ယူရိုဆီမီးသို့တက်ရောက်နိုင်ပြီးနောက် သန်းပေါင်းများစွာသော အင်္ဂလန်ပရိသတ်များ ညလုံးပေါက်အောင်ပွဲခံခဲ့ကြ

သန်းပေါင်းများစွာသောအင်္ဂလန်ပရိသတ်များဟာယူကရိန်းကို၄-၀ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်သို့ အင်္ဂလန်အသင်းတက်ရောက်သွားပြီးနောက်ညလုံးပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

အင်္ဂလန်ပရိသတ်၅၀၀၀ခန့်ဦးသာလျှင်ရောမသို့သွားရောက်ကာအင်္ဂလန်နှင့်ယူကရိန်းပွဲကိုကိုယ်တိုင်ကိုယ်ကျအားပေးခွင့်ရရှိခဲ့ပြီးသန်းပေါင်းများစွာသောပရိသတ်များကတော့စားသောက်ဆိုင်၊ပန်းခြံ၊လမ်းမများထက်တွင်ပွဲကြည့်ခဲ့ရကာအနိုင်ရရှိပြီးနောက်အရက်ဘီယာများသောက်စားကာညလုံးပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

အင်္ဂလန်အသင်းဟာယူကရိန်း၄-၀ဂိုးဖြင့်အနိုင်ရရှိကာ၂၅နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ယူရိုဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်ဟာယူရိုဆီမီးဖိုင်နယ်အဖြစ်ဝင်ဘာလေကွင်းမှာဒိန်းမတ်ကိုရင်ဆိုင်ကစားရပါမယ်။အင်္ဂလန်-ဒိန်းမတ်ပွဲကိုလာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမှာဖြစ်ပြီးပရိသတ်၆၀၀၀၀ကျော်ဝင်ရောက်ကြည့်ရှုခွင့်ရရှိပါမယ်။

ယူကရိန်းနှင့်ပွဲစဉ်တွင်အင်္ဂလန်အတွက်အနိုင်ဂိုးများကိုအသင်းခေါင်းဆောင်ဟယ်ရီကိန်းကနှစ်ဂိုး၊မက်ဂွိုင်းယားနှင့်ဟင်ဒါဆင်တို့ကတစ်ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။

ယူကရိန်းအားအနိုင်ရရှိပြီးနောက်အင်္ဂလန်နည်းပြဆောက်ဂိတ်ကအင်္ဂလန်ပရိသတ်များအားဘီယာသောက်စားကာအကြီးအကျယ်အောင်ပွဲခံပါတီပွဲပြုလုပ်ကြရန်ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်က “အိမ်မှာ(အင်္ဂလန်)ဘာတွေဖြစ်နေမယ်ဆိုတာသိပါတယ်။လက်ထဲမှာဘီယာခွက်ကိုင်ပြီးလေထဲမှာဝှေ့ယမ်းနေတာလုပ်နေပါလိမ့်မယ်။ဒါကလုပ်ကိုလုပ်ရမယ့်အရာပါ။စည်းမျဉ်းအတိုင်းလိုက်နာပြီးပါတီပွဲအကြီးအကျယ်လုပ်ပြီးအောင်ပွဲခံကြပါ”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းဟာယူကရိန်းကိုအနိုင်ရရှိကာဆီမီးဖိုင်နယ်သို့တက်ရောက်သွားမှုနဲ့အတူဘွတ်ကီဒိုင်များကအင်္ဂလန်အသင်း ယူရိုချန်ပီယံဖြစ်/မဖြစ်လောင်းကြေးဖွင့်လှစ်မှုအား၂/၁မှ၆/၄သို့လျှော့ချလိုက်ပါတယ်။

ZawGyi

ယူ႐ိုဆီမီးသို႔တက္ေရာက္ႏိုင္ၿပီးေနာက္ သန္းေပါင္းမ်ားစြာေသာ အဂၤလန္ပရိသတ္မ်ား ညလုံးေပါက္ေအာင္ပြဲခံခဲ့ၾက

