ယူနိုက်တက်ရဲ့ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူပြီး ပေါင် ၂ ဘီလီယံ ရင်းနှီးမြှပ်နှံလိုနေတဲ့ အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ

အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Elliott Management ဟာမန်ချက်စတာယူနိုက်တက်ရဲ့ရှယ်ယာ၆၀ရာခိုင်နှုန်းကိုဝယ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ယူနိုက်တက်ပိုင်ရှင်ဂလေဇာမိသားစုဟာနိုဝင်ဘာလကတည်းကယူနိုက်တက်ကိုရောင်းချရန်တံခါးဖွင့်ပေးလာခဲ့တာပါ။

ကာတာရဲ့ရှိတ်ဂျက်စ်ဆမ်ဘင်ဟာမက်အယ်သာနီနှင့် ဗြိတိန်ဘီလီယံနာဆာဂျမ်ရက်ကလစ်ဖ်တို့ကယူနိုက်တက်ကိုဝယ်ယူရန်အသီးသီးကမ်းလှမ်းထားကြပါတယ်။

ဒါပေမဲ့၎င်းတို့ရဲ့ကမ်းလှမ်းမှုမှာဂလေဇာမိသားစုလိုချင်တဲ့ပမာဏမျိုးမှာမရှိပါဘူး။လက်ရှိအချိန်တွင်၎င်းတို့ဟာယူနိုက်တက်ကိုရောင်းချရေးကြားဝင်လုပ်ဆောင်ပေးနေတဲ့ Raine Group ရဲ့တုံ့ပြန်မှုစောင့်ဆိုင်းနေတုန်းဖြစ်ပါတယ်။

တဖက်တွင် Daily Mail ရဲ့ဖော်ပြလာမှုအရ Elliott Management ဟာယူနိုက်တက်ရဲ့ရှယ်ယာ၆၀ရာခိုင်နှုန်းကိုဝယ်ယူရန် Raine Group ထံကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

၎င်းတို့ဟာယူနိုက်တက်တွင်ပေါင်၂ဘီလီယံရင်းနှီးမြှပ်နှံမှုပြုလုပ်ရန်ကမ်းလှမ်းထားတာဖြစ်ပြီး၎င်းတို့ဟာဂလေဇာမိသားစုအနေဖြင့်အသင်းကိုရောင်းချသည်ဖြစ်စေ၊ဆက်လက်ဦးစီးသည်ဖြစ်စေယင်းပမာဏအတိုင်းပင်ဆက်လက်ရင်းနှီးမြှပ်နှံသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းမှုပြုလုပ်ထားသူများဟာလာမယ့်ရက်အနည်းငယ်အတွင်းမှာ Raine Group ထံမှပြန်လည်အကြောင်းကြားမှုရရှိလာဖို့ရှိပါတယ်။

ကာတာနှင့်ဆာဂျမ်ရက်ကလစ်ဖ်တို့ဟာယူနိုက်တက်ကိုဝယ်ယူရေးပေါင်၄.၅ဘီလီယံဝန်းကျင်ဖြင့်သာကမ်းလှမ်းထားကြတာဖြစ်ပါတယ်။ဒါပေမဲ့ဂလေဇာမိသားစုကယူနိုက်တက်ကိုပေါင်၆ဘီလီယံရရှိမှသာလျှင်လက်လွှတ်လိုကြပါတယ်။

တဖက်တွင်ယူနိုက်တက်ပရိသတ်များကလည်းအသင်းကိုဂလေဇာလက်အောက်တွင်မရှိစေလိုတော့ဘဲပိုင်ရှင်သစ်လက်ထဲသို့ရောက်ရှိစေလိုကြပါတယ်။

ယူနိုက်တက်ပိုင်ရှင်ဂလေဇာဟာလာမယ့်ရာသီအထိ အသင်းကိုဆက်လက်ဦးဆောင်နေရဦးမည်ဆိုပါကနွေရာသီတွင်အသင်းရှိအရေးပါကစားသမားများကိုရောင်းချမှုပြုလုပ်ပြီး ကစားသမားသစ်ဝယ်ယူအားဖြည့်ရေးလုပ်ဆောင်ရန်စီစဉ်နေပါတယ်။

ဂလေဇာမိသားစုဟာနွေရာသီတွင်အသင်းကိုကစားသမားဝယ်ယူအားဖြည့်ရန်ငွေထုတ်ပေးနိုင်မှာမဟုတ်ဘဲကစားသမားရောင်းချပြီးတော့သာ ကစားသမားဝယ်ယူမှုပြုလုပ်လာစေပါမယ်။

ယူနိုက်တက်ဟာအဲရစ်တန်ဟက်လက်အောက်တွင်လမ်းကြောင်းမှန်ပေါ်သို့ရောက်နေပြီဖြစ်ပြီးခါရာဘောင်ဖလားဆွတ်ခူးထားပြီးဖြစ်ပါတယ်။ယူနိုက်တက်အနေဖြင့်လာမယ့်နွေရာသီတွင်အဲရစ်တန်ဟက်ကိုကစားသမားသစ်ခေါ်ယူရေးငွေကြေးထောက်ပံ့မှုပြုလုပ်လာပါကလာမယ့်ရာသီတွင်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်စိန်ခေါ်လာနိုင်မဲ့အနေအထားမှာရှိနေပါတယ်။

ZawGyi

ယူႏိုက္တက္ရဲ႕ရွယ္ယာ ၆၀ ရာခိုင္ႏႈန္းကို ဝယ္ယူၿပီး ေပါင္ ၂ ဘီလီယံ ရင္းႏွီးျမႇပ္ႏွံလိုေနတဲ့ အေမရိကန္ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ

