ယူရိုချန်ပီယံမျှော်လင့်ချက်ပျက်မှာစိုးလို့ ကိုဗစ်ကာကွယ်ဆေး ထိုးရန် ဘယ်လ်ဂျီယံကစားသမားများငြင်း

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှကစားသမားတစ်ဝက်လောက်ဟာကိုဗစ်ကာကွယ်ဆေးထိုးပါက Side Effects ခံစားရကာအသင်းရဲ့ယူရိုချန်ပီယံမျှော်လင့်ချက်အားထိခိုက်လာမည်ကိုစိုးကာဆေးထိုးရန်ငြင်းပယ်ခဲ့ကြကြောင်းသိရပါတယ်။

ဘယ်လ်ဂျီယံအစိုးရကယူရို၂၀၂၀ပြိုင်ပွဲမစတင်မီဘယ်လ်ဂျီယံကစားသမားများအားကိုဗစ်ကာကွယ်ဆေးထိုးရန်ခွင့်ပြုချက်ပေးလိုက်ပါတယ်။ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ကလည်း၎င်းတို့ရဲ့ပထမဆုံးနိုင်ငံတကာဆုဖလားဆွတ်ခူးနိုင်ရေးမျှော်လင့်ချက်ပြည့်ဝလာရေးအတွက်ကိုဗစ်ကာကွယ်ဆေးထိုးမှုမှာအလွန်အရေးပါနေတယ်လို့ယုံကြည်နေပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့နာမည်ကျော်ကစားသမားများဖြစ်ကြတဲ့တိုဘီအယ်လ်ဒါဝီရက်၊တီမိုသီကာစတာဂန်၊ကော့တွိုက်စ်၊သောမတ်စ်ဗာမယ်လန်တို့ကကိုဗစ်ကာကွယ်ဆေးထိုးမှုကိုလက်ခံခဲ့ကြပါတယ်။

ဒါပေမယ့်လည်းဘယ်လ်ဂျိယံကစားသမားအချို့တို့ကကိုဗစ်ကာကွယ်ဆေး Pfizar ကိုထိုးလိုက်ပါက Side Effects များခံစားရကာခြေစွမ်းအပေါ်ထိခိုက်လာမှာစိုးရိမ်တာကြောင့်ဆေးထိုးရန်ငြင်းပယ်ခဲ့ကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးရဲ့ Side Effects များတွင်မောပန်းခြင်း၊ခေါင်းကိုက်ခြင်း၊ကြွက်သားနာကျင်ခြင်း၊အရိုးအဆစ်များနာကျင်ခြင်း၊ဖျားနားခြင်းတို့ဖြစ်လေ့ရှိပါတယ်။ယင်းအကျိုးဆက်ကိုကိုဗစ်ကာကွယ်ဆေးထိုးသူ၁၀ဦးတွင်၁ဦးနှင့်အထက်ကြုံတွေ့ရလေ့ရှိပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံဟာဇွန်လ၁ရက်နေ့တုန်းကကိုဗစ်ကူးစက်သူ၁၄၉၈ခုအထိတွေ့ရှိခဲ့ပါတယ်။၎င်းတို့ဟာပြီးခဲ့တဲ့လတုန်းကမှကိုဗစ်ကန့်သတ်မှုဖြေလျှော့ခဲ့တာဖြစ်ပေမယ့်ကိုဗစ်ကူးစက်မှုများရှိနေဆဲဖြစ်တာကြောင့်အခက်တွေ့နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံရဲ့ကိုဗစ်ကာကွယ်ဆေးထိုးရေးဗျူဟာအကြီးအကဲပရော်ဖက်ဆာဒတ်ခ်ရာမဲကာကဘယ်လ်ဂျီယံကစားသမားအချို့တို့ရဲ့ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆန်မှုကိုစိုးရိမ်ရကြောင်း၊၎င်းတို့မှာယူရို၂၀၂၀ပြိုင်ပွဲပြီးမှသာလျှင်ကာကွယ်ဆေးထိုးလိုနေခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာဖီဖာကမ္ဘာ့အဆင့်နံပါတ်တစ်အသင်းအဖြစ်ရပ်တည်နေတဲ့အသင်းဖြစ်ပြီးယူရို၂၀၂၀ပြိုင်ပွဲတွင်ချန်ပီယံဖြစ်မယ့်အသင်းများထဲမှတစ်သင်းအဖြစ် သတ်မှတ်ခံထားရတဲ့အသင်းပါ။၎င်းတို့ဟာဇွန်လ၁၂ရက်နေ့မှာစိန့်ပီတာစဘတ်မှာရုရှားနှင့်စတင်ကစားရပါမယ်။

ZawGyi

ယူ႐ိုခ်န္ပီယံေမွ်ာ္လင့္ခ်က္ပ်က္မွာစိုးလို႔ ကိုဗစ္ကာကြယ္ေဆး ထိုးရန္ ဘယ္လ္ဂ်ီယံကစားသမားမ်ားျငင္း

