ယူရိုချန်ပီယံဖြစ်လျှင် စက်တင်ဘာတွင်မှ ဝင်ဘာလေပါတီပွဲလုပ်ရန် အင်္ဂလန်စီစဉ်နေ

အင်္ဂလန်ဟာယူရို၂၀၂၀ချန်ပီယံဖြစ်လျှင်လာမယ့်စက်တင်ဘာလတွင်ဝင်ဘာလေကွင်းမှာ ယူရိုချန်ပီယံပါတီပွဲပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းကို တစ်နိုင်ငံလုံးက၅၅နှစ်အတွင်းပထမဆုံးနိုင်ငံတကာဆုဖလားကြီးဆွတ်ခူးနိုင်မယ်လို့ယုံကြည်နေကြပါတယ်။

တကယ်လို့ဖြစ်လာပါကယူရို၂၀၂၀ဖလားမှာ၁၉၆၆ကမ္ဘာ့လားနောက်ပိုင်းတွင်အင်္ဂလန်အသင်းပထမဆုံးဆွတ်ခူးနိုင်တဲ့ဆုဖလားဖြစ်လာပါမယ်။

ယူရိုချန်ပီယံဖြစ်လျှင်လည်းအင်္ဂလန်အသင်းမှာကိုဗစ်ကန့်သတ်ချက်ကြောင့်ဘတ်စ်ကားဖြင့်လှည့်လည်ကာချန်ပီယံအောင်ပွဲခံမှုပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

လက်ရှိအချိန်တွင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများဟာယူရိုချန်ပီယံဖြစ်လာလျှင်မည်သည့်အောင်ပွဲခံမည်ဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးမှုမရှိသေးပေမယ့်ပုံမှန်အခြေအနေသို့‌ရောက်တဲ့အချိန်တွင်မှဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံရန်စီစဉ်ထားပါတယ်။

ဒါကြောင့်လည်းအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများဟာယူရိုချန်ပီယံဖြစ်လျှင်လာမယ့်စက်တင်ဘာလတွင်မှဝင်ဘာလေကွင်းတွင်ပါတီပွဲပြုလုပ်ပြီးအကြီးအကျယ်အောင်ပွဲခံရန်စီစဉ်ထားပါတယ်။

အင်္ဂလန်ဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာဒိန်းမတ်နှင့်ဆီမီးဖိုင်နယ်ပွဲကစားရပါမယ်၊အကယ်၍အနိုင်ရရှိပါကအင်္ဂလန်ဟာဗိုလ်လုပွဲမှာအီတလီ သို့မဟုတ် စပိန်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi







