ယူနိုက်တက်သို့ အပြောင်းအရွှေ့အပြီးသတ်ရန် အင်္ဂလန်သို့ မာတီနက်ဇ် ရောက်နေပြီ

လီဆန်ဒရိုမာတီနက်ဇ်ဟာမန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ရေးအပြီးသတ်ရန်ဆေးစစ်ဆေးမှုပြုလုပ်ရန်အတွက်အင်္ဂလန်သို့ရောက်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်ကတည်းကလီဆန်ဒရိုမာတီနက်ဇ်အားပေါင်၄၆သန်းဖြင့်ခေါ်ယူရန် အေဂျက်စ်နှင့်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။မာတီနက်ဇ်ဟာအာဆင်နယ်ရဲ့ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့လည်း ဆရာဟောင်းဖြစ်သူအဲရစ်တန်ဟက်နှင့်လက်တွဲရန်ယူနိုက်တက်ကိုရွေးချယ်လာတာဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူမာတီနက်ဇ်ဟာယခုနွေရာသီတွင်အဲရစ်တင်ဟက်ရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာပါမယ်။

ယူနိုက်တက်ဟာဖီယင်နုဘယ်နောက်ခံလူမာလာစီယာကိုပေါင်၁၃သန်းဖြင့်ခေါ်ယူထားပြီးဖြစ်သလိုခရစ္စတီယန်အဲရစ်ဆင်ကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားပြီးဖြစ်ပါတယ်။

မာတီနက်ဇ်ဟာအမ်စတာဒမ်ရှိ Schiphol Airport မှစင်းလုံးငှားလေယာဉ်ဖြင့် အေးဂျင့်ခရစ္စတီယန်ဘရာဂါရစ်ခ်နဲ့အတူ မန်ချက်စတာသို့ရောက်လာနေပြီဖြစ်ပါတယ်။

သူဟာဆေးစစ်ဆေးမှုပြုလုပ်ကာအပြောင်းအရွှေ့အပြီးသတ်ပြီးပါက ယူနိုက်တက်ရဲ့ဩစတြေးလျရာသီကြိုခရီးစဉ်နှင့်ပူးပေါင်းသွားပါမယ်။

ZawGyi

ယူႏိုက္တက္သို႔ အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္ အဂၤလန္သို႔ မာတီနက္ဇ္ ေရာက္ေနၿပီ

လီဆန္ဒ႐ိုမာတီနက္ဇ္ဟာမန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ရန္ေဆးစစ္ေဆးမႈျပဳလုပ္ရန္အတြက္အဂၤလန္သို႔ေရာက္ေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာလြန္ခဲ့တဲ့ရက္အနည္းငယ္ခန႔္ကတည္းကလီဆန္ဒ႐ိုမာတီနက္ဇ္အားေပါင္၄၆သန္းျဖင့္ေခၚယူရန္ ေအဂ်က္စ္ႏွင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။မာတီနက္ဇ္ဟာအာဆင္နယ္ရဲ႕ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့လည္း ဆရာေဟာင္းျဖစ္သူအဲရစ္တန္ဟက္ႏွင့္လက္တြဲရန္ယူႏိုက္တက္ကိုေ႐ြးခ်ယ္လာတာျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူမာတီနက္ဇ္ဟာယခုေႏြရာသီတြင္အဲရစ္တင္ဟက္ရဲ႕တတိယေျမာက္ေခၚယူမႈျဖစ္လာပါမယ္။

ယူႏိုက္တက္ဟာဖီယင္ႏုဘယ္ေနာက္ခံလူမာလာစီယာကိုေပါင္၁၃သန္းျဖင့္ေခၚယူထားၿပီးျဖစ္သလိုခရစၥတီယန္အဲရစ္ဆင္ကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူထားၿပီးျဖစ္ပါတယ္။

မာတီနက္ဇ္ဟာအမ္စတာဒမ္ရွိ Schiphol Airport မွစင္းလုံးငွားေလယာဥ္ျဖင့္ ေအးဂ်င့္ခရစၥတီယန္ဘရာဂါရစ္ခ္နဲ႔အတူ မန္ခ်က္စတာသို႔ေရာက္လာေနၿပီျဖစ္ပါတယ္။

သူဟာေဆးစစ္ေဆးမႈျပဳလုပ္ကာအေျပာင္းအေ႐ႊ႕အၿပီးသတ္ၿပီးပါက ယူႏိုက္တက္ရဲ႕ဩစေၾတးလ်ရာသီႀကိဳခရီးစဥ္ႏွင့္ပူးေပါင္းသြားပါမယ္။