ယူနိုက်တက်ရဲ့ဇန်နဝါရီအပြောင်းအရွှေ့ပထမဆုံးခေါ်ယူလိုက်တဲ့ကစားသမားကို အဲရစ်တန်ဟက်အတည်ပြုလာ

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ယူနိုက်တက်တို့ပထမဆုံးခေါ်ယူလိုက်တဲ့ကစားသမားကိုအတည်ပြုလာပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာဂိုးသမားဂျက်ဘတ်လန်းကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာအငှားဖြင့်ခေါ်ယူထားတဲ့ဒူဘရာကာကိုနယူးကာဆယ်သို့ပြန်လည်စေလွှတ်လိုက်ရမှုနဲ့အတူ ဒီဂီယာ၊တွမ်ဟီတန်တို့အပြင်တတိယဂိုးသမားလိုအပ်နေခဲ့ပါတယ်။

အသက်၂၉နှစ်ရှိခရစ္စတယ်ပဲလေ့စ်ဂိုးသမားဘတ်လန်းဟာယခုဇန်နဝါရီတွင် ဒတ်ချ်လူမျိုးနည်းပြခေါ်ယူလိုက်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

ဘတ်လန်းဟာအင်္ဂလန်အသင်းအတွက်၉ပွဲကစားခဲ့သူဖြစ်ပြီး၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းတွင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

သူဟာရာသီအကုန်အထိယူနိုက်တက်တွင်အငှားဖြင့်ကစားသွားပါမယ်။

ဒတ်ချ်နည်းပြက “ကျွန်တော်တို့မှာလူငယ်အချို့ရှိတယ်။ကောင်းကောင်းလည်းကစားကြပါတယ်။ဒါပေမဲ့ပွဲတွေအများကြီးကစားစရာရှိနေတော့ဂိုးသမားကောင်းသုံးဦးလိုအပ်ပါတယ်။ဒါပေမဲ့ပြဿနာကြုံလာရင်ကိုယ်ရည်ရွယ်ထားတဲ့အတိုင်းဖြစ်လာဖို့အတွေ့အကြုံရှိသူလည်းဖြစ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဘတ်လန်းဟာပြီးခဲ့တဲ့ရာသီတုန်းကခရစ္စတယ်ပဲလေ့စ်ကိုအက်ဖ်အေဖလားဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလတွင်ပဲလေ့စ်သို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၁၀ပွဲတည်းသာကစားခွင့်ရထားပါတယ်။

ZawGyi

ယူႏိုက္တက္ရဲ႕ဇန္နဝါရီအေျပာင္းအေ႐ႊ႕ပထမဆုံးေခၚယူလိုက္တဲ့ကစားသမားကို အဲရစ္တန္ဟက္အတည္ျပဳလာ

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ယူႏိုက္တက္တို႔ပထမဆုံးေခၚယူလိုက္တဲ့ကစားသမားကိုအတည္ျပဳလာၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာဂိုးသမားဂ်က္ဘတ္လန္းကိုရာသီအကုန္အထိအငွားျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာအငွားျဖင့္ေခၚယူထားတဲ့ဒူဘရာကာကိုနယူးကာဆယ္သို႔ျပန္လည္ေစလႊတ္လိုက္ရမႈနဲ႔အတူ ဒီဂီယာ၊တြမ္ဟီတန္တို႔အျပင္တတိယဂိုးသမားလိုအပ္ေနခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိခရစၥတယ္ပဲေလ့စ္ဂိုးသမားဘတ္လန္းဟာယခုဇန္နဝါရီတြင္ ဒတ္ခ်္လူမ်ိဳးနည္းျပေခၚယူလိုက္တဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။

ဘတ္လန္းဟာအဂၤလန္အသင္းအတြက္၉ပြဲကစားခဲ့သူျဖစ္ၿပီး၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အသင္းတြင္ပါဝင္ခဲ့သူျဖစ္ပါတယ္။

သူဟာရာသီအကုန္အထိယူႏိုက္တက္တြင္အငွားျဖင့္ကစားသြားပါမယ္။

ဒတ္ခ်္နည္းျပက “ကြၽန္ေတာ္တို႔မွာလူငယ္အခ်ိဳ႕ရွိတယ္။ေကာင္းေကာင္းလည္းကစားၾကပါတယ္။ဒါေပမဲ့ပြဲေတြအမ်ားႀကီးကစားစရာရွိေနေတာ့ဂိုးသမားေကာင္းသုံးဦးလိုအပ္ပါတယ္။ဒါေပမဲ့ျပႆနာႀကဳံလာရင္ကိုယ္ရည္႐ြယ္ထားတဲ့အတိုင္းျဖစ္လာဖို႔အေတြ႕အႀကဳံရွိသူလည္းျဖစ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဘတ္လန္းဟာၿပီးခဲ့တဲ့ရာသီတုန္းကခရစၥတယ္ပဲေလ့စ္ကိုအက္ဖ္ေအဖလားဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ဒါေပမဲ့သူဟာ၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလတြင္ပဲေလ့စ္သို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၁၀ပြဲတည္းသာကစားခြင့္ရထားပါတယ္။