ယူနိုက်တက်အရောင်းအဝယ်မကြာမီဖြစ်လာတော့မှာဖြစ်လို့ ပရိသတ်များရဲ့ Glazers Out သပိတ်အောင်မြင်လာတော့မည်

ဂလေဇာမိသားစုဟာလာမယ့်လအနည်းငယ်အတွင်းမှာယူနိုက်တက်ကိုရောင်းချရေးအပြီးသတ်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်ပိုင်ရှင်များဟာပြီးခဲ့တဲ့နိုဝင်ဘာလကတည်းကယူနိုက်တက်ကိုရောင်းချလာတော့မှာဖြစ်ကြောင်းလူသိရှင်ကြားအတည်ပြုကြေညာခဲ့ပါတယ်။

ပရိသတ်များဟာအင်္ဂါနေ့တုန်းကနော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းတွင်ဂလေဇာမိသားစုကိုဆန့်ကျင်သပိတ်မှောက်ပွဲဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

ဂလေဇာမိသားစုဟာယူနိုက်တက်ကိုရောင်းချရေးအတွက်ကိုင်တွယ်ရန် Raine Groupကိုငှားရမ်းထားပါတယ်။ရင်းနှီးမြှပ်နှံရေးဘဏ်ဟာ၂၀၂၃ခုနှစ်၊ပထမသုံးလအတွင်းတွင်ယူနိုက်တက်ကိုရောင်းချရေးအပြီးသတ်လုပ်ဆောင်ရန်ကြိုးပမ်းနေပါတယ်။

Raine Group ဟာယူနိုက်တက်ကိုပေါင်၇-၈ဘီလီယံအတွင်းဈေးနှုန်းသတ်မှတ်တောင်းဆိုထားပြီးကလပ်ကိုအလွန်အမင်းဝယ်ယူလိုသူများစွာရှိနေတယ်လို့ယုံကြည်နေပါတယ်။

ယူနိုက်တက်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်တဲ့အပြင် ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ဆာဂျမ်ရက်ကလစ်ဖ်ဟာယူနိုက်တက်ကိုဝယ်ယူရေးလုပ်ဆောင်လာမယ်လို့ယုံကြည်ရပါတယ်။

ဒါ့အပြင်ပေါင်၇၃ဘီလီယံကြွယ်ဝချမ်းသာတဲ့အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်မူကက်စ်အမ်ဘာနီဟာလည်းယူနိုက်တက်ကိုဝယ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ချဲလ်ဆီးကိုဝယ်ယူရေးကြိုးပမ်းဖူးတဲ့ဆာမာတင်ဘရောက်တန်ဟာလည်း အတ္တလန္တာပိုင်ရှင်စတီဖင်ပဂလူကာနှင့်ပူးပေါင်းကာယူနိုက်တက်ကိုဝယ်ယူရေးစိတ်ဝင်စားနေတယ်လို့လည်းသတင်းထွက်နေပါတယ်။

ZawGyi

ယူႏိုက္တက္အေရာင္းအဝယ္မၾကာမီျဖစ္လာေတာ့မွာျဖစ္လို႔ ပရိသတ္မ်ားရဲ႕ Glazers Out သပိတ္ေအာင္ျမင္လာေတာ့မည္

ဂေလဇာမိသားစုဟာလာမယ့္လအနည္းငယ္အတြင္းမွာယူႏိုက္တက္ကိုေရာင္းခ်ေရးအၿပီးသတ္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္ပိုင္ရွင္မ်ားဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလကတည္းကယူႏိုက္တက္ကိုေရာင္းခ်လာေတာ့မွာျဖစ္ေၾကာင္းလူသိရွင္ၾကားအတည္ျပဳေၾကညာခဲ့ပါတယ္။

ပရိသတ္မ်ားဟာအဂၤါေန႔တုန္းကေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲမတိုင္မီ အိုးထရက္ဖို႔ဒ္ကြင္းတြင္ဂေလဇာမိသားစုကိုဆန႔္က်င္သပိတ္ေမွာက္ပြဲဆက္လက္ျပဳလုပ္ခဲ့ၾကပါတယ္။

ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေရာင္းခ်ေရးအတြက္ကိုင္တြယ္ရန္ Raine Groupကိုငွားရမ္းထားပါတယ္။ရင္းႏွီးျမႇပ္ႏွံေရးဘဏ္ဟာ၂၀၂၃ခုႏွစ္၊ပထမသုံးလအတြင္းတြင္ယူႏိုက္တက္ကိုေရာင္းခ်ေရးအၿပီးသတ္လုပ္ေဆာင္ရန္ႀကိဳးပမ္းေနပါတယ္။

Raine Group ဟာယူႏိုက္တက္ကိုေပါင္၇-၈ဘီလီယံအတြင္းေဈးႏႈန္းသတ္မွတ္ေတာင္းဆိုထားၿပီးကလပ္ကိုအလြန္အမင္းဝယ္ယူလိုသူမ်ားစြာရွိေနတယ္လို႔ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္တဲ့အျပင္ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းဝင္ဆာဂ်မ္ရက္ကလစ္ဖ္ဟာယူႏိုက္တက္ကိုဝယ္ယူေရးလုပ္ေဆာင္လာမယ္လို႔ယုံၾကည္ရပါတယ္။

ဒါ့အျပင္ေပါင္၇၃ဘီလီယံႂကြယ္ဝခ်မ္းသာတဲ့အိႏၵိယစီးပြားေရးလုပ္ငန္းရွင္မူကက္စ္အမ္ဘာနီဟာလည္းယူႏိုက္တက္ကိုဝယ္ယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးကိုဝယ္ယူေရးႀကိဳးပမ္းဖူးတဲ့ဆာမာတင္ဘေရာက္တန္ဟာလည္း အတၱလႏၲာပိုင္ရွင္စတီဖင္ပဂလူကာႏွင့္ပူးေပါင္းကာယူႏိုက္တက္ကိုဝယ္ယူေရးစိတ္ဝင္စားေနတယ္လို႔လည္းသတင္းထြက္ေနပါတယ္။