သန္းေပါင္းမ်ားစြာေသာအဂၤလန္ပရိသတ္မ်ားဟာယူကရိန္းကို၄-၀ဂိုးျဖင့္အႏိုင္ရရွိကာယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္သို႔ အဂၤလန္အသင္းတက္ေရာက္သြားၿပီးေနာက္ညလုံးေပါက္ေအာင္ပြဲခံခဲ့ၾကပါတယ္။

အဂၤလန္ပရိသတ္၅၀၀၀ခန႔္ဦးသာလွ်င္ေရာမသို႔သြားေရာက္ကာအဂၤလန္ႏွင့္ယူကရိန္းပြဲကိုကိုယ္တိုင္ကိုယ္က်အားေပးခြင့္ရရွိခဲ့ၿပီးသန္းေပါင္းမ်ားစြာေသာပရိသတ္မ်ားကေတာ့စားေသာက္ဆိုင္၊ပန္းၿခံ၊လမ္းမမ်ားထက္တြင္ပြဲၾကည့္ခဲ့ရကာအႏိုင္ရရွိၿပီးေနာက္အရက္ဘီယာမ်ားေသာက္စားကာညလုံးေပါက္ေအာင္ပြဲခံခဲ့ၾကပါတယ္။

အဂၤလန္အသင္းဟာယူကရိန္း၄-၀ဂိုးျဖင့္အႏိုင္ရရွိကာ၂၅ႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ယူ႐ိုဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အဂၤလန္ဟာယူ႐ိုဆီမီးဖိုင္နယ္အျဖစ္ဝင္ဘာေလကြင္းမွာဒိန္းမတ္ကိုရင္ဆိုင္ကစားရပါမယ္။အဂၤလန္-ဒိန္းမတ္ပြဲကိုလာမယ့္ဗုဒၶဟူးေန႔မွာကစားမွာျဖစ္ၿပီးပရိသတ္၆၀၀၀၀ေက်ာ္ဝင္ေရာက္ၾကည့္ရႈခြင့္ရရွိပါမယ္။

ယူကရိန္းႏွင့္ပြဲစဥ္တြင္အဂၤလန္အတြက္အႏိုင္ဂိုးမ်ားကိုအသင္းေခါင္းေဆာင္ဟယ္ရီကိန္းကႏွစ္ဂိုး၊မက္ဂြိဳင္းယားႏွင့္ဟင္ဒါဆင္တို႔ကတစ္ဂိုးအသီးသီးသြင္းယူခဲ့ၾကပါတယ္။

ယူကရိန္းအားအႏိုင္ရရွိၿပီးေနာက္အဂၤလန္နည္းျပေဆာက္ဂိတ္ကအဂၤလန္ပရိသတ္မ်ားအားဘီယာေသာက္စားကာအႀကီးအက်ယ္ေအာင္ပြဲခံပါတီပြဲျပဳလုပ္ၾကရန္ေျပာၾကားခဲ့ပါတယ္။

ေဆာက္ဂိတ္က “အိမ္မွာ(အဂၤလန္)ဘာေတြျဖစ္ေနမယ္ဆိုတာသိပါတယ္။လက္ထဲမွာဘီယာခြက္ကိုင္ၿပီးေလထဲမွာေဝွ႔ယမ္းေနတာလုပ္ေနပါလိမ့္မယ္။ဒါကလုပ္ကိုလုပ္ရမယ့္အရာပါ။စည္းမ်ဥ္းအတိုင္းလိုက္နာၿပီးပါတီပြဲအႀကီးအက်ယ္လုပ္ၿပီးေအာင္ပြဲခံၾကပါ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္အသင္းဟာယူကရိန္းကိုအႏိုင္ရရွိကာဆီမီးဖိုင္နယ္သို႔တက္ေရာက္သြားမႈနဲ႔အတူဘြတ္ကီဒိုင္မ်ားကအဂၤလန္အသင္း ယူ႐ိုခ်န္ပီယံျဖစ္/မျဖစ္ေလာင္းေၾကးဖြင့္လွစ္မႈအား၂/၁မွ၆/၄သို႔ေလွ်ာ့ခ်လိုက္ပါတယ္။