ယူရိုတွင် ခြေစွမ်းပြနေတဲ့ ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူနှစ်ဦးကို ရှဝိန်းစတိုင်ဂါပြောကြားလာ

ဘာစတီယန်ရှဝိန်းစတိုင်ဂါကအီတလီရဲ့ဗဟိုနောက်ခံလူများဖြစ်ကြတဲ့လီယိုနာဒိုဘိုနုချီနှင့်ဂျော့ဂျီယိုချီရယ်လီနီတို့မှာကမ္ဘာ့အကောင်းဆုံးနောက်ခံလူများဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဘိုနုချီနှင့်ချီရယ်လီနီတို့ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အီတလီအသင်းနှင့်အတူခြေစွမ်းပြနေပြီးဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးထားပါတယ်။

ချီရယ်လီနီဟာဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ကလပ်လက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။သူဟာဆွစ်ဇာလန်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဒဏ်ရာရရှိပြီးနောက်ဝေးလ်၊ဩစတြီးယားတို့နှင့်ပွဲစဉ်များကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာသောကြာနေ့တုန်းကဘယ်လ်ဂျီယံအားအနိုင်ရရှိတဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွင်ပြန်ကစားနိုင်ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဘိုနုချီမှာမူအီတလီရဲ့ပွဲတိုင်းကစားနေသူဖြစ်ပြီးချီရယ်လီနီအနားယူနေရစဉ်အတွင်းအီတလီအသင်းခေါင်းဆောင်အဖြစ်ကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

ရှဝိန်းစတိုင်ဂါက “ဘိုနုချီနဲ့ချီရယ်လီနီတို့ကလက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူနှစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

အီတလီအသင်းဟာယနေ့ညမှာစပိန်အသင်းနှင့်ယူရို၂၀၂၀ဆီမီးဖိုင်နယ်ပွဲကစားရပါမယ်။

ZawGyi

ယူ႐ိုတြင္ ေျခစြမ္းျပေနတဲ့ ကမာၻ႔အေကာင္းဆုံးဗဟိုေနာက္ခံလူႏွစ္ဦးကို ရွဝိန္းစတိုင္ဂါေျပာၾကားလာ

ဘာစတီယန္ရွဝိန္းစတိုင္ဂါကအီတလီရဲ႕ဗဟိုေနာက္ခံလူမ်ားျဖစ္ၾကတဲ့လီယိုနာဒိုဘိုႏုခ်ီႏွင့္ေဂ်ာ့ဂ်ီယိုခ်ီရယ္လီနီတို႔မွာကမာၻ႔အေကာင္းဆုံးေနာက္ခံလူမ်ားျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘိုႏုခ်ီႏွင့္ခ်ီရယ္လီနီတို႔ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အီတလီအသင္းႏွင့္အတူေျခစြမ္းျပေနၿပီးဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးထားပါတယ္။

ခ်ီရယ္လီနီဟာဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။သူဟာဆြစ္ဇာလန္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဒဏ္ရာရရွိၿပီးေနာက္ေဝးလ္၊ဩစႀတီးယားတို႔ႏွင့္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာေသာၾကာေန႔တုန္းကဘယ္လ္ဂ်ီယံအားအႏိုင္ရရွိတဲ့ကြာတားဖိုင္နယ္ပြဲစဥ္တြင္ျပန္ကစားႏိုင္ၿပီးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ဘိုႏုခ်ီမွာမူအီတလီရဲ႕ပြဲတိုင္းကစားေနသူျဖစ္ၿပီးခ်ီရယ္လီနီအနားယူေနရစဥ္အတြင္းအီတလီအသင္းေခါင္းေဆာင္အျဖစ္ကစားခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

ရွဝိန္းစတိုင္ဂါက “ဘိုႏုခ်ီနဲ႔ခ်ီရယ္လီနီတို႔ကလက္ရွိကမာၻ႔အေကာင္းဆုံးေနာက္ခံလူႏွစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

အီတလီအသင္းဟာယေန႔ညမွာစပိန္အသင္းႏွင့္ယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္ပြဲကစားရပါမယ္။