
ခရစ္စတီယာနိုရော်နယ်ဒိုဟာအသက်ကြီးပြီးအတွေ့အကြုံရင့်ကျက်တဲ့စီနီယာများကိုလေးစားခြင်းမရှိတဲ့ယူနိုက်တက်လူငယ်ကစားသမားများကိုဝေဖန်သွားခဲ့ပြီးရောဘတ်တိုမာတီနက်ဇ်၊ ကက်စ်မီရိုနှင့်ဒီယေဂိုဒါလော့တို့မှာယူနိုက်တက်အတွက်ရာနှုန်းပြည့်ပေးဆပ်နေကြသူများဖြစ်ကြောင်းပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးကို TalkTV တွင်ဗုဒ္ဓဟူးနေ့တုန်းကစတင်ထုတ်လွှင့်မှုပြုလုပ်ခဲ့ပါတယ်။
ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာလူငယ်ကစားသမားများရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုနှင့်အပြုအမူများအပေါ်ဝေဖန်သွားခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုကလူငယ်များမှာအသက်ကြီးစီနီယာများကိုလေးစားမှုမရှိကြောင်းစွပ်စွဲသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက “သူတို့ဆာလောင်မှုကကွဲပြားတယ်။သူတို့ကလွယ်တာကိုပိုလုပ်တယ်။အားလုံးကလွယ်ကူတယ်။သူတို့မနာကျင်ဘူး။ပြီးတော့ဂရုလည်းမစိုက်ဘူး။မန်ချက်စတာယူနိုက်တက်ကအချို့ကိုပဲပြောချင်တာမဟုတ်ဘူး။ကမ္ဘာကအခြားလိဂ်ကအသင်းတိုင်းမှာလည်းဖြစ်ပျက်နေတာပါ။အခုခေတ်လူငယ်တွေကကျွန်တော်တို့မျိုးဆက်ကလူငယ်တွေလိုမဟုတ်တော့ပါဘူး။ဒါပေမဲ့ဒါကဘဝရဲ့အစိတ်အပိုင်းဆိုတော့သူတို့ကိုဝေဖန်လို့မရပါဘူး။မျိုးဆက်သစ်နဲ့နည်းပညာသစ်တွေကသူတို့ကိုအာရုံပြောင်းစေတယ်”လို့ပြောကြားသွားပါတယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအသက်၂၃နှစ်အရွယ်ရှိပေါ်တူဂီကစားဖော်ဒီယေဂိုဒါလော့ကိုမူချီးကျူးသွားခဲ့ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာကလပ်အတွက်အစွမ်းကုန်ပေးဆပ်နေတဲ့မာတီနက်ဇ်နှင့်ကက်စ်မီရိုတို့ကိုလည်းချီးကျူးသွားပါတယ်။
၎င်းက “မန်ချက်စတာယူနိုက်တက်မှာဆိုရင်တော့ဒါလော့ကိုဥပမာပေးလို့ရတယ်။သူကငယ်တယ်။ဒါပေမဲ့အရမ်းပရော်ဖက်ရှင်နယ်ဆန်တယ်။သူဟာငယ်ရွယ်တယ်၊ပါးနပ်တယ်၊ဉာဏ်ကောင်းတယ်၊ပြီးတော့ပရော်ဖက်ရှင်နယ်ဆန်တော့ဘောလုံးလောကမှာနှစ်ရှည်လများရှိနေမယ်ဆိုတာသံသယမဝင်ဘူး။မာတီနက်ဇ်၊ကက်စ်မီရိုတို့ကလည်းအသက်၃၀နှစ်ထဲမှာလေးစားရတဲ့သူတွေပါ။ဒါပေမဲ့ဒါလော့ကိုပဲပြောပါမယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ယူႏိုက္တက္လူငယ္မ်ားကို ေဝဖန္ကာ ကလပ္အတြက္ ရာႏႈန္းျပည့္ေပးဆပ္တဲ့ စတားသုံးဦးကို ခရစၥတီယာႏိုေရာ္နယ္ဒိုဖြင့္ခ်လာ
