ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် ဂရန်နာဒါနှင့်ရင်ဆိုင်ကစားရမယ့် သရဲနီ

မန်ယူဟာယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်တွင်စပိန်ကလပ်ဂရန်နာဒါနှင့်ရင်ဆိုင်ကစားရမှာပြီး အာဆင်နယ်အသင်းမှာလည်းဆလားဗီးယားပရက်နှင့်ရင်ဆိုင်တွေ့နေပါတယ်။

တစ်ဖက်တွင်ဒတ်ချ်ထိပ်သီးအေဂျက်စ်အသင်းမှာရိုးမားနှင့်လည်းကောင်း၊ဒိုင်နမိုဇာဂရက်မှာဗီလာရီးရဲလ်နှင့်လည်းကောင်းရင်ဆိုင်ကစားရပါမယ်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင်ဂရန်နာဒါ-မန်ယူပွဲစဉ်မှအနိုင်ရရှိတဲ့အသင်းနှင့်အေဂျက်စ်-ရိုးမားပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းနှင့်လည်းကောင်း၊ဒိုင်နမိုဇာဂရက်-ဗီလာရီးရဲလ်ပွဲစဉ်မှအနိုင် ရရှိတဲ့အသင်းမှာအာဆင် နယ်-ဆလားဗီးယားပရက်တို့ပွဲစဉ်မှအနိုင်ရရှိတဲ့အသင်း နှင့်ရင်ဆိုင်ကစားရပါမယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များကိုဧပြီလ၈ရက်နေ့နှင့်ဧပြီလ၁၅ရက်နေ့တို့တွင်အသီးသီးရင်ဆိုင် ကစားရပါမယ်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကိုဧပြီလ၂၉ရက်နေ့နှင့်မေလ၆ရက်နေ့တို့တွင်ရင်ဆိုင်ကစားရပါမယ်။

ယင်းသို့မဲခွဲမှုအခြေအနေကြောင့်မန်ယူအသင်းဟာယူရိုပါလိဂ်ဗိုလ်လုပွဲတွင်အာဆင်နယ်အသင်းနှင့်ရင်ဆိုင်ရမယ့်အခြေအနေမှာရှိနေပါတယ်။ယူရိုပါလိဂ်ဗိုလ်လုပွဲကိုမေလ၂၆ရက်နေ့မှာပိုလန်နိုင်ငံ၊ Gdansk မှာကစားသွားပါမယ်။

ZawGyi

ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္တြင္ ဂရန္နာဒါႏွင့္ရင္ဆိုင္ကစားရမယ့္ သရဲနီ

မန္ယူဟာယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္တြင္စပိန္ကလပ္ဂရန္နာဒါႏွင့္ရင္ဆိုင္ကစားရမွာၿပီး အာဆင္နယ္အသင္းမွာလည္းဆလားဗီးယားပရက္ႏွင့္ရင္ဆိုင္ေတြ႕ေနပါတယ္။

တစ္ဖက္တြင္ဒတ္ခ်္ထိပ္သီးေအဂ်က္စ္အသင္းမွာ႐ိုးမားႏွင့္လည္းေကာင္း၊ဒိုင္နမိုဇာဂရက္မွာဗီလာရီးရဲလ္ႏွင့္လည္းေကာင္းရင္ဆိုင္ကစားရပါမယ္။

ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အဆင့္တြင္ဂရန္နာဒါ-မန္ယူပြဲစဥ္မွအႏိုင္ရရွိတဲ့အသင္းႏွင့္ေအဂ်က္စ္-႐ိုးမားပြဲစဥ္မွ အႏိုင္ရရွိတဲ့အသင္းႏွင့္လည္းေကာင္း၊ဒိုင္နမိုဇာဂရက္-ဗီလာရီးရဲလ္ပြဲစဥ္မွအႏိုင္ ရရွိတဲ့အသင္းမွာအာဆင္ နယ္-ဆလားဗီးယားပရက္တို႔ပြဲစဥ္မွအႏိုင္ရရွိတဲ့အသင္း ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္မ်ားကိုဧၿပီလ၈ရက္ေန႔ႏွင့္ဧၿပီလ၁၅ရက္ေန႔တို႔တြင္အသီးသီးရင္ဆိုင္ ကစားရပါမယ္။

ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္မ်ားကိုဧၿပီလ၂၉ရက္ေန႔ႏွင့္ေမလ၆ရက္ေန႔တို႔တြင္ရင္ဆိုင္ကစားရပါမယ္။

ယင္းသို႔မဲခြဲမႈအေျခအေနေၾကာင့္မန္ယူအသင္းဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္အာဆင္နယ္အသင္းႏွင့္ရင္ဆိုင္ရမယ့္အေျခအေနမွာရွိေနပါတယ္။ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုေမလ၂၆ရက္ေန႔မွာပိုလန္ႏိုင္ငံ၊ Gdansk မွာကစားသြားပါမယ္။