ယူနိုက်တက်ရဲ့လာမယ့်ဘောလုံးရာသီအခြေအနေကို ရွိုင်ကိန်းခန့်မှန်းလာ

ရွိုင်ကိန်းကအဲရစ်တန်ဟက်ဦးဆောင်တဲ့မန်ချက်စတာယူနိုက်တက်မှာလာမယ့်ဘောလုံးရာသီတွင်ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်ဦးမည်မဟုတ်သေးကြောင်းပြောကြားလာပါတယ်။

ယူနိုက်တက်ဟာယခုနွေရာသီတွင်ဖီယင်နုမှမာလာစီယာတစ်ဦးကိုတည်းသာအားဖြည့်ထားရသေးပေမဲ့မကြာမီကာလအတွင်းတွင်အေဂျက်စ်ဗဟိုနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ရောက်လာတော့မှာဖြစ်ပါတယ်။ဒါ့အပြင်၎င်းတို့ဟာဖရန်ကီဒီဂျောင်နှင့်အေဂျက်စ်တောင်ပံကစားသမားအန်တိုနီတို့ကိုခေါ်ယူရေးကြိုးပမ်းနေပါသေးတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာယူနိုက်တက်ကိုပထမဆုံးကိုင်တွယ်တဲ့လီဗာပူးနှင့်ခြေစမ်းပွဲစဉ်တွင်၄-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းကတော့ယူနိုက်တက်မှာလီဗာပူးနှင့်မန်စီးတီးတို့ကိုလိုက်မီခြင်းမရှိသေးဘဲ လာမယ့်ရာသီတွင်ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်မည်မဟုတ်လို့ပြောကြားလာပါတယ်။

ရွိုင်ကိန်းက “မန်နေဂျာဟာကစားသမားအားဖြည့်ဖို့ငွေရလာပါမယ်။ဘယ်လိုခေါ်လာမလဲကြည့်ရမယ်။အသင်းကအတွေ့အကြုံရှိတဲ့ကစားသမားလေးငါးဦးထွက်သွားတာကောင်းတယ်လို့ထင်တယ်။ဒါပေမဲ့ယူနိုက်တက်ကလီဗာပူး၊မန်စီးတီးတို့ကိုယှဉ်ပြိုင်နိုင်မယ်လို့မထင်ပါဘူး”လို့ပြောကြားသွားပါတယ်။

စပါးစ်ဟာယခုနွေရာသီတွင်အိုင်ဗန်ပီရီဆစ်၊ဘစ်ဆူမာ၊ရီချာလီဆင်၊လင်ဂလက်တို့ကိုခေါ်ယူထားပါတယ်။ချဲလ်ဆီးမှာစတာလင်းကိုခေါ်ယူထားသလိုကူလီဘာလီမှာလည်းမကြာမီရောက်လာတော့မှာဖြစ်ပါတယ်။ အာဆင်နယ်မှာလည်းဖေဘီယိုဗီအဲရာ၊ဂျေဆူး၊မာကွင်ဟို့စ်တို့ကိုခေါ်ယူထားပါတယ်။

ဒါပေမဲ့ရွိုင်ကိန်းကစပါးစ်၊အာဆင်နယ်၊ချဲလ်ဆီးတို့မှာပရီးမီးယားလိဂ်ဖလားအတွက်လီဗာပူးနှင့်မန်စီးတီးတို့ကိုစိန်ခေါ်နိုင်ဦးမှာမဟုတ်သေးဘဲမန်စီးတီးသာပရီးမီးယားလိဂ်ဖလားကိုသုံးထပ်ကွမ်းရယူလာလိမ့်မယ်လို့ဆိုသွားပါတယ်။

ကိန်းက “သူတို့အနည်းငယ်ပိုကောင်းလာကြလိမ့်မယ်။သူတို့မှာအရည်အသွေးရှိတယ်။ကစားသမားအားဖြည့်ထားတယ်။ဒါပေမဲ့လီဗာပူး၊မန်စီးတီးတို့ကိုကျော်ကြည့်လို့မရပါဘူး။မန်စီးတီးမှာကအရမ်းကောင်းတဲ့ကစားသမားတွေပိုင်ဆိုင်ထားပြီးသားပါ။အာလင်းဟာလန်းကိုခေါ်ယူပြီး ပိုကောင်းအောင်လုပ်ထားတယ်။ပြီးတော့သူတို့မှာအကြီးကျယ်ဆုံးနည်းပြတွေထဲကတစ်ဦးဖြစ်တဲ့ဂွါဒီယိုလာကိုပိုင်ဆိုင်ထားတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူႏိုက္တက္ရဲ႕လာမယ့္ေဘာလုံးရာသီအေျခအေနကို ႐ြိဳင္ကိန္းခန႔္မွန္းလာ

