ယူနိုက်တက်ယာယီနည်းပြရာထူးအား ဂန္ထဝင်နောက်ခံလူစတိဗ်ဘရုစ်ရယူရန်ဆန္ဒပြင်းပြနေ

စတိဗ်ဘရုစ်ဟာမန်ချက်စတာယူနိုက်တက်တွင်ယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်ဆန္ဒပြင်းပြနေကြောင်းသိရပါတယ်။

ယူနိုက်တက်ဟာနောက်ဆုံးပရီးမီးယားလိဂ်၇ပွဲတွင်၅ပွဲမြောက်အရှုံးအဖြစ်ဝက်ဖို့ဒ်ကို၄-၁ဖြင့်ရှုံးနိမ့်ပြီးနောက်အိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

မန်ယူဟာရာသီအကုန်အထိကိုင်တွယ်ရန်ယာယီနည်းပြခန့်အပ်ရန်နည်းပြသစ်ရှာဖွေစဉ်အတွင်းမိုက်ကယ်ကာရစ်ကိုခန့်အပ်ထားပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရမန်ယူဂန္ထဝင်နောက်ခံလူစတိဗ်ဘရုစ်ဟာလစ်လပ်နေတဲ့အိုးထရက်ဖို့ဒ်ယာယီနည်းပြရာထူးကိုရယူရန်ဆန္ဒပြင်းပနေကြောင်းသိရပါတယ်။

စတိဗ်ဘရုစ်ဟာပြီးခဲ့တဲ့လတုန်းကနယူးကာဆယ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။အသက်၆၀နှစ်ရှိနည်းပြကသူဟာအသင်းဟောင်းရဲ့အဝတ်အစားလဲခန်းကိုတည်ငြိမ်လာအောင်ထိန်းသိမ်းမှုပြုလုပ်နိုင်တယ်လို့ယုံကြည်နေပါတယ်။

အင်္ဂလန်နှင့်အာဆင်နယ်နောက်ခံလူဟောင်းဆိုးလ်ကမ်းဘဲလ်ကစတိဗ်ဘရုစ်ကိုမန်ယူနည်းပြအဖြစ်ခန့်အပ်ရန်ထောက်ခံမှုပြုလုပ်ထားပါတယ်။

ဆိုးလ်ကမ်းဘဲလ်က “အိုလီနဲ့ထားခဲ့ပြီးအခြားတစ်ယောက်ကိုခေါ်ဆောင်ဖို့ဆိုတာငွေအများကြီးကုန်ကျပါတယ်။သူတို့မှာငွေအများကြီးသုံးနိုင်စွမ်းရှိတာသိပါတယ်။ဒါပေမယ့်နည်းပြစာရင်းကိုကြည့်ရပါမယ်။ဘယ်သူတွေဘယ်ရောက်နေလဲကြည့်ရပါမယ်။စတိဗ်ဘရုစ်ဆိုရင်ကောမကောင်းဘူးလား။ခြောက်လတည်းအတွက်လေ။ကျွန်တော်တော့မသိဘူး။ဘယ်သူများသိမှာလဲ”လို့ပြောကြားသွားပါတယ်။

စတိဗ်ဘရုစ်ဟာမန်ယူတွင်ကစားသမားအဖြစ်၉ရာသီကြာကျင်လည်ခဲ့သူဖြစ်ပြီးဆာအဲလက်စ်ဖာဂူဆန်အားပရီးမီးယားလိဂ်ခေတ်အစတွင်အောင်မြင်မှုများရရှိအောင်ကူညီခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး၁၉၉၆ခုနှစ်နွေရာသီတွင်ထွက်ခွာသွားခဲ့သူဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ယာယီနည္းျပရာထူးအား ဂႏၴဝင္ေနာက္ခံလူစတိဗ္ဘ႐ုစ္ရယူရန္ဆႏၵျပင္းျပေန

စတိဗ္ဘ႐ုစ္ဟာမန္ခ်က္စတာယူႏိုက္တက္တြင္ယာယီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ရန္ဆႏၵျပင္းျပေနေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ဟာေနာက္ဆုံးပရီးမီးယားလိဂ္၇ပြဲတြင္၅ပြဲေျမာက္အရႈံးအျဖစ္ဝက္ဖို႔ဒ္ကို၄-၁ျဖင့္ရႈံးနိမ့္ၿပီးေနာက္အိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။

မန္ယူဟာရာသီအကုန္အထိကိုင္တြယ္ရန္ယာယီနည္းျပခန႔္အပ္ရန္နည္းျပသစ္ရွာေဖြစဥ္အတြင္းမိုက္ကယ္ကာရစ္ကိုခန႔္အပ္ထားပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရမန္ယူဂႏၴဝင္ေနာက္ခံလူစတိဗ္ဘ႐ုစ္ဟာလစ္လပ္ေနတဲ့အိုးထရက္ဖို႔ဒ္ယာယီနည္းျပရာထူးကိုရယူရန္ဆႏၵျပင္းပေနေၾကာင္းသိရပါတယ္။

စတိဗ္ဘ႐ုစ္ဟာၿပီးခဲ့တဲ့လတုန္းကနယူးကာဆယ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။အသက္၆၀ႏွစ္ရွိနည္းျပကသူဟာအသင္းေဟာင္းရဲ႕အဝတ္အစားလဲခန္းကိုတည္ၿငိမ္လာေအာင္ထိန္းသိမ္းမႈျပဳလုပ္ႏိုင္တယ္လို႔ယုံၾကည္ေနပါတယ္။

အဂၤလန္ႏွင့္အာဆင္နယ္ေနာက္ခံလူေဟာင္းဆိုးလ္ကမ္းဘဲလ္ကစတိဗ္ဘ႐ုစ္ကိုမန္ယူနည္းျပအျဖစ္ခန႔္အပ္ရန္ေထာက္ခံမႈျပဳလုပ္ထားပါတယ္။

ဆိုးလ္ကမ္းဘဲလ္က “အိုလီနဲ႔ထားခဲ့ၿပီးအျခားတစ္ေယာက္ကိုေခၚေဆာင္ဖို႔ဆိုတာေငြအမ်ားႀကီးကုန္က်ပါတယ္။သူတို႔မွာေငြအမ်ားႀကီးသုံးႏိုင္စြမ္းရွိတာသိပါတယ္။ဒါေပမယ့္နည္းျပစာရင္းကိုၾကည့္ရပါမယ္။ဘယ္သူေတြဘယ္ေရာက္ေနလဲၾကည့္ရပါမယ္။စတိဗ္ဘ႐ုစ္ဆိုရင္ေကာမေကာင္းဘူးလား။ေျခာက္လတည္းအတြက္ေလ။ကြၽန္ေတာ္ေတာ့မသိဘူး။ဘယ္သူမ်ားသိမွာလဲ”လို႔ေျပာၾကားသြားပါတယ္။

စတိဗ္ဘ႐ုစ္ဟာမန္ယူတြင္ကစားသမားအျဖစ္၉ရာသီၾကာက်င္လည္ခဲ့သူျဖစ္ၿပီးဆာအဲလက္စ္ဖာဂူဆန္အားပရီးမီးယားလိဂ္ေခတ္အစတြင္ေအာင္ျမင္မႈမ်ားရရွိေအာင္ကူညီခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၿပီး၁၉၉၆ခုႏွစ္ေႏြရာသီတြင္ထြက္ခြာသြားခဲ့သူျဖစ္ပါတယ္။