ယူနိုက်တက်-နယူးကာဆယ်ပွဲကို အံ့ဩသင့်ဖွယ်ဟောကိန်းထုတ်လာတဲ့ BBC ရဲ့ခရစ်ဆတ်တန်

ဘီဘီစီရဲ့အားကစားသုံးသပ်သူခရစ်ဆတ်တန်ဟာတနင်္ဂနွေနေ့တွင်မန်ချက်စတာယူနိုက်တက်နှင့်နယူးကာဆယ်တို့ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အားစိတ်ဝင်စားစရာကောင်းတဲ့ခန့်မှန်းမှုပြုလုပ်လာပါတယ်။

ယူနိုက်တက်ဟာအဲဗာတန်၊အိုမိုနီယာနီကိုရှားတို့ကိုဆက်တိုက်အနိုင်ယူပြီးနောက်၈ရက်အတွင်းတတိယမြောက်နိုင်ပွဲအဖြစ်နယူးကာဆယ်ကိုအနိုင်ရရှိရေးကြိုးပမ်းလာပါမယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေတာဖြစ်ပြီးနယူးကာဆယ်နှင့်ပွဲတွင်အနိုင်ရရှိပါကအဆင့်၄နေရာသို့တက်ရောက်လာနိုင်ဖို့ရှိနေပါတယ်။

အက်ဒီဟိုဝီရဲ့နယူးကာဆယ်မှာလည်းနောက်ဆုံးပရီးမီးယားလိဂ်နှစ်ပွဲဆက်အနိုင်ရရှိထားပါတယ်။ယင်းမတိုင်မီ၎င်းတို့ဟာပရီးမီးယားလိဂ်၆ပွဲတွင်၅ပွဲသရေကျထားပါတယ်။

နယူးကာဆယ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဘရန့်ဖို့ဒ်ကို၅-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဘရူနိုဂူမာရေးစ်က၂ဂိုးသွင်းခဲ့ပါတယ်။

ဘီဘီစီရဲ့ပရီးမီးယားလိဂ်ပွဲခန့်မှန်းအစီအစဉ်တွင်ခရစ်ဆတ်တန်က “မန်ချက်စတာယူနိုက်တက် နိုင်မယ်လို့မထင်ဘူး။မေးခွန်းတစ်ခုပဲရှိတယ်။နယူးကာဆယ်သုံးမှတ်ယူပြီးအိမ်ပြန်မလား။ဒါမှမဟုတ်တစ်မှတ်ယူပြီးအိမ်ပြန်မလားဆိုတာပါ။ကျွန်တော်ကတော့မန်ချက်စတာယူနိုက်တက်ကိုအဲရစ်တန်ဟက်လက်အောက်မှာတိုးတက်နေတယ်လို့မထင်ပါဘူး။အရင်တုန်းပဲရှိနေတုန်းပါ။ဒါပေမဲ့နယူးကာဆယ်ကိုတော့ကြိုက်တယ်။သူကပွဲကိုလုံးဝပြောင်းအောင်လုပ်ထားနိုင်တယ်။ဂိုးတွေလည်းတဒိုင်းဒိုင်းသွင်းနေတယ်။နောက်ဆုံးနှစ်ပွဲမှာကိုးဂိုးအထိသွင်းထားတယ်။နယူးကာဆယ်နည်းပြအက်ဒီဟိုဝီဟာအိုးထရက်ဖို့ဒ်မှာလည်းကစားဟန်စတိုင်အပြောင်းအလဲလုပ်လာမှာမဟုတ်ပါဘူး။သူကမပြောင်းလဲတတ်ဘူး။ဒီတော့ နယူးကာဆယ်တိုက်စစ်ဖွင့်လာရင်မန်ချက်စတာယူနိုက်တက်အတွက်အားသာချက်လည်းဖြစ်လာနိုင်တယ်။သူတို့အတွက်ပြဿနာကလူတိုင်းကသူတို့ရဲ့ရလဒ်တိုင်းကိုအရမ်းဆန်းစစ်လွန်းနေတယ်။နိုင်ရင်အောင်ပွဲအဖြစ်ဆေးခြယ်ပြီးရှုံးရင်ကျရှုံးမှုလို့ဆေးခြယ်နေကြတယ်”လို့ပြောကြားသွားပါတယ်။

ခရစ်ဆတ်တန်ဟာ မန်ချက်စတာယူနိုက်တက်နှင့်နယူးကာဆယ်ပွဲစဉ်ကို တစ်ဂိုးစီသရေကျမယ်ဆိုပြီးဘီဘီစီမှာခန့်မှန်းထားပါတယ်။

ခရစ်ဆတ်တန်ဟာသောကြာနေ့ညပရီးမီးယားလိဂ်ပွဲအဖြစ်ဘရန့်ဖို့ဒ်ရဲ့ဘရိုက်တန်ပွဲကို ၂-၀ဂိုးဖြင့်အနိုင်ရမယ်လို့ခန့်မှန်းခဲ့ရာခန့်မှန်းတဲ့အတိုင်း ၂-၀ဖြင့်ပင်ပွဲပြီးဆုံးသွားခဲ့တာတွေ့ရပါတယ်။

