ယူရိုပါလိဂ်ပလေးအော့ဖ်အဆင့်တွင် ဘာစီလိုနာနှင့်ထိပ်တိုက်တွေ့ဆုံကာ အိပ်မက်ဆိုးကြုံနေရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရေးအတွက်ဘာစီလိုနာကိုအနိုင်ယူရေးအစွမ်းကုန်ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပလေးအော့ဖ်တွင်စပိန်ထိပ်သီးနှင့်ထိပ်တိုက်တွေ့နေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာအုပ်စုအဆင့်တွင်ဆိုစီဒက်နောက်အုပ်စုဒုတိယနေရာတွင်ရပ်တည်နေမှုနှင့်အတူ ၁၆သင်းရှုံးထွက်အဆင့်သို့တိုက်ရိုက်တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။

အဲရစ်တန်ဟက်ဟာအသင်းဟောင်းအေဂျက်စ်နှင့်ထိပ်တိုက်မဆုံတွေ့ခဲ့ပေမဲ့ ဖြတ်ကျော်ရခက်ခဲမဲ့ဘာစီလိုနာနှင့်ရင်ဆိုင်လာပါမယ်။

ယူရိုပါလိဂ်၁၆သင်းအဆင့်သို့တက်ရောက်ရေးပလေးအော့ဖ်တွင်ဂျူဗင်တပ်နှင့်နန့်တက်စ်၊စပို့တင်းလစ္စဘွန်းနှင့်မက်ဂျီလန်း၊ရှက်တာဒိုးနက်စ်နှင့်ရန်းနက်စ်၊အေဂျက်စ်နှင့်ယူနီယံဘာလင်၊လေဗာကူဆင်နှင့်မိုနာကို၊ဆီဗီလာနှင့်ပီအက်စ်ဗွီ၊ဆဲလ်ဘတ်နှင့်ရိုးမားတို့ထိပ်တိုက်တွေ့နေပါတယ်။

ZawGyi