အေမရိကန္ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ Elliott Management ဟာမန္ခ်က္စတာယူႏိုက္တက္ရဲ႕ရွယ္ယာ၆၀ရာခိုင္ႏႈန္းကိုဝယ္ယူရန္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ပိုင္ရွင္ဂေလဇာမိသားစုဟာႏိုဝင္ဘာလကတည္းကယူႏိုက္တက္ကိုေရာင္းခ်ရန္တံခါးဖြင့္ေပးလာခဲ့တာပါ။

ကာတာရဲ႕ရွိတ္ဂ်က္စ္ဆမ္ဘင္ဟာမက္အယ္သာနီႏွင့္ ၿဗိတိန္ဘီလီယံနာဆာဂ်မ္ရက္ကလစ္ဖ္တို႔ကယူႏိုက္တက္ကိုဝယ္ယူရန္အသီးသီးကမ္းလွမ္းထားၾကပါတယ္။

ဒါေပမဲ့၎တို႔ရဲ႕ကမ္းလွမ္းမႈမွာဂေလဇာမိသားစုလိုခ်င္တဲ့ပမာဏမ်ိဳးမွာမရွိပါဘူး။လက္ရွိအခ်ိန္တြင္၎တို႔ဟာယူႏိုက္တက္ကိုေရာင္းခ်ေရးၾကားဝင္လုပ္ေဆာင္ေပးေနတဲ့ Raine Group ရဲ႕တုံ႔ျပန္မႈေစာင့္ဆိုင္းေနတုန္းျဖစ္ပါတယ္။

တဖက္တြင္ Daily Mail ရဲ႕ေဖာ္ျပလာမႈအရ Elliott Management ဟာယူႏိုက္တက္ရဲ႕ရွယ္ယာ၆၀ရာခိုင္ႏႈန္းကိုဝယ္ယူရန္ Raine Group ထံကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

၎တို႔ဟာယူႏိုက္တက္တြင္ေပါင္၂ဘီလီယံရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ရန္ကမ္းလွမ္းထားတာျဖစ္ၿပီး၎တို႔ဟာဂေလဇာမိသားစုအေနျဖင့္အသင္းကိုေရာင္းခ်သည္ျဖစ္ေစ၊ဆက္လက္ဦးစီးသည္ျဖစ္ေစယင္းပမာဏအတိုင္းပင္ဆက္လက္ရင္းႏွီးျမႇပ္ႏွံသြားမွာျဖစ္ပါတယ္။

ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းမႈျပဳလုပ္ထားသူမ်ားဟာလာမယ့္ရက္အနည္းငယ္အတြင္းမွာ Raine Group ထံမွျပန္လည္အေၾကာင္းၾကားမႈရရွိလာဖို႔ရွိပါတယ္။

ကာတာႏွင့္ဆာဂ်မ္ရက္ကလစ္ဖ္တို႔ဟာယူႏိုက္တက္ကိုဝယ္ယူေရးေပါင္၄.၅ဘီလီယံဝန္းက်င္ျဖင့္သာကမ္းလွမ္းထားၾကတာျဖစ္ပါတယ္။ဒါေပမဲ့ဂေလဇာမိသားစုကယူႏိုက္တက္ကိုေပါင္၆ဘီလီယံရရွိမွသာလွ်င္လက္လႊတ္လိုၾကပါတယ္။

တဖက္တြင္ယူႏိုက္တက္ပရိသတ္မ်ားကလည္းအသင္းကိုဂေလဇာလက္ေအာက္တြင္မရွိေစလိုေတာ့ဘဲပိုင္ရွင္သစ္လက္ထဲသို႔ေရာက္ရွိေစလိုၾကပါတယ္။

ယူႏိုက္တက္ပိုင္ရွင္ဂေလဇာဟာလာမယ့္ရာသီအထိ အသင္းကိုဆက္လက္ဦးေဆာင္ေနရဦးမည္ဆိုပါကေႏြရာသီတြင္အသင္းရွိအေရးပါကစားသမားမ်ားကိုေရာင္းခ်မႈျပဳလုပ္ၿပီး ကစားသမားသစ္ဝယ္ယူအားျဖည့္ေရးလုပ္ေဆာင္ရန္စီစဥ္ေနပါတယ္။

ဂေလဇာမိသားစုဟာေႏြရာသီတြင္အသင္းကိုကစားသမားဝယ္ယူအားျဖည့္ရန္ေငြထုတ္ေပးႏိုင္မွာမဟုတ္ဘဲကစားသမားေရာင္းခ်ၿပီးေတာ့သာ ကစားသမားဝယ္ယူမႈျပဳလုပ္လာေစပါမယ္။

ယူႏိုက္တက္ဟာအဲရစ္တန္ဟက္လက္ေအာက္တြင္လမ္းေၾကာင္းမွန္ေပၚသို႔ေရာက္ေနၿပီျဖစ္ၿပီးခါရာေဘာင္ဖလားဆြတ္ခူးထားၿပီးျဖစ္ပါတယ္။ယူႏိုက္တက္အေနျဖင့္လာမယ့္ေႏြရာသီတြင္အဲရစ္တန္ဟက္ကိုကစားသမားသစ္ေခၚယူေရးေငြေၾကးေထာက္ပံ့မႈျပဳလုပ္လာပါကလာမယ့္ရာသီတြင္ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္စိန္ေခၚလာႏိုင္မဲ့အေနအထားမွာရွိေနပါတယ္။