ZawGyi

ယူႏိုက္တက္-နယူးကာဆယ္ပြဲကို အံ့ဩသင့္ဖြယ္ေဟာကိန္းထုတ္လာတဲ့ BBC ရဲ႕ခရစ္ဆတ္တန္

ဘီဘီစီရဲ႕အားကစားသုံးသပ္သူခရစ္ဆတ္တန္ဟာတနဂၤေႏြေန႔တြင္မန္ခ်က္စတာယူႏိုက္တက္ႏွင့္နယူးကာဆယ္တို႔ရင္ဆိုင္ကစားရမယ့္ပြဲစဥ္အားစိတ္ဝင္စားစရာေကာင္းတဲ့ခန႔္မွန္းမႈျပဳလုပ္လာပါတယ္။

ယူႏိုက္တက္ဟာအဲဗာတန္၊အိုမိုနီယာနီကိုရွားတို႔ကိုဆက္တိုက္အႏိုင္ယူၿပီးေနာက္၈ရက္အတြင္းတတိယေျမာက္ႏိုင္ပြဲအျဖစ္နယူးကာဆယ္ကိုအႏိုင္ရရွိေရးႀကိဳးပမ္းလာပါမယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနတာျဖစ္ၿပီးနယူးကာဆယ္ႏွင့္ပြဲတြင္အႏိုင္ရရွိပါကအဆင့္၄ေနရာသို႔တက္ေရာက္လာႏိုင္ဖို႔ရွိေနပါတယ္။

အက္ဒီဟိုဝီရဲ႕နယူးကာဆယ္မွာလည္းေနာက္ဆုံးပရီးမီးယားလိဂ္ႏွစ္ပြဲဆက္အႏိုင္ရရွိထားပါတယ္။ယင္းမတိုင္မီ၎တို႔ဟာပရီးမီးယားလိဂ္၆ပြဲတြင္၅ပြဲသေရက်ထားပါတယ္။

နယူးကာဆယ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကဘရန႔္ဖို႔ဒ္ကို၅-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးဘ႐ူႏိုဂူမာေရးစ္က၂ဂိုးသြင္းခဲ့ပါတယ္။

ဘီဘီစီရဲ႕ပရီးမီးယားလိဂ္ပြဲခန႔္မွန္းအစီအစဥ္တြင္ခရစ္ဆတ္တန္က “မန္ခ်က္စတာယူႏိုက္တက္ ႏိုင္မယ္လို႔မထင္ဘူး။ေမးခြန္းတစ္ခုပဲရွိတယ္။နယူးကာဆယ္သုံးမွတ္ယူၿပီးအိမ္ျပန္မလား။ဒါမွမဟုတ္တစ္မွတ္ယူၿပီးအိမ္ျပန္မလားဆိုတာပါ။ကြၽန္ေတာ္ကေတာ့မန္ခ်က္စတာယူႏိုက္တက္ကိုအဲရစ္တန္ဟက္လက္ေအာက္မွာတိုးတက္ေနတယ္လို႔မထင္ပါဘူး။အရင္တုန္းပဲရွိေနတုန္းပါ။ဒါေပမဲ့နယူးကာဆယ္ကိုေတာ့ႀကိဳက္တယ္။သူကပြဲကိုလုံးဝေျပာင္းေအာင္လုပ္ထားႏိုင္တယ္။ဂိုးေတြလည္းတဒိုင္းဒိုင္းသြင္းေနတယ္။ေနာက္ဆုံးႏွစ္ပြဲမွာကိုးဂိုးအထိသြင္းထားတယ္။နယူးကာဆယ္နည္းျပအက္ဒီဟိုဝီဟာအိုးထရက္ဖို႔ဒ္မွာလည္းကစားဟန္စတိုင္အေျပာင္းအလဲလုပ္လာမွာမဟုတ္ပါဘူး။သူကမေျပာင္းလဲတတ္ဘူး။ဒီေတာ့ နယူးကာဆယ္တိုက္စစ္ဖြင့္လာရင္မန္ခ်က္စတာယူႏိုက္တက္အတြက္အားသာခ်က္လည္းျဖစ္လာႏိုင္တယ္။သူတို႔အတြက္ျပႆနာကလူတိုင္းကသူတို႔ရဲ႕ရလဒ္တိုင္းကိုအရမ္းဆန္းစစ္လြန္းေနတယ္။ႏိုင္ရင္ေအာင္ပြဲအျဖစ္ေဆးျခယ္ၿပီးရႈံးရင္က်ရႈံးမႈလို႔ေဆးျခယ္ေနၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစ္ဆတ္တန္ဟာ မန္ခ်က္စတာယူႏိုက္တက္ႏွင့္နယူးကာဆယ္ပြဲစဥ္ကို တစ္ဂိုးစီသေရက်မယ္ဆိုၿပီးဘီဘီစီမွာခန႔္မွန္းထားပါတယ္။

ခရစ္ဆတ္တန္ဟာေသာၾကာေန႔ညပရီးမီးယားလိဂ္ပြဲအျဖစ္ဘရန႔္ဖို႔ဒ္ရဲ႕ဘ႐ိုက္တန္ပြဲကို ၂-၀ဂိုးျဖင့္အႏိုင္ရမယ္လို႔ခန႔္မွန္းခဲ့ရာခန႔္မွန္းတဲ့အတိုင္း ၂-၀ျဖင့္ပင္ပြဲၿပီးဆုံးသြားခဲ့တာေတြ႕ရပါတယ္။