
ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံလာရမှုနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်အတွင်းတွင်တစ်ပတ်လျှင်တစ်နေ့လျှင်ပေါင်၇၁၀၀၀နစ်နာဆုံးရှုံးလာပါတယ်။
အသက်၃၇နှစ်ရှိယူနိုက်တက်စူပါစတားဟောင်းဟာပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ Talk TV အင်တာဗျူးကြောင့်မကြာသေးမီတုန်းကယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
Ballon d’Or ငါးကြိမ်ဆုရခရစ္စတီယာနိုရော်နယ်ဒိုဟာကလပ်ကိုသူ့အားသစ္စာဖောက်တယ်လို့စွပ်စွဲသွားတဲ့အပြင် ကလပ်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွင်ရင်းနှီးမြှပ်နှံမှုမပြုလုပ်မှုအတွက်အပြင်းအထန်ဝေဖန်သွားခဲ့ပါတယ်။
ဒါပေမဲ့ပေါ်တူဂီအသင်းခေါင်းဆောင်ဟာသူ့အပေါ်မလေးစားတဲ့အဲရစ်တန်ဟက်ကိုလည်းပြန်လည်လေးစားသွားမည်မဟုတ်ကြောင်းဆိုသွားပါသေးတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀ ရှိနေတာဖြစ်ပြီးစာချုပ်သက်တမ်းမှာ၇လကျန်ပါသေးတယ်။
ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံလာရမှုနှင့်အတူတစ်နေ့လျှင်ပေါင်၇၁၀၀၀ အထိနစ်နာလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလက်ရှိအချိန်တွင်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အပြည့်အဝအာရုံစိုက်နေပြီးကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှအနာဂတ်ကိုစဉ်းစားလာဖို့ရှိနေပါတယ်။
ပေါ်တူဂီဟာယနေ့တွင်ဂါနာနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။
ZawGyi
ယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းခံရမႈေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ တစ္ေန႔လွ်င္ ေပါင္ ၇၁၀၀၀ နစ္နာလာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံလာရမႈႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပစဥ္အတြင္းတြင္တစ္ပတ္လွ်င္တစ္ေန႔လွ်င္ေပါင္၇၁၀၀၀နစ္နာဆုံးရႈံးလာပါတယ္။
အသက္၃၇ႏွစ္ရွိယူႏိုက္တက္စူပါစတားေဟာင္းဟာပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့ Talk TV အင္တာဗ်ဴးေၾကာင့္မၾကာေသးမီတုန္းကယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။
Ballon d’Or ငါးႀကိမ္ဆုရခရစၥတီယာႏိုေရာ္နယ္ဒိုဟာကလပ္ကိုသူ႔အားသစၥာေဖာက္တယ္လို႔စြပ္စြဲသြားတဲ့အျပင္ ကလပ္ရဲ႕အေရးပါတဲ့အစိတ္အပိုင္းတြင္ရင္းႏွီးျမႇပ္ႏွံမႈမျပဳလုပ္မႈအတြက္အျပင္းအထန္ေဝဖန္သြားခဲ့ပါတယ္။
ဒါေပမဲ့ေပၚတူဂီအသင္းေခါင္းေဆာင္ဟာသူ႔အေပၚမေလးစားတဲ့အဲရစ္တန္ဟက္ကိုလည္းျပန္လည္ေလးစားသြားမည္မဟုတ္ေၾကာင္းဆိုသြားပါေသးတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀ ရွိေနတာျဖစ္ၿပီးစာခ်ဳပ္သက္တမ္းမွာ၇လက်န္ပါေသးတယ္။
ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံလာရမႈႏွင့္အတူတစ္ေန႔လွ်င္ေပါင္၇၁၀၀၀ အထိနစ္နာလာပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလက္ရွိအခ်ိန္တြင္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အျပည့္အဝအာ႐ုံစိုက္ေနၿပီးကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္မွအနာဂတ္ကိုစဥ္းစားလာဖို႔ရွိေနပါတယ္။
ေပၚတူဂီဟာယေန႔တြင္ဂါနာႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားသြားရပါမယ္။