ယူရိုဆီမီးတွင် ဒိန်းမတ်အသင်းခေါင်းဆောင်ခီယာကို အဲရစ်ဆင်အမည်ပါ အင်္ကျီပေးသွားမည့် ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာခရစ္စတီယန်အဲရစ်ဆင်အမည်ပါဝင်ပြီးလက်မှတ်ရေးထိုးထားတဲ့အင်္ဂလန်အင်္ကျီတစ်ထည်ကိုဒိန်းမတ်အသင်းခေါင်းဆောင်ဆိုင်မွန်ခီယာထံပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာဗုဒ္ဓဟူးနေ့တွင်ကစားမယ့်ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲမတိုင်မီဒိန်းမတ်အသင်းခေါင်းဆောင်ထံပေးအပ်သွားမှာဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိအဲရစ်ဆင်ဟာဖင်လန်နှင့်ကစားရတဲ့ဒိန်းမတ်ရဲ့ယူရို၂၀၂၀အဖွင့်ပွဲစဉ်တွင်ကွင်းအတွင်းနှလုံးရပ်ကာမေ့လဲကျခဲ့သူဖြစ်ပါတယ်။

ဒိန်းမတ်ဟာအဲရစ်ဆင်ဖြစ်ရပ်ဖြစ်ပျက်ပြီးနောက်ရလဒ်ကောင်းများဆက်တိုက်ရယူထားနိုင်ပြီးဆီမီးဖိုင်နယ်သို့အထိတက်ထားနိုင်ပါတယ်။

စပါးစ်တွင်အဲရစ်ဆင်နှင့်တွဲကစားခဲ့ဖူးတဲ့ဟယ်ရီကိန်းက “အဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်သူနဲ့စကားပြောခဲ့ပါတယ်။သူ့ကိုအမြန်ဆုံးကောင်းမွန်လာဖို့လည်းဆုတောင်းပေးခဲ့ပါတယ်။သူကောင်းနေပြီလို့လည်းချက်ချင်းအကြောင်းပြန်ခဲ့ပါတယ်။ကျွန်တော်ကသူ့အတွက်တင်မကသူ့မိသားစုအတွက်ပါခံစားရတာပါ။ဗုဒ္ဓဟူးနေ့မှာကျွန်တော့်ကိုဆန့်ကျင်ပြီးသူအားပေးမှာပါ။ဒီဖြစ်ရပ်ကဒိန်းမတ်ကိုစည်းလုံးစေပြီးတွန်းအားပေးနေတာသိပါတယ်။ကျွန်တော်တို့ကလည်းကိုယ့်ကိုယ်ကိုအာရုံစိုက်ပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယူ႐ိုဆီမီးတြင္ ဒိန္းမတ္အသင္းေခါင္းေဆာင္ခီယာကို အဲရစ္ဆင္အမည္ပါ အက်ႌေပးသြားမည့္ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာခရစၥတီယန္အဲရစ္ဆင္အမည္ပါဝင္ၿပီးလက္မွတ္ေရးထိုးထားတဲ့အဂၤလန္အက်ႌတစ္ထည္ကိုဒိန္းမတ္အသင္းေခါင္းေဆာင္ဆိုင္မြန္ခီယာထံေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာဗုဒၶဟူးေန႔တြင္ကစားမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲမတိုင္မီဒိန္းမတ္အသင္းေခါင္းေဆာင္ထံေပးအပ္သြားမွာျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိအဲရစ္ဆင္ဟာဖင္လန္ႏွင့္ကစားရတဲ့ဒိန္းမတ္ရဲ႕ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္တြင္ကြင္းအတြင္းႏွလုံးရပ္ကာေမ့လဲက်ခဲ့သူျဖစ္ပါတယ္။

ဒိန္းမတ္ဟာအဲရစ္ဆင္ျဖစ္ရပ္ျဖစ္ပ်က္ၿပီးေနာက္ရလဒ္ေကာင္းမ်ားဆက္တိုက္ရယူထားႏိုင္ၿပီးဆီမီးဖိုင္နယ္သို႔အထိတက္ထားႏိုင္ပါတယ္။

စပါးစ္တြင္အဲရစ္ဆင္ႏွင့္တြဲကစားခဲ့ဖူးတဲ့ဟယ္ရီကိန္းက “အျဖစ္အပ်က္ျဖစ္ၿပီးတဲ့ေနာက္သူနဲ႔စကားေျပာခဲ့ပါတယ္။သူ႔ကိုအျမန္ဆုံးေကာင္းမြန္လာဖို႔လည္းဆုေတာင္းေပးခဲ့ပါတယ္။သူေကာင္းေနၿပီလို႔လည္းခ်က္ခ်င္းအေၾကာင္းျပန္ခဲ့ပါတယ္။ကြၽန္ေတာ္ကသူ႔အတြက္တင္မကသူ႔မိသားစုအတြက္ပါခံစားရတာပါ။ဗုဒၶဟူးေန႔မွာကြၽန္ေတာ့္ကိုဆန႔္က်င္ၿပီးသူအားေပးမွာပါ။ဒီျဖစ္ရပ္ကဒိန္းမတ္ကိုစည္းလုံးေစၿပီးတြန္းအားေပးေနတာသိပါတယ္။ကြၽန္ေတာ္တို႔ကလည္းကိုယ့္ကိုယ္ကိုအာ႐ုံစိုက္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။