ယူနိုက်တက်လေ့ကျင့်ရေးကွင်းတွင် စီနီယာကစားသမားနှစ်ဦး ရန်ဖြစ်ခဲ့မှုဖြစ်ပွား

ကာရင်တန်လေ့ကျင့်ရေးကွင်းတွင်ယူနိုက်တက်စီနီယာကစားသမားနှစ်ဦးအချင်းများမှုနဲ့အတူ ယူနိုက်တက်ရဲ့ရာသီကအဆိုးရွားဆုံးအခြေအနေမျိုးနဲ့ပိတ်သိမ်းရဖို့ရှိနေပြီဖြစ်ပါတယ်။

ယူနိုက်တက်စီနီယာကစားသမားနှစ်ဦးတို့ဟာကြာသပတေးနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်အချင်းများခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားနှစ်ဦးတို့ဟာအချင်းများခဲ့ကြပေမဲ့ကစားဖော်များကဝင်ရောက်ဖြေဖျန်မှုပြုလုပ်ခဲ့ရပါတယ်။

ယူနိုက်တက်နည်းပြရန်းနစ်ခ်ကယင်းအချင်းများမှုကြောင့်ကစားသမားအားလုံးကိုအဝတ်အစားလဲခန်းသို့ဝင်ရန်အမိန့်ပေးခဲ့ရပါတယ်။

ယူနိုက်တက်နည်းပြရန်းနစ်ခ်ဟာစနေနေ့တုန်းကဘရိုက်တန်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ယခုအပတ်တွင်ပွဲကစားရန်မရှိမှုနဲ့အတူကစားသမားများကိုလေးရက်အထိအနားပေးခဲ့ပြီးပြန်လည်လေ့ကျင့်ခန်းဆင်းချိန်တွင်အချင်းမှုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္ေလ့က်င့္ေရးကြင္းတြင္ စီနီယာကစားသမားႏွစ္ဦး ရန္ျဖစ္ခဲ့မႈျဖစ္ပြား

ကာရင္တန္ေလ့က်င့္ေရးကြင္းတြင္ယူႏိုက္တက္စီနီယာကစားသမားႏွစ္ဦးအခ်င္းမ်ားမႈနဲ႔အတူ ယူႏိုက္တက္ရဲ႕ရာသီကအဆိုး႐ြားဆုံးအေျခအေနမ်ိဳးနဲ႔ပိတ္သိမ္းရဖို႔ရွိေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္စီနီယာကစားသမားႏွစ္ဦးတို႔ဟာၾကာသပေတးေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္အခ်င္းမ်ားခဲ့ၾကတာျဖစ္ပါတယ္။

ယူႏိုက္တက္ကစားသမားႏွစ္ဦးတို႔ဟာအခ်င္းမ်ားခဲ့ၾကေပမဲ့ကစားေဖာ္မ်ားကဝင္ေရာက္ေျဖဖ်န္မႈျပဳလုပ္ခဲ့ရပါတယ္။

ယူႏိုက္တက္နည္းျပရန္းနစ္ခ္ကယင္းအခ်င္းမ်ားမႈေၾကာင့္ကစားသမားအားလုံးကိုအဝတ္အစားလဲခန္းသို႔ဝင္ရန္အမိန႔္ေပးခဲ့ရပါတယ္။

ယူႏိုက္တက္နည္းျပရန္းနစ္ခ္ဟာစေနေန႔တုန္းကဘ႐ိုက္တန္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ယခုအပတ္တြင္ပြဲကစားရန္မရွိမႈနဲ႔အတူကစားသမားမ်ားကိုေလးရက္အထိအနားေပးခဲ့ၿပီးျပန္လည္ေလ့က်င့္ခန္းဆင္းခ်ိန္တြင္အခ်င္းမႈျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။