ယူရိုချန်ပီယံဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် ပဲရစ်တွင် ချစ်သူနှင့် လက်ထပ်လိုက်တဲ့ အီတလီစတားဗာရက်တီ

အီတလီသူရဲကောင်းမာကိုဗာရက်တီဟာပဲရစ်တွင်ချစ်သူမော်ဒယ်ဂျက်စ်စီကာအိုင်အီးဒီနှင့်တခမ်းတနားလက်ထပ်ပွဲကျင်းပခဲ့ပါတယ်။

အသက်၂၈နှစ်ရှိပီအက်စ်ဂျီကွင်းလယ်ကစားသမားဟာတနင်္ဂနွေနေ့တုန်းကအီတလီကိုယူရို၂၀၂၀ချန်ပီယံဖြစ်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။သူဟာယူရိုချန်ပီယံဖြစ်ပြီးငါးရက်အကြာမှာဘဲဘဝတစ်သက်တာချစ်သူနှင့်လက်ထပ်ပွဲကျင်းပလာခဲ့တာဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိအိုင်အီးဒီနှင့်ပီအက်စ်ဂျီစတားတို့ရဲ့မင်္ဂလာပွဲကိုပဲရစ်မြို့အပြင်ဘက်နားရှိ Neuilly Sur Seine တွင်ကျင်းပခဲ့တာဖြစ်ပါတယ်။သူမဟာမင်္ဂလာပွဲဓာတ်ပုံများကို အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

ဗာရက်တီတို့စုံတွဲဟာသမိုင်းဝင် Neuilly Sur Seine တွင်မင်္ဂလာပွဲကျင်းပကာညစာစားပွဲကို တစ်ညလျှင်ပေါင်၇၀၀၀အထိပေးရတဲ့ ကြယ်ငါးပွင့်အဆင့်ဟိုတယ် Hotel de Crillon တွင်ကျင်းပခဲ့ပါတယ်။ယင်းညစာစားပွဲတွင်ပြင်သစ်သမ္မတကတော်ဟောင်း အဆိုတော်ကာလာဘရူနီကသီဆိုဖျော်ဖြေခဲ့ပါတယ်။

ဗာရက်တီရဲ့မင်္ဂလာပွဲသို့ပီအက်စ်ဂျီကစားဖော်ဟောင်းဇလာတန်အီဘရာဟီမိုဗစ်၊ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေး၊အီတလီကစားဖော်ဆီရီဂူတို့တက်ရောက်ခဲ့ပါတယ်။

ဗာရက်တီဟာဇနီးသည်လူရာဇာဇာရာနှင့်လမ်းခွဲပြီးနောက်လအနည်းငယ်အကြာ ၂၀၁၉ ခုနှစ်တွင်မော်ဒယ်အိုင်အီးဒီနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ဗာရက်တီမှာဇနီးဟောင်းနှင့်ကလေးနှစ်ယောက်ရရှိခဲ့ပြီးယင်းကလေးများဟာလည်းမင်္ဂလာပွဲသို့တက်ရောက်ခဲ့ပါတယ်။

ZawGyi

ယူ႐ိုခ်န္ပီယံျဖစ္ၿပီး ရက္အနည္းငယ္အၾကာတြင္ ပဲရစ္တြင္ ခ်စ္သူႏွင့္ လက္ထပ္လိုက္တဲ့ အီတလီစတားဗာရက္တီ

အီတလီသူရဲေကာင္းမာကိုဗာရက္တီဟာပဲရစ္တြင္ခ်စ္သူေမာ္ဒယ္ဂ်က္စ္စီကာအိုင္အီးဒီႏွင့္တခမ္းတနားလက္ထပ္ပြဲက်င္းပခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိပီအက္စ္ဂ်ီကြင္းလယ္ကစားသမားဟာတနဂၤေႏြေန႔တုန္းကအီတလီကိုယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။သူဟာယူ႐ိုခ်န္ပီယံျဖစ္ၿပီးငါးရက္အၾကာမွာဘဲဘဝတစ္သက္တာခ်စ္သူႏွင့္လက္ထပ္ပြဲက်င္းပလာခဲ့တာျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိအိုင္အီးဒီႏွင့္ပီအက္စ္ဂ်ီစတားတို႔ရဲ႕မဂၤလာပြဲကိုပဲရစ္ၿမိဳ႕အျပင္ဘက္နားရွိ Neuilly Sur Seine တြင္က်င္းပခဲ့တာျဖစ္ပါတယ္။သူမဟာမဂၤလာပြဲဓာတ္ပုံမ်ားကို အင္စတာဂရမ္မွာတင္ခဲ့ပါတယ္။

ဗာရက္တီတို႔စုံတြဲဟာသမိုင္းဝင္ Neuilly Sur Seine တြင္မဂၤလာပြဲက်င္းပကာညစာစားပြဲကို တစ္ညလွ်င္ေပါင္၇၀၀၀အထိေပးရတဲ့ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ Hotel de Crillon တြင္က်င္းပခဲ့ပါတယ္။ယင္းညစာစားပြဲတြင္ျပင္သစ္သမၼတကေတာ္ေဟာင္း အဆိုေတာ္ကာလာဘ႐ူနီကသီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။

ဗာရက္တီရဲ႕မဂၤလာပြဲသို႔ပီအက္စ္ဂ်ီကစားေဖာ္ေဟာင္းဇလာတန္အီဘရာဟီမိုဗစ္၊ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပး၊အီတလီကစားေဖာ္ဆီရီဂူတို႔တက္ေရာက္ခဲ့ပါတယ္။

ဗာရက္တီဟာဇနီးသည္လူရာဇာဇာရာႏွင့္လမ္းခြဲၿပီးေနာက္လအနည္းငယ္အၾကာ ၂၀၁၉ ခုႏွစ္တြင္ေမာ္ဒယ္အိုင္အီးဒီႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။ဗာရက္တီမွာဇနီးေဟာင္းႏွင့္ကေလးႏွစ္ေယာက္ရရွိခဲ့ၿပီးယင္းကေလးမ်ားဟာလည္းမဂၤလာပြဲသို႔တက္ေရာက္ခဲ့ပါတယ္။