ယူရိုချန်ပီယံဖြစ်လျှင် ‌လာ့စ်ဗီးဂက်စ်သို့ သွားရောက်အောင်ပွဲခံမယ့် အင်္ဂလန်စတားများ

အင်္ဂလန်စတားများဟာမနက်ဖြန်ကစားမယ့်ယူရို၂၀၂၀ဗိုလ်လုပွဲတွင်အနိုင်ရဗိုလ်စွဲလျှင်အမေရိကသို့သွားရောက်ကာအကြီးအကျယ်အောင်ပွဲခံရန်စီစဉ်ထားကြောင်းသိရပါတယ်။

ပါတီပွဲကြိုက်သူများဖြစ်ကြတဲ့ဂျက်ဂရဲလ်လစ်ရှ်နှင့်ဂျော်ဒန်ပစ်ဖို့ဒ်တို့ဟာအခြားအင်္ဂလန်ကစားသမားအချို့တို့ကိုလည်း လောင်းကစားမြို့တော်သို့သွားရောက်ရန်အောင်ပွဲခံရန် ဆွဲဆောင်ထားကြပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်၊ပစ်ဖို့ဒ်တို့နဲ့အတူမေဆင်မောင့်၊ဒက်လန်းရိုက်စ်၊ဘင်ချဲလ်ဝဲလ်တို့လည်းပါဝင်ကြပါမယ်။

ဒါ့အပြင်လက်ရှိအချိန်တွင်ဒူဘိုင်းတွင်အနားယူနေတဲ့လက်စတာရဲ့ဂျက်မက်ဒီဆင်ဟာလည်းသူအရမ်းခင်တဲ့ဂျက်ဂရဲလ်လစ်ရှ်ရဲ့ပါတီသို့ပူးပေါင်းရှိပါတယ်။

၁၉၆၆နောက်ပိုင်းပထမဆုံးဆုဖလားဆွတ်ခူးလျှင်ဘယ်လိုအောင်ပွဲခံမလဲလို့မေးမြန်းလာမှုအားအသက်၂၅နှစ်ရှိဗီလာစတားက “လာ့စ်ဗီးဂက်စ်သို့၁၀ရက်ကြာသွားမယ်။ဗီးဂက်စ်သို့တိုက်ရိုက်လေယာဉ်စီးသွားမယ်”လို့ဆိုသွားပါတယ်။

အဲဗာတန်ဂိုးသမားက”ဂျက်နဲ့အတူဗီးဂက်စ်မှာသုံးပတ်နေမယ်။တကယ့်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အတွေ့အကြုံသစ်ဖြစ်လာပါမယ်။ကောင်းမွန်တဲ့ကာလတစ်ခါဖြစ်လာမှာသေချာပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi






