ယူနိုက်တက်အဖွဲ့ရဲ့ရည်မှန်းချက်များ ဖြစ်မြောက်လာအောင် စွမ်းဆောင်နိုင်ပါက အပိုဆုကြေးများစွာရရှိမယ့် ရန်နစ်ခ်

မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဝင်များဟာအိုလီဂန်းနားဆိုးလ်ရှားနှင့်ရေးဆွဲလာတဲ့နှစ်ရှည်စီမံကိန်းကိုတစ်စစီဖြစ်အောင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ယခုအခါမန်ယူအသင်းဟာရေးဖ်ရန်နစ်ခ်အားခန့်အပ်မှုနဲ့အတူဗျူဟာသစ်နဲ့စတင်လျှောက်လှမ်းတော့မှာဖြစ်ပါတယ်။

ရေးလ်ရန်နစ်ခ်ဟာမန်ယူနည်းပြယာယီနည်းပြအဖြစ်၆လစာချုပ်ဖြင့်သာခန့်အပ်ခြင်းခံရပေမယ့်အကျိုးခံစားခွင့်များစွာရရှိအောင်လည်း လုပ်ဆောင်နိုင်ခွင့်ရှိနေပါတယ်။

ရန်နစ်ခ်ဟာ၆လအတွင်းတွင်မန်ယူဘုတ်အဖွဲ့ဝင်များရဲ့ရည်မှန်းချက်ပြည့်မြောက်အောင်လုပ်ဆောင်နိုင်ပါကအပိုဆုကြေးငွေများစွာရရှိမယ့်အပြင်နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ရေးစဉ်းစားခြင်းခံရပါမယ်။

The Daily Star ရဲ့ဖော်ပြချက်အရအသက်၆၃နှစ်ရှိရန်နစ်ခ်ဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခြင်း(သို့မဟုတ်)ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်လျှင်အပိုဆုကြေးငွေများစွာရရှိမယ့်အချက်ကိုစာချုပ်အတွင်းတွင်ထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။

မန်ယူဟာနောက်ပိုင်းပရီးမီးယားလိဂ်ပွဲစဉ်များတွင်ရလဒ်ဆိုးရွားမှုနဲ့အတူအမှတ်ပေးဇယားအဆင့်၈နေရာသို့အထိကျဆင်းနေရပါတယ်။ဒါပေမယ့်၎င်းတို့ဟာအဆင့်၄နေရာမှဝက်စ်ဟမ်းနှင့်ရမှတ်၆မှတ်တည်းသာကွာဟနေတာကြောင့်ရန်နစ်ခ်အနေဖြင့်ဘုတ်အဖွဲ့ရည်မှန်းချက်ပြည့်အောင်လုပ်ဆောင်နိုင်မယ့်အပြည့်အဝယုံကြည်နေပါတယ်။

ရန်နစ်ခ်ဟာလက်ရှိအချိန်တွင်ယာယီနည်းပြအဖြစ်တာဝန်ထမ်းဆောင်နေတဲ့မိုက်ကယ်ကာရစ်ကိုနည်းပြအဖွဲ့ဝင်အဖြစ်ဆက်လက်ခန့်အပ်သွားဖို့ရှိနေပါတယ်။ကာရစ်ဟာယာယီနည်းပြအဖြစ်ပထမဆုံးကိုင်တွယ်တဲ့ ဗီလာရီးရဲလ်နှင့်ပွဲတွင်အနိုင်ရရှိထားသလိုတနင်္ဂနွေနေ့ချဲလ်ဆီးပွဲကိုလည်းဆက်လက်ကိုင်တွယ်သွားပါမယ်။

ရန်နစ်ခ်ဟာမန်ယူကိုယာယီနည်းပြအဖြစ်ကိုင်တွယ်ရေးအပြီးသတ်လုပ်ဆောင်ရန်အတွက်မန်ချက်စတာသို့ရောက်ရှိနေပြီဖြစ်ပါတယ်။

ZawGyi

ယူႏိုက္တက္အဖြဲ႕ရဲ႕ရည္မွန္းခ်က္မ်ား ျဖစ္ေျမာက္လာေအာင္ စြမ္းေဆာင္ႏိုင္ပါက အပိုဆုေၾကးမ်ားစြာရရွိမယ့္ ရန္နစ္ခ္

