ယူရိုချန်ပီယံဖြစ်ပြီးနောက် ကင်မရာရှေ့သို့သွားကာ အင်္ဂလန်တစ်နိုင်ငံလုံး အထိနာစေတဲ့ စကားပြောခဲ့တဲ့ ဘိုနုချီ

လီယိုနာဒိုဘိုနုချီဟာဝင်ဘာလေကွင်းမှာအင်္ဂလန်ကိုအနိုင်ယူကာအီတလီအသင်းကိုယူရိုချန်ပီယံဖြစ်အောင်ကူညီပေးခဲ့ပြီးတဲ့နောက်အင်္ဂလန်တစ်နိုင်ငံလုံးအထိနာစေမယ့်စကားတစ်ခွန်းပြောကြားခဲ့ပါတယ်။

ပွဲချိန်မိနစ်၁၂၀အတွင်းတွင်၁ဂိုးစီသရေကျပြီးနောက်အင်္ဂလန်နှင့်အီတလီတို့ဟာပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ကြရပါတယ်။အင်္ဂလန်ဘက်ကရပ်ရှ်ဖို့ဒ်၊ဆန်ချိုနှင့်ဆာကာတို့ပင်နယ်တီလွဲခဲ့ပြီးအီတလီဘက်ကလည်းဘီလော့တီနှင့်ဂျော်ဂျင်ဟိုတို့ပင်နယ်တီမဝင်ခဲ့ပါဘူး။

အဆုံးအဖြတ်ပင်နယ်တီကိုဆာကာကန်ခဲ့ရာမှာအီတလီဂိုးသမားဒွန်နာရမ်မာကကာကွယ်ပြီးအီတလီအတွက်ယူရို၂၀၂၀ဖလားဆွတ်ခူးပေးခဲ့ပါတယ်။

ဒွန်နာရမ်မာကဆာကာရဲ့ပင်နယ်တီကိုကာကွယ်ကာယူရိုဖလားဗိုလ်စွဲပြီးနောက်အီတလီတစ်လုံးအကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ထူးခြားတာကတော့ဘိုနုချီဟာကင်မရာရှေ့သို့အပြေးအလွှားသွားရောက်ပြီးအင်္ဂလန်တစ်နိုင်ငံရဲ့အရှိုက်တည့်တည့်ကိုထိစေတဲ့စကားတစ်ခွန်းအော်ဟစ်ပြောခဲ့ပါတယ်။

ဘိုနုချီက “It’s Coming To Rome”ဆိုပြီးအော်သွားခဲ့တာပါ။အင်္ဂလန်ပရိသတ်များဟာသူတို့ရဲ့အသင်းကိုအားပေးတဲ့အနေနဲ့ It’s Coming Home လို့အော်ဟစ်တတ်ကြပြီးယင်းကိုအပြောင်းအလဲလုပ်ပြီးဘိုနုချီက Its Coming To Rome လို့အော်ဟစ်ကာ တိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။

အသက်၃၄နှစ်၊၇၁ရက်ရှိဘိုနုချီဟာအင်္ဂလန်နှင့်ယူရိုဗိုလ်လုပွဲအတွက်အီတလီအတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူပြီးနောက်ယူရိုပြိုင်ပွဲဗိုလ်လုပွဲသမိုင်းတွင်အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ိုခ်န္ပီယံျဖစ္ၿပီးေနာက္ ကင္မရာေရွ႕သို႔သြားကာ အဂၤလန္တစ္ႏိုင္ငံလုံး အထိနာေစတဲ့ စကားေျပာခဲ့တဲ့ ဘိုႏုခ်ီ

လီယိုနာဒိုဘိုႏုခ်ီဟာဝင္ဘာေလကြင္းမွာအဂၤလန္ကိုအႏိုင္ယူကာအီတလီအသင္းကိုယူ႐ိုခ်န္ပီယံျဖစ္ေအာင္ကူညီေပးခဲ့ၿပီးတဲ့ေနာက္အဂၤလန္တစ္ႏိုင္ငံလုံးအထိနာေစမယ့္စကားတစ္ခြန္းေျပာၾကားခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္၁၂၀အတြင္းတြင္၁ဂိုးစီသေရက်ၿပီးေနာက္အဂၤလန္ႏွင့္အီတလီတို႔ဟာပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ၾကရပါတယ္။အဂၤလန္ဘက္ကရပ္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳႏွင့္ဆာကာတို႔ပင္နယ္တီလြဲခဲ့ၿပီးအီတလီဘက္ကလည္းဘီေလာ့တီႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ပင္နယ္တီမဝင္ခဲ့ပါဘူး။

အဆုံးအျဖတ္ပင္နယ္တီကိုဆာကာကန္ခဲ့ရာမွာအီတလီဂိုးသမားဒြန္နာရမ္မာကကာကြယ္ၿပီးအီတလီအတြက္ယူ႐ို၂၀၂၀ဖလားဆြတ္ခူးေပးခဲ့ပါတယ္။

ဒြန္နာရမ္မာကဆာကာရဲ႕ပင္နယ္တီကိုကာကြယ္ကာယူ႐ိုဖလားဗိုလ္စြဲၿပီးေနာက္အီတလီတစ္လုံးအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ထူးျခားတာကေတာ့ဘိုႏုခ်ီဟာကင္မရာေရွ႕သို႔အေျပးအလႊားသြားေရာက္ၿပီးအဂၤလန္တစ္ႏိုင္ငံရဲ႕အရႈိက္တည့္တည့္ကိုထိေစတဲ့စကားတစ္ခြန္းေအာ္ဟစ္ေျပာခဲ့ပါတယ္။

ဘိုႏုခ်ီက “It’s Coming To Rome”ဆိုၿပီးေအာ္သြားခဲ့တာပါ။အဂၤလန္ပရိသတ္မ်ားဟာသူတို႔ရဲ႕အသင္းကိုအားေပးတဲ့အေနနဲ႔ It’s Coming Home လို႔ေအာ္ဟစ္တတ္ၾကၿပီးယင္းကိုအေျပာင္းအလဲလုပ္ၿပီးဘိုႏုခ်ီက Its Coming To Rome လို႔ေအာ္ဟစ္ကာ တိုက္ခိုက္သြားခဲ့တာျဖစ္ပါတယ္။

အသက္၃၄ႏွစ္၊၇၁ရက္ရွိဘိုႏုခ်ီဟာအဂၤလန္ႏွင့္ယူ႐ိုဗိုလ္လုပြဲအတြက္အီတလီအတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူၿပီးေနာက္ယူ႐ိုၿပိဳင္ပြဲဗိုလ္လုပြဲသမိုင္းတြင္အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္သမိုင္းမွတ္တိုင္စိုက္ထူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။