
မေဆင်ဂရင်းဝုဒ်ဟာဗလက္ကာယပြုကျင့်မှုစွပ်စွဲမှုမှလွတ်မြောက်လာခဲ့ပေမဲ့လည်းယူနိုက်တက်ရဲ့ထုတ်ပယ်ခြင်းခံရပါကတရုတ်တွင်ဘောလုံးသမားဘဝပြန်လည်စတင်ရန်စီစဉ်နေပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းကအမျိုးသမီးတစ်ဦးကိုထိန်းချုပ်ရန်ကြိုးပမ်းမှု၊ဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊ဒဏ်ရာရရှိအောင်တိုက်ခိုက်မှုတို့ဖြင့်ဖမ်းဆီးခံခဲ့ရပြီးအမှုရင်ဆိုင်နေခဲ့ရပါတယ်။
ဒါပေမဲ့ကြာသပတေးနေ့မှာတော့တရားရုံးကသက်သေ၁၂ဦးတို့ကထွက်ဆိုရန်ငြင်းဆိုမှုနဲ့အတူမေဆင်ဂရင်းဝုဒ်တွင်အပြစ်မရှိကြောင်းဆုံးဖြတ်ကာအမှုမှလွတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာမေဆင်ဂရင်းဝုဒ်အမှုကိုစစ်ဆေးမှုပြုလုပ်နေပြီးအသင်းနှင့်ပူးပေါင်းခွင့်မပေးသေးပါဘူး။
တဖက်တွင်ယူနိုက်တက်ပရိသတ်များကဗလက္ကာယပြုကျင့်ကြိုးပမ်းခဲ့မှုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရတဲ့မေဆင်ဂရင်းဝုဒ်မှာကလပ်အတွက်ကစားခွင့်မရရှိသင့်တော့ကြောင်းယုံကြည်ကာထုတ်ပယ်ရန်တောင်းဆိုနေကြပါတယ်။
မေဆင်ဂရင်းဝုဒ်ကိုယ်တိုင်ကလည်းအမှုရင်ဆိုင်ရစဉ်အတွင်းကလပ်ကသူ့ဘက်ကရပ်တည်ခြင်းမရှိမှုအပေါ်စိတ်ပျက်နေကာစာချုပ်ဖျက်သိမ်းခံရပါကတရုတ်တွင်ဘောလုံးသမားဘဝပြန်လည်စတင်ရန်စီစဉ်နေပါတယ်။
မေဆင်ဂရင်းဝုဒ်ရဲ့အတွင်းလူတစ်ဦးက “အခုအချိန်မှာသူဟာအနီရောင်အင်္ကျီ(ယူနိုက်တက်အင်္ကျီ)ကိုထပ်ပြီးတော့မဝတ်ချင်တော့ဘူး။သူ့ဘက်က ကလပ်မရပ်တည်ခဲ့ဘူးလို့ယုံကြည်နေတယ်။သူ့ဘက်ကထွက်သွားဖို့အသင့်ပဲ။တရုတ်သို့သွားကစားမှာ။အဲဒီမှာလခလည်းကောင်းကောင်းရမယ်။ကစားလည်းကစားရမယ်”လို့ပြောကြားသွားပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာအင်္ဂလန်တွင်ဆက်လက်ကစားပါကပွဲတိုင်းပြိုင်ဘက်ပရိသတ်များရဲ့တိုက်ခိုက်မှုကြုံရနိုင်မှုအပေါ်တွင်လည်းအကြီးအကျယ်စိုးရိမ်နေပါတယ်။
ZawGyi
ယူႏိုက္တက္ရဲ႕ထုတ္ပယ္ျခင္းခံရပါက အာရွတြင္ ေဘာလုံးသမားဘဝျပန္လည္စတင္ရန္ ေမဆင္ဂရင္းဝုဒ္စီစဥ္ေန
ေမဆင္ဂရင္းဝုဒ္ဟာဗလကၠာယျပဳက်င့္မႈစြပ္စြဲမႈမွလြတ္ေျမာက္လာခဲ့ေပမဲ့လည္းယူႏိုက္တက္ရဲ႕ထုတ္ပယ္ျခင္းခံရပါကတ႐ုတ္တြင္ေဘာလုံးသမားဘဝျပန္လည္စတင္ရန္စီစဥ္ေနပါတယ္။
ေမဆင္ဂရင္းဝုဒ္ဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလတုန္းကအမ်ိဳးသမီးတစ္ဦးကိုထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈ၊ဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊ဒဏ္ရာရရွိေအာင္တိုက္ခိုက္မႈတို႔ျဖင့္ဖမ္းဆီးခံခဲ့ရၿပီးအမႈရင္ဆိုင္ေနခဲ့ရပါတယ္။
ဒါေပမဲ့ၾကာသပေတးေန႔မွာေတာ့တရား႐ုံးကသက္ေသ၁၂ဦးတို႔ကထြက္ဆိုရန္ျငင္းဆိုမႈနဲ႔အတူေမဆင္ဂရင္းဝုဒ္တြင္အျပစ္မရွိေၾကာင္းဆုံးျဖတ္ကာအမႈမွလြတ္ေပးလိုက္ၿပီျဖစ္ပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာေမဆင္ဂရင္းဝုဒ္အမႈကိုစစ္ေဆးမႈျပဳလုပ္ေနၿပီးအသင္းႏွင့္ပူးေပါင္းခြင့္မေပးေသးပါဘူး။
တဖက္တြင္ယူႏိုက္တက္ပရိသတ္မ်ားကဗလကၠာယျပဳက်င့္ႀကိဳးပမ္းခဲ့မႈျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရတဲ့ေမဆင္ဂရင္းဝုဒ္မွာကလပ္အတြက္ကစားခြင့္မရရွိသင့္ေတာ့ေၾကာင္းယုံၾကည္ကာထုတ္ပယ္ရန္ေတာင္းဆိုေနၾကပါတယ္။
ေမဆင္ဂရင္းဝုဒ္ကိုယ္တိုင္ကလည္းအမႈရင္ဆိုင္ရစဥ္အတြင္းကလပ္ကသူ႔ဘက္ကရပ္တည္ျခင္းမရွိမႈအေပၚစိတ္ပ်က္ေနကာစာခ်ဳပ္ဖ်က္သိမ္းခံရပါကတ႐ုတ္တြင္ေဘာလုံးသမားဘဝျပန္လည္စတင္ရန္စီစဥ္ေနပါတယ္။
ေမဆင္ဂရင္းဝုဒ္ရဲ႕အတြင္းလူတစ္ဦးက “အခုအခ်ိန္မွာသူဟာအနီေရာင္အက်ႌ(ယူႏိုက္တက္အက်ႌ)ကိုထပ္ၿပီးေတာ့မဝတ္ခ်င္ေတာ့ဘူး။သူ႔ဘက္က ကလပ္မရပ္တည္ခဲ့ဘူးလို႔ယုံၾကည္ေနတယ္။သူ႔ဘက္ကထြက္သြားဖို႔အသင့္ပဲ။တ႐ုတ္သို႔သြားကစားမွာ။အဲဒီမွာလခလည္းေကာင္းေကာင္းရမယ္။ကစားလည္းကစားရမယ္”လို႔ေျပာၾကားသြားပါတယ္။
ေမဆင္ဂရင္းဝုဒ္ဟာအဂၤလန္တြင္ဆက္လက္ကစားပါကပြဲတိုင္းၿပိဳင္ဘက္ပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈႀကဳံရႏိုင္မႈအေပၚတြင္လည္းအႀကီးအက်ယ္စိုးရိမ္ေနပါတယ္။