မန္ခ်က္စတာယူႏိုက္တက္ဘုတ္အဖြဲ႕ဝင္မ်ားဟာအိုလီဂန္းနားဆိုးလ္ရွားႏွင့္ေရးဆြဲလာတဲ့ႏွစ္ရွည္စီမံကိန္းကိုတစ္စစီျဖစ္ေအာင္လုပ္ေဆာင္လိုက္ၿပီျဖစ္ပါတယ္။ယခုအခါမန္ယူအသင္းဟာေရးဖ္ရန္နစ္ခ္အားခန႔္အပ္မႈနဲ႔အတူဗ်ဴဟာသစ္နဲ႔စတင္ေလွ်ာက္လွမ္းေတာ့မွာျဖစ္ပါတယ္။

ေရးလ္ရန္နစ္ခ္ဟာမန္ယူနည္းျပယာယီနည္းျပအျဖစ္၆လစာခ်ဳပ္ျဖင့္သာခန႔္အပ္ျခင္းခံရေပမယ့္အက်ိဳးခံစားခြင့္မ်ားစြာရရွိေအာင္လည္း လုပ္ေဆာင္ႏိုင္ခြင့္ရွိေနပါတယ္။

ရန္နစ္ခ္ဟာ၆လအတြင္းတြင္မန္ယူဘုတ္အဖြဲ႕ဝင္မ်ားရဲ႕ရည္မွန္းခ်က္ျပည့္ေျမာက္ေအာင္လုပ္ေဆာင္ႏိုင္ပါကအပိုဆုေၾကးေငြမ်ားစြာရရွိမယ့္အျပင္ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးစဥ္းစားျခင္းခံရပါမယ္။

The Daily Star ရဲ႕ေဖာ္ျပခ်က္အရအသက္၆၃ႏွစ္ရွိရန္နစ္ခ္ဟာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ျခင္း(သို႔မဟုတ္)ပရီးမီးယားလိဂ္ထိပ္ဆုံးေလးသင္းစာရင္းဝင္လွ်င္အပိုဆုေၾကးေငြမ်ားစြာရရွိမယ့္အခ်က္ကိုစာခ်ဳပ္အတြင္းတြင္ထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။

မန္ယူဟာေနာက္ပိုင္းပရီးမီးယားလိဂ္ပြဲစဥ္မ်ားတြင္ရလဒ္ဆိုး႐ြားမႈနဲ႔အတူအမွတ္ေပးဇယားအဆင့္၈ေနရာသို႔အထိက်ဆင္းေနရပါတယ္။ဒါေပမယ့္၎တို႔ဟာအဆင့္၄ေနရာမွဝက္စ္ဟမ္းႏွင့္ရမွတ္၆မွတ္တည္းသာကြာဟေနတာေၾကာင့္ရန္နစ္ခ္အေနျဖင့္ဘုတ္အဖြဲ႕ရည္မွန္းခ်က္ျပည့္ေအာင္လုပ္ေဆာင္ႏိုင္မယ့္အျပည့္အဝယုံၾကည္ေနပါတယ္။

ရန္နစ္ခ္ဟာလက္ရွိအခ်ိန္တြင္ယာယီနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့မိုက္ကယ္ကာရစ္ကိုနည္းျပအဖြဲ႕ဝင္အျဖစ္ဆက္လက္ခန႔္အပ္သြားဖို႔ရွိေနပါတယ္။ကာရစ္ဟာယာယီနည္းျပအျဖစ္ပထမဆုံးကိုင္တြယ္တဲ့ ဗီလာရီးရဲလ္ႏွင့္ပြဲတြင္အႏိုင္ရရွိထားသလိုတနဂၤေႏြေန႔ခ်ဲလ္ဆီးပြဲကိုလည္းဆက္လက္ကိုင္တြယ္သြားပါမယ္။

ရန္နစ္ခ္ဟာမန္ယူကိုယာယီနည္းျပအျဖစ္ကိုင္တြယ္ေရးအၿပီးသတ္လုပ္ေဆာင္ရန္အတြက္မန္ခ်က္စတာသို႔ေရာက္ရွိေနၿပီျဖစ္ပါတယ္။