႐ြိဳင္ကိန္းကအဲရစ္တန္ဟက္ဦးေဆာင္တဲ့မန္ခ်က္စတာယူႏိုက္တက္မွာလာမယ့္ေဘာလုံးရာသီတြင္ပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္ဦးမည္မဟုတ္ေသးေၾကာင္းေျပာၾကားလာပါတယ္။

ယူႏိုက္တက္ဟာယခုေႏြရာသီတြင္ဖီယင္ႏုမွမာလာစီယာတစ္ဦးကိုတည္းသာအားျဖည့္ထားရေသးေပမဲ့မၾကာမီကာလအတြင္းတြင္ေအဂ်က္စ္ဗဟိုေနာက္ခံလူလီဆန္ဒ႐ိုမာတီနက္ဇ္ေရာက္လာေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္၎တို႔ဟာဖရန္ကီဒီေဂ်ာင္ႏွင့္ေအဂ်က္စ္ေတာင္ပံကစားသမားအန္တိုနီတို႔ကိုေခၚယူေရးႀကိဳးပမ္းေနပါေသးတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာယူႏိုက္တက္ကိုပထမဆုံးကိုင္တြယ္တဲ့လီဗာပူးႏွင့္ေျခစမ္းပြဲစဥ္တြင္၄-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဂႏၴဝင္႐ြိဳင္ကိန္းကေတာ့ယူႏိုက္တက္မွာလီဗာပူးႏွင့္မန္စီးတီးတို႔ကိုလိုက္မီျခင္းမရွိေသးဘဲ လာမယ့္ရာသီတြင္ခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္မည္မဟုတ္လို႔ေျပာၾကားလာပါတယ္။

႐ြိဳင္ကိန္းက “မန္ေနဂ်ာဟာကစားသမားအားျဖည့္ဖို႔ေငြရလာပါမယ္။ဘယ္လိုေခၚလာမလဲၾကည့္ရမယ္။အသင္းကအေတြ႕အႀကဳံရွိတဲ့ကစားသမားေလးငါးဦးထြက္သြားတာေကာင္းတယ္လို႔ထင္တယ္။ဒါေပမဲ့ယူႏိုက္တက္ကလီဗာပူး၊မန္စီးတီးတို႔ကိုယွဥ္ၿပိဳင္ႏိုင္မယ္လို႔မထင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

စပါးစ္ဟာယခုေႏြရာသီတြင္အိုင္ဗန္ပီရီဆစ္၊ဘစ္ဆူမာ၊ရီခ်ာလီဆင္၊လင္ဂလက္တို႔ကိုေခၚယူထားပါတယ္။ခ်ဲလ္ဆီးမွာစတာလင္းကိုေခၚယူထားသလိုကူလီဘာလီမွာလည္းမၾကာမီေရာက္လာေတာ့မွာျဖစ္ပါတယ္။ အာဆင္နယ္မွာလည္းေဖဘီယိုဗီအဲရာ၊ေဂ်ဆူး၊မာကြင္ဟို႔စ္တို႔ကိုေခၚယူထားပါတယ္။

ဒါေပမဲ့႐ြိဳင္ကိန္းကစပါးစ္၊အာဆင္နယ္၊ခ်ဲလ္ဆီးတို႔မွာပရီးမီးယားလိဂ္ဖလားအတြက္လီဗာပူးႏွင့္မန္စီးတီးတို႔ကိုစိန္ေခၚႏိုင္ဦးမွာမဟုတ္ေသးဘဲမန္စီးတီးသာပရီးမီးယားလိဂ္ဖလားကိုသုံးထပ္ကြမ္းရယူလာလိမ့္မယ္လို႔ဆိုသြားပါတယ္။

ကိန္းက “သူတို႔အနည္းငယ္ပိုေကာင္းလာၾကလိမ့္မယ္။သူတို႔မွာအရည္အေသြးရွိတယ္။ကစားသမားအားျဖည့္ထားတယ္။ဒါေပမဲ့လီဗာပူး၊မန္စီးတီးတို႔ကိုေက်ာ္ၾကည့္လို႔မရပါဘူး။မန္စီးတီးမွာကအရမ္းေကာင္းတဲ့ကစားသမားေတြပိုင္ဆိုင္ထားၿပီးသားပါ။အာလင္းဟာလန္းကိုေခၚယူၿပီး ပိုေကာင္းေအာင္လုပ္ထားတယ္။ၿပီးေတာ့သူတို႔မွာအႀကီးက်ယ္ဆုံးနည္းျပေတြထဲကတစ္ဦးျဖစ္တဲ့ဂြါဒီယိုလာကိုပိုင္ဆိုင္ထားတယ္”လို႔ေျပာၾကားသြားပါတယ္။