ယူနိုက်တက်အင်္ကျီအား လက်မှတ်ထိုးပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာတူရင်သို့ဂျူဗင်တပ်သို့ပြောင်းရွှေ့ရေးအပြီးသတ်ရန်ရောက်ရှိနေစဉ်မန်ချက်စတာယူနိုက်တက်အင်္ကျီတစ်ထည်တွင်အမှတ်တရလက်မှတ်ထိုးပေးရန်တောင်းဆိုခြင်းခံခဲ့ရပါတယ်။

ပြင်သစ်လက်ရွေးစင်ဟာပြီးခဲ့တဲ့လတုန်းကယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးထွက်ခွာလာခဲ့ပါတယ်။

သူဟာသောကြာနေ့တုန်းကအသင်းဟောင်းဂျူဗင်တပ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရန် တူရင်သို့စင်းလုံးငှားဂျက်လေယာဉ်ဖြင့်ရောက်လာခဲ့ပါတယ်။

သူဟာဂျူဗင်တပ်ပရိသတ်အုပ်စုရဲ့ကြိုဆိုခြင်းခံခဲ့ရပါတယ်။သူဟာပရိသတ်များနှင့်အတူဓာတ်ပုံရိုက်ကူးခြင်း၊အမှတ်တရလက်မှတ်ရေးထိုးပေးခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်တစ်ဦးကတော့ယူနိုက်တက်အင်္ကျီတွင်လက်မှတ်ထိုးပေးရန်တောင်းဆိုလာခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာလက်ညှိုးကိုခါယမ်းကာငြင်းပယ်ခဲ့ပြီးလက်မှတ်ထိုးပေးရန်ငြင်းဆိုခဲ့ကာဂျူဗင်တပ်အင်္ကျီများကိုသာလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာယူနိုက်တက်သို့ကလပ်သမိုင်းတွင်အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီးနောက်ခါရာဘောင်ဖလားနှင့်ယူရိုပါလိဂ်ဖလားတို့သာဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ယူႏိုက္တက္အက်ႌအား လက္မွတ္ထိုးေပးရန္ ေတာင္းဆိုမႈကို ခ်က္ခ်င္းတုံ႔ျပန္ခဲ့တဲ့ ေပါလ္ေပါ့ဘာ

ေပါလ္ေပါ့ဘာဟာတူရင္သို႔ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ရန္ေရာက္ရွိေနစဥ္မန္ခ်က္စတာယူႏိုက္တက္အက်ႌတစ္ထည္တြင္အမွတ္တရလက္မွတ္ထိုးေပးရန္ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ဟာၿပီးခဲ့တဲ့လတုန္းကယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးထြက္ခြာလာခဲ့ပါတယ္။

သူဟာေသာၾကာေန႔တုန္းကအသင္းေဟာင္းဂ်ဴဗင္တပ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းရန္ တူရင္သို႔စင္းလုံးငွားဂ်က္ေလယာဥ္ျဖင့္ေရာက္လာခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္ပရိသတ္အုပ္စုရဲ႕ႀကိဳဆိုျခင္းခံခဲ့ရပါတယ္။သူဟာပရိသတ္မ်ားႏွင့္အတူဓာတ္ပုံ႐ိုက္ကူးျခင္း၊အမွတ္တရလက္မွတ္ေရးထိုးေပးျခင္းတို႔ျပဳလုပ္ခဲ့ပါတယ္။ဒါေပမဲ့ပရိသတ္တစ္ဦးကေတာ့ယူႏိုက္တက္အက်ႌတြင္လက္မွတ္ထိုးေပးရန္ေတာင္းဆိုလာခဲ့ပါတယ္။

ေပါလ္ေပါ့ဘာဟာလက္ညႇိဳးကိုခါယမ္းကာျငင္းပယ္ခဲ့ၿပီးလက္မွတ္ထိုးေပးရန္ျငင္းဆိုခဲ့ကာဂ်ဴဗင္တပ္အက်ႌမ်ားကိုသာလက္မွတ္ေရးထိုးေပးခဲ့ပါတယ္။

ေပါလ္ေပါ့ဘာဟာယူႏိုက္တက္သို႔ကလပ္သမိုင္းတြင္အျမင့္မားဆုံးေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာၿပီးေနာက္ခါရာေဘာင္ဖလားႏွင့္ယူ႐ိုပါလိဂ္ဖလားတို႔သာဆြတ္ခူးႏိုင္ခဲ့ပါတယ္။