ယူရိုချန်ပီယံဖြစ်လျှင် ရရှိလာမယ့် အပိုဆုကြေးငွေ ပေါင် ၉.၅သန်းကို NHS သို့ လှူဒါန်းသွားမယ့် အင်္ဂလန်စတားများ

အင်္ဂလန်စတားများဟာလာမယ့်တနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာအီတလီကိုအနိုင်ရရှိကာယူရိုချန်ပီယံဖြစ်လျှင်ရရှိလာမယ့်သူတို့ရဲ့ယူရိုအပိုဆုကြေးငွေများကို NHS သို့လှူဒါန်းရန်စီစဉ်နေကြောင်းသိရပါတယ်။

ဂါရတ်ဆောက်ဂိတ်ဦးဆောင်တဲ့အင်္ဂလန်ဟာဗုဒ္ဓဟူးနေ့တုန်းကဒိန်းမတ်ကို၂-၁ဂိုးဖြင့်သမိုင်းဝင်နိုင်ပွဲရရှိပြီး၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်စတားများဟာလာမယ့်တနင်္ဂနွေနေ့တွင်အီတလီကိုအနိုင်ရရှိကာယူရို၂၀၂၀ချန်ပီယံဖြစ်ပါကအပိုဆုကြေးငွေပေါင်၉.၅သန်းအထိရရှိလာပါမယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်သမိုင်းဝင်အောင်ပွဲကြီးရရှိပါက ဆုကြေးငွေပေါင်၂၄သန်းအထိရရှိလာဖို့ရှိပါတယ်။ယင်းမှ၄၀ရာခိုင်နှုန်းကို ကစားသမား၂၆ဦးတို့ကဆုကြေးငွေအဖြစ်ရရှိပါမယ်။

အင်္ဂလန်ကစားသမားများဟာအင်္ဂလန်အသင်းချန်ပီယဲံဖြစ်ကာဆုကြေးငွေပေါင်၉.၅သန်းရရှိပါက NHS (The National Health Service)သို့လှူဒါန်းရန်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကအင်္ဂလန်ကစားသမားများက၎င်းတို့ရဲ့ပွဲကစားကြေးဆုကြေးငွေများကိုလှူဒါန်းရန်စီစဉ်ထားကြောင်းပြောကြားထားပြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၀ခုနှစ်၊ဧပြီလတုန်းကမန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယား၊လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်တို့ဟာအခြားပရီးမီးယားလိဂ်အသင်းခေါင်းဆောင်များနှင့်အတူ NHS သို့ပေါင်၄သန်းအထိလှူဒါန်းခဲ့ပြီးလည်းဖြစ်ပါတယ်။

NHS ဟာကိုဗစ်ကာလအတွင်းတွင်ရှေ့တန်းမှတိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပြီးဗြိတိန်တစ်နိုင်ငံလုံးရဲ့သူရဲကောင်းများအဖြစ်သတ်မှတ်ခံနေရသူများလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ိုခ်န္ပီယံျဖစ္လွ်င္ ရရွိလာမယ့္ အပိုဆုေၾကးေငြ ေပါင္ ၉.၅သန္းကို NHS သို႔ လႉဒါန္းသြားမယ့္ အဂၤလန္စတားမ်ား

အဂၤလန္စတားမ်ားဟာလာမယ့္တနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာအီတလီကိုအႏိုင္ရရွိကာယူ႐ိုခ်န္ပီယံျဖစ္လွ်င္ရရွိလာမယ့္သူတို႔ရဲ႕ယူ႐ိုအပိုဆုေၾကးေငြမ်ားကို NHS သို႔လႉဒါန္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ဂါရတ္ေဆာက္ဂိတ္ဦးေဆာင္တဲ့အဂၤလန္ဟာဗုဒၶဟူးေန႔တုန္းကဒိန္းမတ္ကို၂-၁ဂိုးျဖင့္သမိုင္းဝင္ႏိုင္ပြဲရရွိၿပီး၅၅ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အဂၤလန္စတားမ်ားဟာလာမယ့္တနဂၤေႏြေန႔တြင္အီတလီကိုအႏိုင္ရရွိကာယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ပါကအပိုဆုေၾကးေငြေပါင္၉.၅သန္းအထိရရွိလာပါမယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလာမယ့္တနဂၤေႏြေန႔တြင္သမိုင္းဝင္ေအာင္ပြဲႀကီးရရွိပါက ဆုေၾကးေငြေပါင္၂၄သန္းအထိရရွိလာဖို႔ရွိပါတယ္။ယင္းမွ၄၀ရာခိုင္ႏႈန္းကို ကစားသမား၂၆ဦးတို႔ကဆုေၾကးေငြအျဖစ္ရရွိပါမယ္။

အဂၤလန္ကစားသမားမ်ားဟာအဂၤလန္အသင္းခ်န္ပီယဲံျဖစ္ကာဆုေၾကးေငြေပါင္၉.၅သန္းရရွိပါက NHS (The National Health Service)သို႔လႉဒါန္းရန္ေဆြးေႏြးေနၾကၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းကအဂၤလန္ကစားသမားမ်ားက၎တို႔ရဲ႕ပြဲကစားေၾကးဆုေၾကးေငြမ်ားကိုလႉဒါန္းရန္စီစဥ္ထားေၾကာင္းေျပာၾကားထားၿပီးလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့၂၀၂၀ခုႏွစ္၊ဧၿပီလတုန္းကမန္ယူအသင္းေခါင္းေဆာင္မက္ဂြိဳင္းယား၊လီဗာပူးအသင္းေခါင္းေဆာင္ဟင္ဒါဆင္တို႔ဟာအျခားပရီးမီးယားလိဂ္အသင္းေခါင္းေဆာင္မ်ားႏွင့္အတူ NHS သို႔ေပါင္၄သန္းအထိလႉဒါန္းခဲ့ၿပီးလည္းျဖစ္ပါတယ္။

NHS ဟာကိုဗစ္ကာလအတြင္းတြင္ေရွ႕တန္းမွတိုက္ပြဲဝင္ခဲ့ၾကသူမ်ားျဖစ္ၿပီးၿဗိတိန္တစ္ႏိုင္ငံလုံးရဲ႕သူရဲေကာင္းမ်ားအျဖစ္သတ္မွတ္ခံေနရသူမ်ားလည္းျဖစ္ပါတယ္။