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသက္ႀကီးၿပီးအေတြ႕အႀကဳံရင့္က်က္တဲ့စီနီယာမ်ားကိုေလးစားျခင္းမရွိတဲ့ယူႏိုက္တက္လူငယ္ကစားသမားမ်ားကိုေဝဖန္သြားခဲ့ၿပီးေရာဘတ္တိုမာတီနက္ဇ္၊ ကက္စ္မီ႐ိုႏွင့္ဒီေယဂိုဒါေလာ့တို႔မွာယူႏိုက္တက္အတြက္ရာႏႈန္းျပည့္ေပးဆပ္ေနၾကသူမ်ားျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးကို TalkTV တြင္ဗုဒၶဟူးေန႔တုန္းကစတင္ထုတ္လႊင့္မႈျပဳလုပ္ခဲ့ပါတယ္။
ယင္းအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလူငယ္ကစားသမားမ်ားရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္မႈႏွင့္အျပဳအမူမ်ားအေပၚေဝဖန္သြားခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုကလူငယ္မ်ားမွာအသက္ႀကီးစီနီယာမ်ားကိုေလးစားမႈမရွိေၾကာင္းစြပ္စြဲသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုက “သူတို႔ဆာေလာင္မႈကကြဲျပားတယ္။သူတို႔ကလြယ္တာကိုပိုလုပ္တယ္။အားလုံးကလြယ္ကူတယ္။သူတို႔မနာက်င္ဘူး။ၿပီးေတာ့ဂ႐ုလည္းမစိုက္ဘူး။မန္ခ်က္စတာယူႏိုက္တက္ကအခ်ိဳ႕ကိုပဲေျပာခ်င္တာမဟုတ္ဘူး။ကမာၻကအျခားလိဂ္ကအသင္းတိုင္းမွာလည္းျဖစ္ပ်က္ေနတာပါ။အခုေခတ္လူငယ္ေတြကကြၽန္ေတာ္တို႔မ်ိဳးဆက္ကလူငယ္ေတြလိုမဟုတ္ေတာ့ပါဘူး။ဒါေပမဲ့ဒါကဘဝရဲ႕အစိတ္အပိုင္းဆိုေတာ့သူတို႔ကိုေဝဖန္လို႔မရပါဘူး။မ်ိဳးဆက္သစ္နဲ႔နည္းပညာသစ္ေတြကသူတို႔ကိုအာ႐ုံေျပာင္းေစတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသက္၂၃ႏွစ္အ႐ြယ္ရွိေပၚတူဂီကစားေဖာ္ဒီေယဂိုဒါေလာ့ကိုမူခ်ီးက်ဴးသြားခဲ့ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကလပ္အတြက္အစြမ္းကုန္ေပးဆပ္ေနတဲ့မာတီနက္ဇ္ႏွင့္ကက္စ္မီ႐ိုတို႔ကိုလည္းခ်ီးက်ဴးသြားပါတယ္။
၎က “မန္ခ်က္စတာယူႏိုက္တက္မွာဆိုရင္ေတာ့ဒါေလာ့ကိုဥပမာေပးလို႔ရတယ္။သူကငယ္တယ္။ဒါေပမဲ့အရမ္းပေရာ္ဖက္ရွင္နယ္ဆန္တယ္။သူဟာငယ္႐ြယ္တယ္၊ပါးနပ္တယ္၊ဉာဏ္ေကာင္းတယ္၊ၿပီးေတာ့ပေရာ္ဖက္ရွင္နယ္ဆန္ေတာ့ေဘာလုံးေလာကမွာႏွစ္ရွည္လမ်ားရွိေနမယ္ဆိုတာသံသယမဝင္ဘူး။မာတီနက္ဇ္၊ကက္စ္မီ႐ိုတို႔ကလည္းအသက္၃၀ႏွစ္ထဲမွာေလးစားရတဲ့သူေတြပါ။ဒါေပမဲ့ဒါေလာ့ကိုပဲေျပာပါမယ္”လို႔ေျပာၾကားသြားပါတယ္။