
ကြာသပတေးနေ့တုန်းကမန်ချက်စတာယူနိုက်တက်ရဲ့ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အတွင်းတွင်ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိပြီးနောက်ဘက်တစ်ပရိသတ်လေးဦးဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်။
အဝေးကွင်းပရိသတ်များဟာအိုးထရက်ဖို့ဒ်ကွင်းအတွင်းတွင်မီးရှူးဖြင့်ပစ်ပေါက်ခြင်းပြုလုပ်ခဲ့တဲ့အပြင်မသန်မစွမ်းပရိသတ်များကြည့်ရာဧရိယာကိုလည်းအကြွေစေ့၊ဝက်အူချောင်းတို့ဖြင့်ပစ်ပေါက်ခဲ့ကြပါတယ်။
ဒါကြောင့်လည်းဝင်ရောက်ထိန်းသိမ်းမှုပြုလုပ်တဲ့ရဲတပ်ဖွဲ့ဝင်များနှင့်အဝေးကွင်းပရိသတ်များအကြားပြဿနာတက်ခဲ့ကြပြီးရဲတစ်ဦးဒဏ်ရာရရှိကာပရိသတ်လေးဦးဖမ်းဆီးခံခဲ့ရပါတယ်။
အိုထရက်ဖို့ဒ်တွင်ကစားတဲ့ယင်းပွဲကိုဘက်တစ်ပရိသတ်၃၉၀၀လာရောက်ကြည့်ခွင့်ရရှိခဲ့ပါတယ်။
ဘက်တစ်ပရိသတ်များဟာဘရူနိုဖာနန်ဒက်စ်ကယူနိုက်တက်အတွက်တတိယဂိုးကိုသွင်းယူလိုက်ချိန်တွင်ကွင်းအတွင်းပြဿနာရှာခဲ့ကြတာဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်တွင်ကစားတဲ့ပထမအကျော့ပွဲစဉ်တွင်ယူနိုက်တက်ဟာ၄-၁ဂိုးဖြင့်အနိုင်ရရှိပါတယ်။
ZawGyi
ယူနိုက်တက်ရဲ့ယူရိုပါလိဂ်ပွဲတွင် ဘက်တစ်ပရိသတ်များ သောင်းကျန်းမှုကြောင့် ရဲတစ်ဦးဒဏ်ရာရရှိပြီး ပရိသတ် ၄ ဦးဖမ်းဆီးခံခဲ့ရ

အိုးထရက်ဖို့ဒ်တွင်ကစားတဲ့ပထမအကျော့ပွဲစဉ်တွင်ယူနိုက်တက်ဟာ၎-၁ဂိုးဖြင့်အနိုင်ရရှိပါတယ်။