွာေတာ့တစ္ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။
ေပၚတူဂီစူပါစတားဟာလာမယ့္ဇန္နဝါရီမွာအသင္းေျပာင္းခြင့္ရရွိေရးႀကိဳးပမ္းလာမယ္လို႔သတင္းထြက္ေနၿပီးယူႏိုက္တက္ကလည္းထြက္ခြာခြင့္ေပးလာဖို႔အသင့္ရွိေနပါတယ္။
ယခုအခါမွာေတာ့တူရကီထိပ္သီးဂါလာစာေရးကလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းမယ္လို႔ေျပာၾကားလာပါတယ္။
ဂါလာတာစာေရးဥကၠဌအာဒန္တီေမာ္ကဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္ေရးအစြမ္းကုန္လုပ္ေဆာင္မယ္လို႔အတည္ျပဳလာတာပါ။
ဒါေပမဲ့တဖက္မွာဂါလာတာစာေရးကခ်န္ပီယံလိဂ္ကစားေနျခင္းမရွိတာေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ေျပာင္းေ႐ႊ႕ဖို႔စိတ္ဝင္စားပါ့မလားေမးခြန္းထုတ္စရာရွိေနပါတယ္။