
မန်ချက်စတာယူနိုက်တက်ဟာယူရိုပါလိဂ်ပလေးအော့ဖ်ပွဲစဉ်ကြောင့် လာမယ့်နှစ်အတွက်ပွဲစဉ်ဇယားဖန်တီးရန်ခက်ခဲနေပါတယ်။
ယူနိုက်တက်ဟာရွှေ့ဆိုင်းထားရတဲ့ ခရစ္စတယ်ပဲလေ့စ်၊လိဒ်တို့နှင့်ပွဲစဉ်ကိုပြန်လည်ကစားမယ့်ရက်ရှာဖွေမရဖြစ်နေသေးတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာယူရိုပါလိဂ်အုပ်စုတွင်းတွင် အုပ်စုဒုတိယအဖြစ်သာရပ်တည်နိုင်မှုကြောင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရေးအတွက်ပလေးအော့ဖ်ပွဲစဉ်အဖြစ်ချန်ပီယံလိဂ်မှထွက်ခွာလာခဲ့တဲ့အသင်းများနှင့်ရင်ဆိုင်ရပါမယ်။
ဒါကြောင့်လည်းယူနိုက်တက်ဟာပလေးအော့ဖ်အဆင့်တွင်အေဂျက်စ်၊လေဗာကူဆင်၊ဘာစီလိုနာ၊စပို့တင်းလစ္စဘွန်း၊ရက်ဘူးလ်ဆဲလ်ဘတ်၊ရှက်တာဒိုးနက်စ်၊ဆီဗီလာ၊ဂျူဗင်တပ်တို့မှတစ်သင်းသင်းနှင့်ပလေးအော့ဖ်ကစားရပါမယ်။
ယင်းပလေးအော့ဖ်ပွဲစဉ်များကိုဖေဖော်ဝါရီလ၁၄ရက်နေ့တွင်စတင်ကစားရပါမယ်။
ယင်းသို့ပွဲပိုကစားလာရမှာဖြစ်တာကြောင့်ယူနိုက်တက်ဟာခရစ္စတယ်ပဲလေ့စ်၊လိဒ်တို့နှင့်ကစားရမယ့်ပွဲများအတွက်ပြန်ကစားရမယ့်ပြန်လည်သတ်မှတ်နိုင်ရေးခက်ခဲနေပါတယ်။
အဆိုပါပရီးမီးယားလိဂ်ပွဲနှစ်ပွဲတို့မှာ ဘုရင်မကြီးကွယ်လွန်သွားပြီးနောက်ရွှေ့ဆိုင်းလိုက်ရတဲ့ပွဲများဖြစ်ပါတယ်။
ယူနိုက်တက်ဟာယူရိုပါလိဂ်တွင်နောက်တဆင့်တက်မှုနှင့်အတူ ကြားရက်ပွဲစဉ်ပြည့်နှက်နေပါတယ်။ဒါ့အပြင်အက်ဖ်အေဖလားပွဲစဉ်များကလည်းရှိနေပါသေးတယ်။
ယင်းသို့အခြေအနေကြောင့်ယူနိုက်တက်ဟာလာမယ့်ဖေဖော်ဝါရီလနောက်ပိုင်းတွင်မှရှုံးထွက်ဖလားပြိုင်ပွဲများမှအခြေအနေအပေါ်မူတည်ကာ ပရီးမီးယားလိဂ်ပွဲနှစ်ပွဲပြန်ကစားမယ့်ကိုပြန်လည်သတ်မှတ်လာနိုင်ဖို့ရှိပါတယ်။
ZawGyi
ယူရိုပါလိဂ်ပလေးအော့ဖ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲများကို ပြန်ကန်မယ့်ရက် မစီစဉ်နိုင်သေးတဲ့ ယူနိုက်တက်