
ဖီးလ်ဂျုံးစ်ဟာ၂၀၁၁ခုနှစ်တွင်မန်ချက်စတာယူနိုက်တက်ထံသို့ပြောင်းရွှေ့လာပြီးတဲ့နောက်ကလပ်ထံမှလုပ်ခစုစုပေါင်းပေါင်၄၂.၁သန်းအထိရယူထားနိုင်ကြောင်းသိရပါတယ်။
ယူနိုက်တက်ရဲ့အမေ့ခံကစားသမားဟာယခုရာသီတွင်လည်းဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရမှုနှင့်အတူတစ်ပွဲမျှကစားခွင့်မရထားပါဘူး။
ဂျုုံးစ်ဟာပြီးခဲ့တဲ့ရာသီများအတွင်းတွင်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်းတွင်၂၁ပွဲတည်းသာကစားထားနိုင်ပါတယ်။
သူဟာ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလတွင်ယူနိုက်တက်နှင့်လေးနှစ်ခွဲစာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၁၁၀၀၀၀အထိရရှိလာခဲ့ပါတယ်။
သူဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်နောက်ပိုင်းတွင်ယူနိုက်တက်ထံမှလုပ်ခပေါင်၂၈.၅သန်းအထိရရှိလာခဲ့ပါတယ်။
အသက်၃၁နှစ်ရှိဂျုံးစ်ဟာ၂၀၁၁ခုနှစ်တွင်ဘလက်ဘန်းမှပေါင်၁၆သန်းဖြင့်ယူနိုက်တက်သို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။
သူဟာယူနိုက်တက်တွင်ကစားတဲ့ပထမလေးရာသီတွင်လုပ်ခပေါင်၅၉၀၀၀သာရရှိခဲ့ပြီး၂၀၁၅ခုနှစ်တွင်စာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၇၄၀၀၀ရရှိလာပါတယ်။ယင်းနောက်၃နှစ်အကြာတွင်သူဟာလုပ်ခပေါင်၁၁၀၀၀၀အထိရရှိလာခဲ့တာလည်းဖြစ်ပါတယ်။
သူဟာယူနိုက်တက်အစောပိုင်းကာလတွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြခဲ့သူဖြစ်ပြီး အနာဂတ်အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ချီးကျူးပြောဆိုခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာဒဏ်ရာပြဿနာများကြုံတွေ့ရပြီးနောက်ကစားသမားဘဝနိမ့်ကျလာခဲ့တာလည်းဖြစ်ပါတယ်။
သူဟာယူနိုက်တက်အတွက်စုစုပေါင်း၂၂၉ပွဲကစားထားပါတယ်။
ZawGyi
ယူႏိုက္တက္အတြက္ ၄ ႏွစ္အတြင္း ၂၁ ပြဲတည္းသာ ကစားထားရေပမဲ့ ေပါင္ ၄၂.၁ သန္းအထိ ရယူထားႏိုင္တဲ့ ဖီးလ္ဂ်ဳံးစ္
ဖီးလ္ဂ်ဳံးစ္ဟာ၂၀၁၁ခုႏွစ္တြင္မန္ခ်က္စတာယူႏိုက္တက္ထံသို႔ေျပာင္းေ႐ႊ႕လာၿပီးတဲ့ေနာက္ကလပ္ထံမွလုပ္ခစုစုေပါင္းေပါင္၄၂.၁သန္းအထိရယူထားႏိုင္ေၾကာင္းသိရပါတယ္။
ယူႏိုက္တက္ရဲ႕အေမ့ခံကစားသမားဟာယခုရာသီတြင္လည္းဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနရမႈႏွင့္အတူတစ္ပြဲမွ်ကစားခြင့္မရထားပါဘူး။
ဂ်ဳုံးစ္ဟာၿပီးခဲ့တဲ့ရာသီမ်ားအတြင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ေလးႏွစ္တာကာလအတြင္းတြင္၂၁ပြဲတည္းသာကစားထားႏိုင္ပါတယ္။
သူဟာ၂၀၁၉ခုႏွစ္၊ေဖေဖာ္ဝါရီလတြင္ယူႏိုက္တက္ႏွင့္ေလးႏွစ္ခြဲစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးစာခ်ဳပ္သစ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၁၁၀၀၀၀အထိရရွိလာခဲ့ပါတယ္။
သူဟာယခုရာသီအကုန္တြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။သူဟာ၂၀၁၈ခုႏွစ္ေနာက္ပိုင္းတြင္ယူႏိုက္တက္ထံမွလုပ္ခေပါင္၂၈.၅သန္းအထိရရွိလာခဲ့ပါတယ္။
အသက္၃၁ႏွစ္ရွိဂ်ဳံးစ္ဟာ၂၀၁၁ခုႏွစ္တြင္ဘလက္ဘန္းမွေပါင္၁၆သန္းျဖင့္ယူႏိုက္တက္သို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။
သူဟာယူႏိုက္တက္တြင္ကစားတဲ့ပထမေလးရာသီတြင္လုပ္ခေပါင္၅၉၀၀၀သာရရွိခဲ့ၿပီး၂၀၁၅ခုႏွစ္တြင္စာခ်ဳပ္သစ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၇၄၀၀၀ရရွိလာပါတယ္။ယင္းေနာက္၃ႏွစ္အၾကာတြင္သူဟာလုပ္ခေပါင္၁၁၀၀၀၀အထိရရွိလာခဲ့တာလည္းျဖစ္ပါတယ္။
သူဟာယူႏိုက္တက္အေစာပိုင္းကာလတြင္အဓိကကစားသမားအျဖစ္ေျခစြမ္းျပခဲ့သူျဖစ္ၿပီး အနာဂတ္အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ခ်ီးက်ဴးေျပာဆိုျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာဒဏ္ရာျပႆနာမ်ားႀကဳံေတြ႕ရၿပီးေနာက္ကစားသမားဘဝနိမ့္က်လာခဲ့တာလည္းျဖစ္ပါတယ္။
သူဟာယူႏိုက္တက္အတြက္စုစုေပါင္း၂၂၉ပြဲကစားထားပါတယ္။