ယူနိုက်တက်အတွက် တစ်မိနစ်မျှ မကစားရပေမဲ့ ဥရုဂွေးရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်နေတဲ့ ဖာကန်ဒိုပယ်လစ်စထရီ

မန်ချက်စတာယူနိုက်တက်ပါရမီရှင်ကစားသမားဖာကန်ဒိုပယ်လစ်စထရီဟာယခုရာသီတွင်ယူနိုက်တက်အတွက်တစ်မိနစ်မျှပင်ကစားခွင့်မရသေးပေမဲ့လည်းဥရုဂွေးရဲ့၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လူစာရင်းတွင်ပါဝင်နေပါတယ်။

အသက်၂၀နှစ်ရှိပယ်လစ်စထရီဟာ၂၀၂၀ခုနှစ်တွင်ပီနာရိုးလ်မှယူနိုက်တက်သို့ပေါင်၇.၂သန်းဖြင့်ရောက်လာသူဖြစ်ပြီးယူနိုက်တက်အနာဂတ်တွင်အရေးပါတဲ့သူဖြစ်လာမယ်လို့ခန့်မှန်းခံထားရပါတယ်။

တောင်ပံတိုက်စစ်သမားဟာယူနိုက်တက်ပထမအသင်းအတွက်တစ်ပွဲမျှပင်ကစားခွင့်မရသေးဘဲ ယူနိုက်တက်ယူ-၂၁အသင်းအတွက်သာကစားခွင့်ရထားပါတယ်။

သူဟာယူနိုက်တက်ယူ-၂၁အသင်းအတွက်၉ပွဲကစားထားရာမှာ၃ဂိုးသွင်းပြီး၁ကြိမ်ဖန်တီးထားပါတယ်။

ဒါပေမဲ့လည်းဥရုဂွေးနည်းပြဒီယေဂိုအလွန်ဆိုဟာသူ့ရဲ့လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဏာမလူစာရင်းထဲတွင်ပယ်လစ်စထရီကိုထည့်သွင်းထားပါတယ်။ဒါကြောင့်လည်းပယ်လစ်စထရီအနေဖြင့်ဥရုဂွေးအပြီးသတ်ကမ္ဘာ့ဖလားလူစာရင်းမှာချန်လှပ်ခံလာနိုင်သေးပါဘူး။

သူဟာဇန်နဝါရီ၊ မတ်လ၊ဇွန်နှင့်စက်တင်ဘာတုန်းကဥရုဂွေးအသင်းရဲ့ပွဲစဉ်များအတွက်လူစာရင်းတွင်ရွေးချယ်ခံလာရသူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကအလာဗက်စ်သို့အငှားဖြင့်သွားရောက်ကစားစဉ်အတွင်း၃၅ပွဲအထိကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

ဥရုဂွေးရဲ့ကမ္ဘာ့ဖလားပဏာမလူစာရင်းတွင်ရီးရဲလ်မက်ဒရစ်ရဲ့ဗယ်ဗာဒီ၊စပါးစ်မှဘန်တန်ကော်၊လီဗာပူးရဲ့ဒါဝင်နူနက်ဇ်၊ဗလင်စီယာမှအက်ဒီဆင်ကာဗာနီ၊နာစီယွန်နယ်မှလူးဝစ်ဆွာရက်ဇ်တို့ပါဝင်နေပါတယ်။

ZawGyi

ယူႏိုက္တက္အတြက္ တစ္မိနစ္မွ် မကစားရေပမဲ့ ဥ႐ုေဂြးရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ ပါဝင္ေနတဲ့ ဖာကန္ဒိုပယ္လစ္စထရီ

မန္ခ်က္စတာယူႏိုက္တက္ပါရမီရွင္ကစားသမားဖာကန္ဒိုပယ္လစ္စထရီဟာယခုရာသီတြင္ယူႏိုက္တက္အတြက္တစ္မိနစ္မွ်ပင္ကစားခြင့္မရေသးေပမဲ့လည္းဥ႐ုေဂြးရဲ႕၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္လူစာရင္းတြင္ပါဝင္ေနပါတယ္။

အသက္၂၀ႏွစ္ရွိပယ္လစ္စထရီဟာ၂၀၂၀ခုႏွစ္တြင္ပီနာ႐ိုးလ္မွယူႏိုက္တက္သို႔ေပါင္၇.၂သန္းျဖင့္ေရာက္လာသူျဖစ္ၿပီးယူႏိုက္တက္အနာဂတ္တြင္အေရးပါတဲ့သူျဖစ္လာမယ္လို႔ခန႔္မွန္းခံထားရပါတယ္။

ေတာင္ပံတိုက္စစ္သမားဟာယူႏိုက္တက္ပထမအသင္းအတြက္တစ္ပြဲမွ်ပင္ကစားခြင့္မရေသးဘဲ ယူႏိုက္တက္ယူ-၂၁အသင္းအတြက္သာကစားခြင့္ရထားပါတယ္။

သူဟာယူႏိုက္တက္ယူ-၂၁အသင္းအတြက္၉ပြဲကစားထားရာမွာ၃ဂိုးသြင္းၿပီး၁ႀကိမ္ဖန္တီးထားပါတယ္။

ဒါေပမဲ့လည္းဥ႐ုေဂြးနည္းျပဒီေယဂိုအလြန္ဆိုဟာသူ႔ရဲ႕လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ပဏာမလူစာရင္းထဲတြင္ပယ္လစ္စထရီကိုထည့္သြင္းထားပါတယ္။ဒါေၾကာင့္လည္းပယ္လစ္စထရီအေနျဖင့္ဥ႐ုေဂြးအၿပီးသတ္ကမာၻ႔ဖလားလူစာရင္းမွာခ်န္လွပ္ခံလာႏိုင္ေသးပါဘူး။

သူဟာဇန္နဝါရီ၊ မတ္လ၊ဇြန္ႏွင့္စက္တင္ဘာတုန္းကဥ႐ုေဂြးအသင္းရဲ႕ပြဲစဥ္မ်ားအတြက္လူစာရင္းတြင္ေ႐ြးခ်ယ္ခံလာရသူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကအလာဗက္စ္သို႔အငွားျဖင့္သြားေရာက္ကစားစဥ္အတြင္း၃၅ပြဲအထိကစားခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

ဥ႐ုေဂြးရဲ႕ကမာၻ႔ဖလားပဏာမလူစာရင္းတြင္ရီးရဲလ္မက္ဒရစ္ရဲ႕ဗယ္ဗာဒီ၊စပါးစ္မွဘန္တန္ေကာ္၊လီဗာပူးရဲ႕ဒါဝင္ႏူနက္ဇ္၊ဗလင္စီယာမွအက္ဒီဆင္ကာဗာနီ၊နာစီယြန္နယ္မွလူးဝစ္ဆြာရက္ဇ္တို႔ပါဝင္ေနပါတယ္။