ယူရိုနှင့်အိုလံပစ်ပြိုင်ပွဲဆက်တိုက်ကစားပြီး ရက်အနည်းငယ်အကြာမှာ ဘာစီလိုနာနှင့်ပူးပေါင်းလာမယ့် ပီဒရီ

ပီဒရီဟာစပိန်အသင်းနှင့်အတူအိုလံပစ်ပြိုင်ပွဲနှင့်ယူရို၂၀၂၀ပြိုင်ပွဲတို့ကိုဆက်တိုက်ကစားခဲ့ရပြီးနောက်ရက်အနည်းငယ်သာအနားယူကာယခုအပတ်မှာဘာစီလိုနာအသင်းနှင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့ကွင်းလယ်ကစားသမားပီဒရီဟာစပိန်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲကစားပြီးနောက်ရက်အနည်းငယ်အကြာတွင်စပိန်အိုလံပစ်အသင်းနှင့်ပူးပေါင်းကာ ဝင်ရောက်ကစားခဲ့ပြီးအိုလံပစ်ငွေတံဆိပ်ဆုရရှိအောင်ကူညီခဲ့ပါတယ်။

ဘာစီလိုနာစတားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘာစီလိုနာနှင့်အတူအဓိကကစားသမားအဖြစ်ကစားပြီးနောက်စပိန်အသင်းနှင့်ပူးပေါင်းခဲ့ရတဲ့အပြင်ယင်းမှတစ်ဆင့်စပိန်အိုလံပစ်အသင်းနှင့်ထပ်မံကစားခဲ့ရကာနားချိန်အပြည့်အဝမရခဲ့ပါဘူး။

ဒါပေမယ့်လည်းပီဒရီဟာစပိန်နှင့်အတူအိုလံပစ်ပြိုင်ပွဲကစားပြီးတစ်ပတ်ခန့်သာအနားယူခဲ့ကာယခုအပတ်တွင်ဘာစီလိုနာအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းသွားတော့မှာဖြစ်ပါတယ်။

ပီဒရီဟာ၂၀၂၀-၂၁ဘောလုံးရာသီအစမှအိုလံပစ်ပြိုင်ပွဲအထိစုစုပေါင်း၇၃ပွဲအထိကစားခဲ့ရပါတယ်။အဆိုပါပွဲပမာဏမှာအသက်၁၈နှစ်အရွယ်လူငယ်ကစားသမားတစ်ဦးအတွက်အလွန်များပြားလွန်းလှတဲ့ပွဲပမဏလည်းဖြစ်ပါတယ်။

ZawGyi

ယူ႐ိုႏွင့္အိုလံပစ္ၿပိဳင္ပြဲဆက္တိုက္ကစားၿပီး ရက္အနည္းငယ္အၾကာမွာ ဘာစီလိုနာႏွင့္ပူးေပါင္းလာမယ့္ ပီဒရီ

ပီဒရီဟာစပိန္အသင္းႏွင့္အတူအိုလံပစ္ၿပိဳင္ပြဲႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတို႔ကိုဆက္တိုက္ကစားခဲ့ရၿပီးေနာက္ရက္အနည္းငယ္သာအနားယူကာယခုအပတ္မွာဘာစီလိုနာအသင္းႏွင့္ပူးေပါင္းသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၁၈ႏွစ္အ႐ြယ္သာရွိေသးတဲ့ကြင္းလယ္ကစားသမားပီဒရီဟာစပိန္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္စပိန္အိုလံပစ္အသင္းႏွင့္ပူးေပါင္းကာ ဝင္ေရာက္ကစားခဲ့ၿပီးအိုလံပစ္ေငြတံဆိပ္ဆုရရွိေအာင္ကူညီခဲ့ပါတယ္။

ဘာစီလိုနာစတားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘာစီလိုနာႏွင့္အတူအဓိကကစားသမားအျဖစ္ကစားၿပီးေနာက္စပိန္အသင္းႏွင့္ပူးေပါင္းခဲ့ရတဲ့အျပင္ယင္းမွတစ္ဆင့္စပိန္အိုလံပစ္အသင္းႏွင့္ထပ္မံကစားခဲ့ရကာနားခ်ိန္အျပည့္အဝမရခဲ့ပါဘူး။

ဒါေပမယ့္လည္းပီဒရီဟာစပိန္ႏွင့္အတူအိုလံပစ္ၿပိဳင္ပြဲကစားၿပီးတစ္ပတ္ခန႔္သာအနားယူခဲ့ကာယခုအပတ္တြင္ဘာစီလိုနာအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းသြားေတာ့မွာျဖစ္ပါတယ္။

ပီဒရီဟာ၂၀၂၀-၂၁ေဘာလုံးရာသီအစမွအိုလံပစ္ၿပိဳင္ပြဲအထိစုစုေပါင္း၇၃ပြဲအထိကစားခဲ့ရပါတယ္။အဆိုပါပြဲပမာဏမွာအသက္၁၈ႏွစ္အ႐ြယ္လူငယ္ကစားသမားတစ္ဦးအတြက္အလြန္မ်ားျပားလြန္းလွတဲ့ပြဲပမဏလည္းျဖစ္ပါတယ္။