ယူနိုက်တက်အသင်း ခါရာဘောင်ဖလားရရှိပြီးနောက် ဆုတံဆိပ်တစ်ခု ရရှိဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်ကစားသမားမဟုတ်တော့ပေမဲ့လည်းခါရာဘောင်ဖလားချန်ပီယံဆုတံဆိပ်တစ်ခုရရှိလာဖို့ရှိနေပါတယ်။

ယူနိုက်တက်ဟာနိုဝင်ဘာလတုန်းကခရစ္စတီယာနိုရော်နယ်ဒိုနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် တောက်လျှောက်ရလဒ်ကောင်းများရယူလာနိုင်ခဲ့ပြီးတနင်္ဂနွေနေ့ညတုန်းကခါရာဘောင်ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာနယူးကာဆယ်ကိုကက်စ်မီရို၊မားကပ့်စ်ရက်ဖို့ဒ်တို့ရဲ့ဂိုးတို့ဖြင့်အနိုင်ရရှိကာ ခြောက်နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလန်ဒန်နှင့်မိုင်ပေါင်း၃၀၀၀ဝန်းကျင်ကွာဝေးတဲ့ဆော်ဒီသို့ရောက်နေပေမဲ့လည်းခါရာဘောင်ဖလားဆုတံဆိပ်တစ်ခုရရှိနိုင်ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ခါရာဘောင်ဖလားပွဲတစ်ပွဲမျှမကစားခဲ့ပါဘူး။

ဒါပေမဲ့EFL စည်းမျဉ်းအရယူနိုက်တက်ဘက်ကသာအသင်းအတွက်ရာသီဝက်ကစားပေးခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ဆုတံဆိပ်ပေးရန်ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့တောင်းဆိုကာပေးနိုင်ပါတယ်။

ဒါကြောင့်လည်းတကယ်လို့များယူနိုက်တက်တာဝန်ရှိသူများကသာခရစ္စတီယာနိုရော်နယ်ဒိုအတွက်ခါရာဘောင်ဖလားချန်ပီယံဆုတံဆိပ်ပေးရန်ဆုံးဖြတ်လာပါကဆုတံဆိပ်တစ်ခုရရှိလာပါမယ်။

အခုအချိန်မှာရော်နယ်ဒိုအနေဖြင့်ဆုတံဆိပ်ရ/မရမသိရသေးပါဘူး။သေချာတာကတော့နယူးကာဆယ်ဂိုးသမားမာတင်ဒူဘရော့ဗ်ကာကတော့ယူနိုက်တက်အတွက်မကစားတော့ပေမဲ့လည်းခါရာဘောင်ဖလားဆုတံဆိပ်တစ်ခုရရှိလာပါမယ်။သူဟာပထမဆုံးရာသီတုန်းကယူနိုက်တက်သို့အငှားဖြင့်သွားရောက်ကစားခဲ့ပြီးဘန်လေကိုအနိုင်ရရှိတဲ့ခါရာဘောင်ဖလားပွဲမှာပါဝင်ကစားခဲ့ပါတယ်။

ZawGyi

ယူႏိုက္တက္အသင္း ခါရာေဘာင္ဖလားရရွိၿပီးေနာက္ ဆုတံဆိပ္တစ္ခု ရရွိဖို႔ ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္ကစားသမားမဟုတ္ေတာ့ေပမဲ့လည္းခါရာေဘာင္ဖလားခ်န္ပီယံဆုတံဆိပ္တစ္ခုရရွိလာဖို႔ရွိေနပါတယ္။

ယူႏိုက္တက္ဟာႏိုဝင္ဘာလတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္ ေတာက္ေလွ်ာက္ရလဒ္ေကာင္းမ်ားရယူလာႏိုင္ခဲ့ၿပီးတနဂၤေႏြေန႔ညတုန္းကခါရာေဘာင္ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာနယူးကာဆယ္ကိုကက္စ္မီ႐ို၊မားကပ့္စ္ရက္ဖို႔ဒ္တို႔ရဲ႕ဂိုးတို႔ျဖင့္အႏိုင္ရရွိကာ ေျခာက္ႏွစ္ၾကာဖလားလက္မဲ့ျဖစ္မႈကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလန္ဒန္ႏွင့္မိုင္ေပါင္း၃၀၀၀ဝန္းက်င္ကြာေဝးတဲ့ေဆာ္ဒီသို႔ေရာက္ေနေပမဲ့လည္းခါရာေဘာင္ဖလားဆုတံဆိပ္တစ္ခုရရွိႏိုင္ပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ခါရာေဘာင္ဖလားပြဲတစ္ပြဲမွ်မကစားခဲ့ပါဘူး။

ဒါေပမဲ့EFL စည္းမ်ဥ္းအရယူႏိုက္တက္ဘက္ကသာအသင္းအတြက္ရာသီဝက္ကစားေပးခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ဆုတံဆိပ္ေပးရန္ၿပိဳင္ပြဲက်င္းပေရးေကာ္မတီထံသို႔ေတာင္းဆိုကာေပးႏိုင္ပါတယ္။

ဒါေၾကာင့္လည္းတကယ္လို႔မ်ားယူႏိုက္တက္တာဝန္ရွိသူမ်ားကသာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ခါရာေဘာင္ဖလားခ်န္ပီယံဆုတံဆိပ္ေပးရန္ဆုံးျဖတ္လာပါကဆုတံဆိပ္တစ္ခုရရွိလာပါမယ္။

အခုအခ်ိန္မွာေရာ္နယ္ဒိုအေနျဖင့္ဆုတံဆိပ္ရ/မရမသိရေသးပါဘူး။ေသခ်ာတာကေတာ့နယူးကာဆယ္ဂိုးသမားမာတင္ဒူဘေရာ့ဗ္ကာကေတာ့ယူႏိုက္တက္အတြက္မကစားေတာ့ေပမဲ့လည္းခါရာေဘာင္ဖလားဆုတံဆိပ္တစ္ခုရရွိလာပါမယ္။သူဟာပထမဆုံးရာသီတုန္းကယူႏိုက္တက္သို႔အငွားျဖင့္သြားေရာက္ကစားခဲ့ၿပီးဘန္ေလကိုအႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားပြဲမွာပါဝင္ကစားခဲ့ပါတယ္။