ယူနိုက်တက်၊ အာဆင်နယ်တို့နှင့်ဆွေးနွေးရန် လန်ဒန်သို့ ဒိုင်ဘာလာရဲ့အေးဂျင့်ရောက်နေ

ပေါ်လိုဒိုင်ဘာလာရဲ့အေးဂျင့်ဟာပရီးမီးယားလိဂ်ကလပ်များနှင့်ဆွေးနွေးမှုများပြုလုပ်ရန်လန်ဒန်သို့ရောက်နေကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာစာချုပ်သက်တမ်းကုန်ဆုံးမယ့်နွေရာသီတွင်ဂျူဗင်တပ်မှထွက်ခွာမယ့်သူလည်းဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးကိုပရီးမီးယားလိဂ်ကလပ်အမြောက်အမြားတို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဒိုင်ဘာလာရဲ့အေးဂျင့်ဂျော့အန်တွန်ဟာအာဆင်နယ်၊ယူနိုက်တက်အပါအဝင်ပရီးမီးယားလိဂ်ကလပ်များရဲ့ကမ်းလှမ်းမှုကိုနားထောင်ရန်လန်ဒန်သို့ရောက်နေကြောင်း Calciomercato ကဖော်ပြလာပါတယ်။

ယူနိုက်တက်နှင့်အာဆင်နယ်တို့ဟာနွေရာသီတွင်ပေါ်လိုဒိုင်ဘာလာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ထိပ်ဆုံးကစိတ်ဝင်စားနေကြသူများလည်းဖြစ်ကြပါတယ်။ဒိုင်ဘာလာကိုနယူးကာဆယ်နှင့်စပါးစ်တို့ကလည်းစိတ်ဝင်စားနေပါတယ်။

ZawGyi