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းမွကစားသမားတစ္ဝက္ေလာက္ဟာကိုဗစ္ကာကြယ္ေဆးထိုးပါက Side Effects ခံစားရကာအသင္းရဲ႕ယူ႐ိုခ်န္ပီယံေမွ်ာ္လင့္ခ်က္အားထိခိုက္လာမည္ကိုစိုးကာေဆးထိုးရန္ျငင္းပယ္ခဲ့ၾကေၾကာင္းသိရပါတယ္။

ဘယ္လ္ဂ်ီယံအစိုးရကယူ႐ို၂၀၂၀ၿပိဳင္ပြဲမစတင္မီဘယ္လ္ဂ်ီယံကစားသမားမ်ားအားကိုဗစ္ကာကြယ္ေဆးထိုးရန္ခြင့္ျပဳခ်က္ေပးလိုက္ပါတယ္။ဘယ္လ္ဂ်ီယံေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း၎တို႔ရဲ႕ပထမဆုံးႏိုင္ငံတကာဆုဖလားဆြတ္ခူးႏိုင္ေရးေမွ်ာ္လင့္ခ်က္ျပည့္ဝလာေရးအတြက္ကိုဗစ္ကာကြယ္ေဆးထိုးမႈမွာအလြန္အေရးပါေနတယ္လို႔ယုံၾကည္ေနပါတယ္။

ဘယ္လ္ဂ်ီယံအသင္းရဲ႕နာမည္ေက်ာ္ကစားသမားမ်ားျဖစ္ၾကတဲ့တိုဘီအယ္လ္ဒါဝီရက္၊တီမိုသီကာစတာဂန္၊ေကာ့တြိဳက္စ္၊ေသာမတ္စ္ဗာမယ္လန္တို႔ကကိုဗစ္ကာကြယ္ေဆးထိုးမႈကိုလက္ခံခဲ့ၾကပါတယ္။

ဒါေပမယ့္လည္းဘယ္လ္ဂ်ိယံကစားသမားအခ်ိဳ႕တို႔ကကိုဗစ္ကာကြယ္ေဆး Pfizar ကိုထိုးလိုက္ပါက Side Effects မ်ားခံစားရကာေျခစြမ္းအေပၚထိခိုက္လာမွာစိုးရိမ္တာေၾကာင့္ေဆးထိုးရန္ျငင္းပယ္ခဲ့ၾကပါတယ္။

ကိုဗစ္ကာကြယ္ေဆးရဲ႕ Side Effects မ်ားတြင္ေမာပန္းျခင္း၊ေခါင္းကိုက္ျခင္း၊ႂကြက္သားနာက်င္ျခင္း၊အ႐ိုးအဆစ္မ်ားနာက်င္ျခင္း၊ဖ်ားနားျခင္းတို႔ျဖစ္ေလ့ရွိပါတယ္။ယင္းအက်ိဳးဆက္ကိုကိုဗစ္ကာကြယ္ေဆးထိုးသူ၁၀ဦးတြင္၁ဦးႏွင့္အထက္ႀကဳံေတြ႕ရေလ့ရွိပါတယ္။

ဘယ္လ္ဂ်ီယံႏိုင္ငံဟာဇြန္လ၁ရက္ေန႔တုန္းကကိုဗစ္ကူးစက္သူ၁၄၉၈ခုအထိေတြ႕ရွိခဲ့ပါတယ္။၎တို႔ဟာၿပီးခဲ့တဲ့လတုန္းကမွကိုဗစ္ကန႔္သတ္မႈေျဖေလွ်ာ့ခဲ့တာျဖစ္ေပမယ့္ကိုဗစ္ကူးစက္မႈမ်ားရွိေနဆဲျဖစ္တာေၾကာင့္အခက္ေတြ႕ေနတဲ့ႏိုင္ငံတစ္ခုလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံရဲ႕ကိုဗစ္ကာကြယ္ေဆးထိုးေရးဗ်ဴဟာအႀကီးအကဲပေရာ္ဖက္ဆာဒတ္ခ္ရာမဲကာကဘယ္လ္ဂ်ီယံကစားသမားအခ်ိဳ႕တို႔ရဲ႕ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆန္မႈကိုစိုးရိမ္ရေၾကာင္း၊၎တို႔မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲၿပီးမွသာလွ်င္ကာကြယ္ေဆးထိုးလိုေနျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာဖီဖာကမာၻ႔အဆင့္နံပါတ္တစ္အသင္းအျဖစ္ရပ္တည္ေနတဲ့အသင္းျဖစ္ၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္မယ့္အသင္းမ်ားထဲမွတစ္သင္းအျဖစ္ သတ္မွတ္ခံထားရတဲ့အသင္းပါ။၎တို႔ဟာဇြန္လ၁၂ရက္ေန႔မွာစိန႔္ပီတာစဘတ္မွာ႐ုရွားႏွင့္စတင္ကစားရပါမယ္။