
မန်ချက်စတာယူနိုက်တက်ဆယ်ကျော်သက်ပါရမီရှင်အလီဂျန်ဒရိုဂါနာချိုဟာ မနေ့ညတုန်းကဖူလ်ဟမ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပွဲချိန်၉၃မိနစ်မှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လည်းကာရင်တန်လေ့ကျင့်ရေးကွင်းရှိ ပထမအသင်းအဝတ်အစားလဲခန်းအတွင်းတွင်နေရာရရှိခြင်းမရှိသေးပါဘူး။
ဂါနာချိုဟာပြီးခဲ့တဲ့လတုန်းကရှရစ်နှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲကစားပြီး ဆိုစီဒက်နှင့်ပွဲတွင်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အသက်၁၈နှစ်ရှိကစားသမားဟာကြားရက်တုန်းကဗီလာကို၄-၂ဖြင့်အနိုင်ရတဲ့ခါရာဘောင်ဖလားပွဲစဉ်တွင်၂ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။ယင်းနောက်သူဟာမနေ့ညတုန်းကဖူလ်ဟမ်ကိုအနိုင်ရတဲ့ပွဲတွင်လည်းလူစားဝင်ရောက်လာပြီးနောက်နာကျင်အချိန်ပိုတွင်ယူနိုက်တက်အတွက်အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း Daily Mail ရဲ့ဖော်ပြလာမှုအရဂါနာချိုဟာကာရာတန်လေ့ကျင့်ရေးကွင်းရှိယူနိုက်တက်ပထမအသင်းလေ့ကျင့်ရေးကွင်းတွင်နေရာရရှိခြင်းမရှိသေးဘဲယူ-၂၁အဝတ်အစားလဲခန်းကိုသာဆက်လက်အသုံးပြုနေရဆဲဖြစ်ကြောင်းသိရပါတယ်။
၂၀၂၀ခုနှစ်တွင်အက်သလက်တီကိုမှယူနိုက်တက်အကယ်ဒမီသို့ပြောင်းလာခဲ့တဲ့ဂါနာချိုဟာယူနိုက်တက်ပထမအသင်းမှာကစားနေပေမဲ့လည်းယူနိုက်တက်ယူ-၂၁အတွက်လည်းကစားနေရပါတယ်။
ZawGyi
ယူႏိုက္တက္အဝတ္အစားလဲခန္းတြင္ ေနရာရရွိျခင္း မရွိေသးတဲ့ ဖူလ္ဟမ္ႏွင့္ပြဲတြင္ အႏိုင္ဂိုးသြင္းခဲ့တဲ့ ဂါနာခ်ိဳ
မန္ခ်က္စတာယူႏိုက္တက္ဆယ္ေက်ာ္သက္ပါရမီရွင္အလီဂ်န္ဒ႐ိုဂါနာခ်ိဳဟာ မေန႔ညတုန္းကဖူလ္ဟမ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပြဲခ်ိန္၉၃မိနစ္မွာအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့လည္းကာရင္တန္ေလ့က်င့္ေရးကြင္းရွိ ပထမအသင္းအဝတ္အစားလဲခန္းအတြင္းတြင္ေနရာရရွိျခင္းမရွိေသးပါဘူး။
ဂါနာခ်ိဳဟာၿပီးခဲ့တဲ့လတုန္းကရွရစ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ယူႏိုက္တက္အတြက္ပထမဆုံးပြဲကစားၿပီး ဆိုစီဒက္ႏွင့္ပြဲတြင္ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အသက္၁၈ႏွစ္ရွိကစားသမားဟာၾကားရက္တုန္းကဗီလာကို၄-၂ျဖင့္အႏိုင္ရတဲ့ခါရာေဘာင္ဖလားပြဲစဥ္တြင္၂ႀကိမ္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။ယင္းေနာက္သူဟာမေန႔ညတုန္းကဖူလ္ဟမ္ကိုအႏိုင္ရတဲ့ပြဲတြင္လည္းလူစားဝင္ေရာက္လာၿပီးေနာက္နာက်င္အခ်ိန္ပိုတြင္ယူႏိုက္တက္အတြက္အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။
ဒါေပမဲ့လည္း Daily Mail ရဲ႕ေဖာ္ျပလာမႈအရဂါနာခ်ိဳဟာကာရာတန္ေလ့က်င့္ေရးကြင္းရွိယူႏိုက္တက္ပထမအသင္းေလ့က်င့္ေရးကြင္းတြင္ေနရာရရွိျခင္းမရွိေသးဘဲယူ-၂၁အဝတ္အစားလဲခန္းကိုသာဆက္လက္အသုံးျပဳေနရဆဲျဖစ္ေၾကာင္းသိရပါတယ္။
၂၀၂၀ခုႏွစ္တြင္အက္သလက္တီကိုမွယူႏိုက္တက္အကယ္ဒမီသို႔ေျပာင္းလာခဲ့တဲ့ဂါနာခ်ိဳဟာယူႏိုက္တက္ပထမအသင္းမွာကစားေနေပမဲ့လည္းယူႏိုက္တက္ယူ-၂၁အတြက္လည္းကစားေနရပါတယ္။